ဘင်ဖီကာဥက္ကဌသစ်အဖြစ် ရူအီကော်စတာရွေးချယ်ခြင်းခံရ

အေစီမီလန်နှင့်ဖီအိုရင်တီးနားစတားဟောင်းရူအီကော်စတာဟာပေါ်တူဂီထိပ်သီးဘင်ဖီကာဥက္ကဌသစ်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ပေါ်တူဂီလက်ရွေးစင်ဟာယနေ့ကျင်းပတဲ့ဘင်ဖီကာဥက္ကဌရွေးကောက်ပွဲတွင်ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

စီးရီးအေတွင်၁၂ရာသီကြာကျင်လည်ခဲ့ဖူးတဲ့ရူအီကော်စတာဟာဘင်ဖီကာတွင်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီး၂၀၂၅ခုနှစ်အထိဘင်ဖီကာဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်သွားရပါမယ်။

သူဟာ၁၉၉၄ခုနှစ်တွင်ဘင်ဖီကာအကယ်ဒမီတွင်ကစားသမားဘဝစတင်ခဲ့ပြီး၁၉၉၄ခုနှစ်တွင်ဖီအိုရင်တီးနားသို့ပြောင်းခဲ့ပြီးယင်းတွင်၇ရာသီကြာကစားပြီးနောက်အေစီမီလန်သို့ပြောင်းခဲ့ကာဘင်ဖီကာတွင်ကစားသမားဘဝကုန်ဆုံးခဲ့ပါတယ်။

သူဟာအေစီမီလန်အသင်းမှာ၂၀၀၂-၀၃ရာသီတွင်ချန်ပီယံလိဂ်ဖလားနှင့်၂၀၀၃-၀၄တွင်စီးရီးအေဖလားဆွတ်ခူးခဲ့ပါတယ်။

ZawGyi




