ဘဏ္ဍရေးပြဿနာကြုံနေချိန်မှာ လစာ ယူရို ၁ သိန်း အထိတိုးတောင်းလာတဲ့ ဘာစီလိုနာကစားသမားတစ်ဦး

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာအကြပ်ဆိုက်မှုကြောင့်အခက်အခဲများစွာကြုံနေတဲ့အချိန်တွင်လုပ်ခယူရို၁သိန်းအထိတိုးတောင်းလာတဲ့ကစားသမားအားအကြီးအကျယ်ဒေါသထွက်နေပါတယ်။

ဘာစီလိုနာဟာကြွေးမြီယူရို၁ဘီလီယံကျော်တင်ရှိနေပြီးအသုံးစရိတ်ကန့်သတ်ခြင်းခံထားရကာကလပ်ဂန္ထဝင်ကစားသမားလီယွန်နယ်မက်ဆီအားဆုံးရှုံးထားရပါတယ်။

ယင်းသို့အခြေအနေကြောင့်ပီကေးအပါအဝင်ဘာစီလိုနာစီနီယာကစားသမားများဟာလုပ်ခလျှော့ယူခြင်း၊ရွှေ့ဆိုင်းပေးခြင်းတို့ပြုလုပ်ကာကလပ်ကိုကူညီလျက်ရှိကြပါတယ်။

ဒါပေမယ့်အသက်၁၈နှစ်အရွယ်ရှိလိုက်စ်မိုရီဘာကတော့လုပ်ခတိုးတောင်းလျက်ရှိပေါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘာစီလိုနာပထမအသင်းသို့ရောက်လာတဲ့မိုရီဘာဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်အတွက် တစ်ပတ်လုပ်ခယူရို၁သိန်းအထိတောင်းဆိုနေပါတယ်။

လိုက်စ်မိုရီဘာဟာဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုနေမှုနဲ့အတူအရန်အသင်းသို့ပို့ခြင်းခံထားရပါတယ်။

ဘာစီလိုနာနည်းပြကိုးမန်းက “လိုက်စ်လား။သူနဲ့လွန်ခဲ့တဲ့နှစ်ပတ်သုံးပတ်တုန်းကစကားပြောခဲ့တယ်။နည်းပြတစ်ဦးဆိုတာထက်လူသားတစ်ဦးအနေနဲ့စကားပြောခဲ့တာပါ။သူ့အခြေအနေကဆိုးလွန်းတယ်။သူ့အသက်က၁၈နှစ်ပဲရှိပါသေးတယ်။သူကကလပ်ရဲ့အနာဂတ်ပါ။ကလပ်ကလည်းသူ့ကိုချစ်ပါတယ်။ကျွန်တော်ကတော့ငွေကအရေးမကြီးဘူးလို့သူ့ကိုပြောခဲ့ပါတယ်။သူနဲ့သူ့အေးဂျင့်အပေါ်မှာတော့စိတ်ပျက်မိတာအမှန်ပါပဲ။ဘောလုံးမှာငွေထက်အရေးကြီးတာတွေရှိပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာစာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုနေတဲ့မိုရီဘာကိုယခုနွေရာသီတွင်ရောင်းချသွားဖို့ရှိနေပါတယ်။လက်ရှိအချိန်တွင်မိုရီဘာကိုခေါ်ယူရန်ရီးရဲလ်မက်ဒရစ်၊မန်ယူတို့ကစိတ်ဝင်စားနေပါတယ်။

ZawGyi

ဘ႑ေရးျပႆနာႀကဳံေနခ်ိန္မွာ လစာ ယူ႐ို ၁ သိန္း အထိတိုးေတာင္းလာတဲ့ ဘာစီလိုနာကစားသမားတစ္ဦး

ဘာစီလိုနာဟာဘ႑ာေရးျပႆနာအၾကပ္ဆိုက္မႈေၾကာင့္အခက္အခဲမ်ားစြာႀကဳံေနတဲ့အခ်ိန္တြင္လုပ္ခယူ႐ို၁သိန္းအထိတိုးေတာင္းလာတဲ့ကစားသမားအားအႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီယူ႐ို၁ဘီလီယံေက်ာ္တင္ရွိေနၿပီးအသုံးစရိတ္ကန႔္သတ္ျခင္းခံထားရကာကလပ္ဂႏၴဝင္ကစားသမားလီယြန္နယ္မက္ဆီအားဆုံးရႈံးထားရပါတယ္။

ယင္းသို႔အေျခအေနေၾကာင့္ပီေကးအပါအဝင္ဘာစီလိုနာစီနီယာကစားသမားမ်ားဟာလုပ္ခေလွ်ာ့ယူျခင္း၊ေ႐ႊ႕ဆိုင္းေပးျခင္းတို႔ျပဳလုပ္ကာကလပ္ကိုကူညီလ်က္ရွိၾကပါတယ္။

ဒါေပမယ့္အသက္၁၈ႏွစ္အ႐ြယ္ရွိလိုက္စ္မိုရီဘာကေတာ့လုပ္ခတိုးေတာင္းလ်က္ရွိေပါတယ္။ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘာစီလိုနာပထမအသင္းသို႔ေရာက္လာတဲ့မိုရီဘာဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္အတြက္ တစ္ပတ္လုပ္ခယူ႐ို၁သိန္းအထိေတာင္းဆိုေနပါတယ္။

လိုက္စ္မိုရီဘာဟာဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ျငင္းဆိုေနမႈနဲ႔အတူအရန္အသင္းသို႔ပို႔ျခင္းခံထားရပါတယ္။

ဘာစီလိုနာနည္းျပကိုးမန္းက “လိုက္စ္လား။သူနဲ႔လြန္ခဲ့တဲ့ႏွစ္ပတ္သုံးပတ္တုန္းကစကားေျပာခဲ့တယ္။နည္းျပတစ္ဦးဆိုတာထက္လူသားတစ္ဦးအေနနဲ႔စကားေျပာခဲ့တာပါ။သူ႔အေျခအေနကဆိုးလြန္းတယ္။သူ႔အသက္က၁၈ႏွစ္ပဲရွိပါေသးတယ္။သူကကလပ္ရဲ႕အနာဂတ္ပါ။ကလပ္ကလည္းသူ႔ကိုခ်စ္ပါတယ္။ကြၽန္ေတာ္ကေတာ့ေငြကအေရးမႀကီးဘူးလို႔သူ႔ကိုေျပာခဲ့ပါတယ္။သူနဲ႔သူ႔ေအးဂ်င့္အေပၚမွာေတာ့စိတ္ပ်က္မိတာအမွန္ပါပဲ။ေဘာလုံးမွာေငြထက္အေရးႀကီးတာေတြရွိပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ျငင္းဆိုေနတဲ့မိုရီဘာကိုယခုေႏြရာသီတြင္ေရာင္းခ်သြားဖို႔ရွိေနပါတယ္။လက္ရွိအခ်ိန္တြင္မိုရီဘာကိုေခၚယူရန္ရီးရဲလ္မက္ဒရစ္၊မန္ယူတို႔ကစိတ္ဝင္စားေနပါတယ္။