ဘင်ဝှိုက်ကို ပေါင်သန်း ၅၀ ဖြင့်ခေါ်ယူရန် အာဆင်နယ်သဘောတူညီမှုရရှိ

အာဆင်နယ်ဟာဘင်ဝှိုက်အားခေါ်ယူရန် ဘရိုက်တန်နှင့်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။အာဆင်နယ်ဟာဘင်ဝှိုက်အတွက်ဘရိုက်တန်တောင်းဆိုတဲ့ပြောင်းရွှေ့ကြေးပေါင်သန်း၅၀အထိပေးရန်ဆုံးဖြတ်လိုက်မှုကြောင့်သဘောတူညီမှုရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာအစောပိုင်းတုန်းကဘင်ဝှိုက်အတွက်ပေါင်သန်း၄၀ ဖြင့်တစ်ကြိမ်၊ ပေါင်၄၂သန်းဖြင့်တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်းဘရိုက်တန်ရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။

ယခုအခါအာဆင်နယ်ဟာချဲလ်ဆီးအသင်းကကြားဖြတ်ခေါ်ယူရန်ကြိုးပမ်းလာမှုနဲ့အတူ ဘရိုက်တန်တောင်းတဲ့ကြေးအတိုင်းပေါင်သန်း၅၀ဖြင့်ကမ်းလှမ်းလိုက်ကာသဘောတူညီမှုရရှိသွားခဲ့ပါတယ်။

အသက်၂၃နှစ်ရှိအင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာဗြိတိန်ရဲ့ပြောင်းရွှေ့ကြေးအမြင့်မားဆုံးနောက်ခံလူများထဲမှတစ်ဦးဖြစ်လာပါမယ်။

သူဟာအာဆင်နယ်နှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရယူထားပြီးဖြစ်ကာငါးနှစ်စာချုပ်ချုပ်ဆိုဖို့ရှိပါတယ်။

သူဟာလက်ရှိအချိန်တွင်အပန်းဖြေခရီးထွက်နေပြီးပြန်ရောက်လာချိန်တွင်ဆေးစစ်မှုခံယူကာအာဆင်နယ်သို့ပြောင်းရေးအပြီးသတ်လုပ်ဆောင်ပါမယ်။

ZawGyi

ဘင္ဝႈိက္ကို ေပါင္သန္း ၅၀ ျဖင့္ေခၚယူရန္ အာဆင္နယ္သေဘာတူညီမႈရရွိ

အာဆင္နယ္ဟာဘင္ဝႈိက္အားေခၚယူရန္ ဘ႐ိုက္တန္ႏွင့္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။အာဆင္နယ္ဟာဘင္ဝႈိက္အတြက္ဘ႐ိုက္တန္ေတာင္းဆိုတဲ့ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၅၀အထိေပးရန္ဆုံးျဖတ္လိုက္မႈေၾကာင့္သေဘာတူညီမႈရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာအေစာပိုင္းတုန္းကဘင္ဝႈိက္အတြက္ေပါင္သန္း၄၀ ျဖင့္တစ္ႀကိမ္၊ ေပါင္၄၂သန္းျဖင့္တစ္ႀကိမ္ ႏွစ္ႀကိမ္တိုင္တိုင္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေသာ္လည္းဘ႐ိုက္တန္ရဲ႕ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

ယခုအခါအာဆင္နယ္ဟာခ်ဲလ္ဆီးအသင္းကၾကားျဖတ္ေခၚယူရန္ႀကိဳးပမ္းလာမႈနဲ႔အတူ ဘ႐ိုက္တန္ေတာင္းတဲ့ေၾကးအတိုင္းေပါင္သန္း၅၀ျဖင့္ကမ္းလွမ္းလိုက္ကာသေဘာတူညီမႈရရွိသြားခဲ့ပါတယ္။

အသက္၂၃ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူဟာၿဗိတိန္ရဲ႕ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံးေနာက္ခံလူမ်ားထဲမွတစ္ဦးျဖစ္လာပါမယ္။

သူဟာအာဆင္နယ္ႏွင့္ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရယူထားၿပီးျဖစ္ကာငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ရွိပါတယ္။

သူဟာလက္ရွိအခ်ိန္တြင္အပန္းေျဖခရီးထြက္ေနၿပီးျပန္ေရာက္လာခ်ိန္တြင္ေဆးစစ္မႈခံယူကာအာဆင္နယ္သို႔ေျပာင္းေရးအၿပီးသတ္လုပ္ေဆာင္ပါမယ္။