ဘင်ဖီကာနှင့်ပွဲစဉ်ကို ပီအက်စ်ဂျီစူပါစတားလီယွန်နယ်မက်ဆီလွဲချော်

လီယွန်နယ်မက်ဆီဟာယနေ့ညတွင်ဘင်ဖီကာနှင့်ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အားခြေသလုံးဒဏ်ရာကြောင့်လွဲချော်ပါမယ်။

အာဂျင်တီးနားစူပါစတားဟာပြီးခဲ့တဲ့အပတ်တုန်းကပေါ်တူဂီတွင်ဘင်ဖီကာနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်ခြေသလုံးဒဏ်ရာရရှိခဲ့ပါတယ်။

အသက်၃၅နှစ်ရှိဘာစီလိုနာစတားဟောင်းဟာယင်းဒဏ်ရာကြောင့်စနေနေ့တုန်းကရိမ်းစ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ပါတယ်။

တကယ်တော့ဘင်ဖီကာနှင့်ပွဲစဉ်ကို ပီအက်စ်ဂျီအသင်းမှလွဲချော်မှာကမက်ဆီတစ်ဦးတည်းမဟုတ်ပါဘူး။ရီနာတိုဆန်းချက်စ်၊နူနိုမန်ဒက်စ်၊ပရက်စ်နယ်ကမ်ပမ်ဘီတို့မှာလည်းလွဲချော်ကြပါမယ်။

ZawGyi




