ဘင်းဖော်စတာရဲ့ GoPro ကင်မရာရှေ့မှာ အောင်ပွဲခံခဲ့တဲ့ ဆွမ်စီးစတားဂျာမယ်လိုဝီ

ဂျာမယ်လိုဝီဟာဝက်ဖို့ဒ်နှင့်ပွဲစဉ်မှာချေပဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ဝက်ဖို့ဒ်ဂိုးသမားဘင်းဖော်စတာရဲ့ GoPro ကင်မရာရှေ့သို့လာရောက်ကာအောင်ပွဲခံခဲ့ရပါတယ်။

ဘင်းဖော်စတာဟာသူ့ရဲ့ YouTube Channel အတွက် ဂိုးပိုက်နားမှာ GoPro ကင်မရာထောင်ကာ ဗီဒီယိုမှတ်တမ်း တင်ရိုက်ကူးမှုပြုလုပ်နေသူလည်းဖြစ်ပါတယ်။

သူဟာယင်းဗီဒီယိုများကို သူ့ရဲ့YouTube Channel ဖြစ်တဲ့ The Cycling GK မှာ တင်ကာကြည့်ရှုသူသန်းချီရှိနေပါတယ်။

လိုဝီဟာပထမပိုင်းပြီးခါနီးမှာဆွမ်စီးအတွက်ချေပဂိုးသွင်းယူပြီးနောက် ဘင်းဖော်စတာရဲ့GoPro ကင်မရာရှေ့သို့ သွားကာအောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။

လီုဝီဟာလာမယ့်ဘင်ဖော်စတာရဲ့ YouTube ဗီဒီယိုဖိုင်မှာ ပါဝင်လာဖို့သေချာနေပြီဖြစ်ပါတယ်။

ဝက်ဖို့ဒ်ဟာတွမ်ကလီဗာလေးရဲ့မိနစ်၂၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်လိုဝီကပထမပိုင်းမပြီးခင်မှာဘဲဆွမ်စီးအ တွက်ချေပဂိုးသွင်းခဲ့ပါတယ်။ပို့စ်မောက်နှင့်ဝီဂန်တောင်ပံကစားသမားဟောင်းဟာဒုတိယပိုင်းမှာဆွမ်စီးအတွက် အနိုင်ဂိုးကိုထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ဆွမ်စီးပရိသတ်များဟာလိုဝီရဲ့အောင်ပွဲခံမှုအပေါ်အားရကျေနပ်နေကြပါတယ်။

ZawGyi

ဘင္းေဖာ္စတာရဲ႕ GoPro ကင္မရာေရွ႕မွာ ေအာင္ပြဲခံခဲ့တဲ့ ဆြမ္စီးစတားဂ်ာမယ္လိုဝီ

ဂ်ာမယ္လိုဝီဟာဝက္ဖို႔ဒ္ႏွင့္ပြဲစဥ္မွာေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ဝက္ဖို႔ဒ္ဂိုးသမားဘင္းေဖာ္စတာရဲ႕ GoPro ကင္မရာေရွ႕သို႔လာေရာက္ကာေအာင္ပြဲခံခဲ့ရပါတယ္။

ဘင္းေဖာ္စတာဟာသူ႔ရဲ႕ YouTube Channel အတြက္ ဂိုးပိုက္နားမွာ GoPro ကင္မရာေထာင္ကာ ဗီဒီယိုမွတ္တမ္း တင္႐ိုက္ကူးမႈျပဳလုပ္ေနသူလည္းျဖစ္ပါတယ္။

သူဟာယင္းဗီဒီယိုမ်ားကို သူ႔ရဲ႕YouTube Channel ျဖစ္တဲ့ The Cycling GK မွာ တင္ကာၾကည့္ရႈသူသန္းခ်ီရွိေနပါတယ္။

လိုဝီဟာပထမပိုင္းၿပီးခါနီးမွာဆြမ္စီးအတြက္ေခ်ပဂိုးသြင္းယူၿပီးေနာက္ ဘင္းေဖာ္စတာရဲ႕GoPro ကင္မရာေရွ႕သို႔ သြားကာေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။

လီုဝီဟာလာမယ့္ဘင္ေဖာ္စတာရဲ႕ YouTube ဗီဒီယိုဖိုင္မွာ ပါဝင္လာဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။

ဝက္ဖို႔ဒ္ဟာတြမ္ကလီဗာေလးရဲ႕မိနစ္၂၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လိုဝီကပထမပိုင္းမၿပီးခင္မွာဘဲဆြမ္စီးအ တြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ပို႔စ္ေမာက္ႏွင့္ဝီဂန္ေတာင္ပံကစားသမားေဟာင္းဟာဒုတိယပိုင္းမွာဆြမ္စီးအတြက္ အႏိုင္ဂိုးကိုထပ္မံသြင္းယူႏိုင္ခဲ့ပါတယ္။

ဆြမ္စီးပရိသတ္မ်ားဟာလိုဝီရဲ႕ေအာင္ပြဲခံမႈအေပၚအားရေက်နပ္ေနၾကပါတယ္။