ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် စွဲချက်တင်ခံရပြီးနောက် ပရီးမီးယားလိဂ်ကို မန်စီးတီးပရိသတ်များတုံ့ပြန်လာ

မန်စီးတီးပရိသတ်များဟာအက်စတွန်ဗီလာနှင့်ပွဲစဉ်မတိုင်မီပရီးမီးယားလိဂ်သီချင်းဖွင့်ချိန်တွင်အကြီးအကျယ်ကျယ်လောင်စွာလောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

မန်စီးတီးပရိသတ်များဟာဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုများကြောင့်ပရီးမီးယားလိဂ်ရဲ့စွဲချက်တင်ခြင်းခံလာရပြီးနောက်ပရီးမီးယားလိဂ်အားအထက်ပါအတိုင်းတုံ့ပြန်လာခဲ့ကြတာလည်းဖြစ်ပါတယ်။

အီတီဟတ်ကွင်းပွဲစဉ်တွင်မန်စီးတီးပရိသတ်များဟာပရီးမီးယားလိဂ်သီချင်းဖွင့်ချိန်တွင်လှောင်ပြောင်ခဲ့သလို’CITEH, CITEH, CITEH! လို့အော်ဟစ်ခဲ့ကြပါတယ်။

မန်စီးတီးပရိသတ်များဟာလည်း၂၀၂၀ခုနှစ်တုန်းကယူအီးအက်ဖ်အေရဲ့ချန်ပီယံလိဂ်ဝင်ခွင့်နှစ်နှစ်ပိတ်ပင်ခြင်းခံရပြီးနောက်ချန်ပီယံလိဂ်သီချင်းဖွင့်ချိန်တွင်လှောင်ပြောင်မှုများပြုလုပ်ခဲ့ကြဖူးပါတယ်။

၎င်းတို့ဟာမနေ့ညတုန်းကအက်စတွန်ဗီလာကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက်ပရီးမီးယားလိဂ်ရဲ့စွဲတင်မှုအား ဂရုမစိုက်ကြောင်းပြသတဲ့ဆိုင်းဘုတ်များကိုလည်းကိုင်စွဲခဲ့ကြပါတယ်။

မန်စီးတီးဟာဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့်စွဲချက်တစ်ရာကျော်အတင်ခံထားရပြီးအမှတ်လျှော့ခံရခြင်း၊ပရီးမီးယားလိဂ်မှတန်းချခံရခြင်း၊ချန်ပီယံဘွဲ့ရုတ်သိမ်းခံရခြင်းတို့ကြုံလာရနိုင်ပါတယ်။

ZawGyi

ဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္ စြဲခ်က္တင္ခံရၿပီးေနာက္ ပရီးမီးယားလိဂ္ကို မန္စီးတီးပရိသတ္မ်ားတုံ႔ျပန္လာ

မန္စီးတီးပရိသတ္မ်ားဟာအက္စတြန္ဗီလာႏွင့္ပြဲစဥ္မတိုင္မီပရီးမီးယားလိဂ္သီခ်င္းဖြင့္ခ်ိန္တြင္အႀကီးအက်ယ္က်ယ္ေလာင္စြာေလာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

မန္စီးတီးပရိသတ္မ်ားဟာဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈမ်ားေၾကာင့္ပရီးမီးယားလိဂ္ရဲ႕စြဲခ်က္တင္ျခင္းခံလာရၿပီးေနာက္ပရီးမီးယားလိဂ္အားအထက္ပါအတိုင္းတုံ႔ျပန္လာခဲ့ၾကတာလည္းျဖစ္ပါတယ္။

အီတီဟတ္ကြင္းပြဲစဥ္တြင္မန္စီးတီးပရိသတ္မ်ားဟာပရီးမီးယားလိဂ္သီခ်င္းဖြင့္ခ်ိန္တြင္ေလွာင္ေျပာင္ခဲ့သလို’CITEH, CITEH, CITEH! လို႔ေအာ္ဟစ္ခဲ့ၾကပါတယ္။

မန္စီးတီးပရိသတ္မ်ားဟာလည္း၂၀၂၀ခုႏွစ္တုန္းကယူအီးအက္ဖ္ေအရဲ႕ခ်န္ပီယံလိဂ္ဝင္ခြင့္ႏွစ္ႏွစ္ပိတ္ပင္ျခင္းခံရၿပီးေနာက္ခ်န္ပီယံလိဂ္သီခ်င္းဖြင့္ခ်ိန္တြင္ေလွာင္ေျပာင္မႈမ်ားျပဳလုပ္ခဲ့ၾကဖူးပါတယ္။

၎တို႔ဟာမေန႔ညတုန္းကအက္စတြန္ဗီလာကို၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္ပရီးမီးယားလိဂ္ရဲ႕စြဲတင္မႈအား ဂ႐ုမစိုက္ေၾကာင္းျပသတဲ့ဆိုင္းဘုတ္မ်ားကိုလည္းကိုင္စြဲခဲ့ၾကပါတယ္။

မန္စီးတီးဟာဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္စြဲခ်က္တစ္ရာေက်ာ္အတင္ခံထားရၿပီးအမွတ္ေလွ်ာ့ခံရျခင္း၊ပရီးမီးယားလိဂ္မွတန္းခ်ခံရျခင္း၊ခ်န္ပီယံဘြဲ႕႐ုတ္သိမ္းခံရျခင္းတို႔ႀကဳံလာရႏိုင္ပါတယ္။