ဘဏ္ဍာရေးစည်းမျဉ်းတစ်ရာကျော်ချိုးဖောက်မှုကြောင့် အရေးယူခြင်းမခံရမီ မန်စီးတီးမှ ထွက်ခွာလာမဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြဂွါဒီယိုလာဟာဘဏ္ဍာရေးစည်းမျဉ်းတစ်ရာကျော်ကိုချိုးဖောက်မှုကြောင့်မန်စီးတီးအသင်း အရေးယူခြင်းမခံရမီကလပ်မှထွက်ခွာလာဖို့ရှိနေပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟာတနင်္လာနေ့တုန်းကဘဏ္ဍာရေးစည်းမျဉ်းတစ်ရာကျော်တို့ကိုချိုးဖောက်မှုအတွက်ပရီးမီးယားလိဂ်ရဲ့စွဲချက်တင်ခြင်းခံခဲ့ရပါတယ်။

မန်စီးတီးဟာကလပ်ဝင်ငွေအချက်အလက်များကိုအသေးစိတ်မဖော်ပြခြင်း၊နည်းပြနှင့်ကစားသမားတို့ရဲ့လုပ်ခကိုအတိအကျမဖော်ပြခြင်း၊အမြတ်ငွေဆိုင်ရာအချက်အလက်များ၊စုံစမ်းစစ်ဆေးမှုတွင်ပူးပေါင်းပါဝင်မှုမရှိခြင်း၊ရေရှည်တည်တန့်အောင်မလုပ်ခြင်းစတဲ့အချက်တို့ဖြင့်စွဲချက်တင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးဟာဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့်အမှတ်လျှော့ခံရခြင်း၊တန်းချခြင်း၊ချန်ပီယံဘွဲ့လွဲပြောင်းပေးရခြင်းစတဲ့ပြစ်ဒဏ်များချမှတ်ခံလာရနိုင်ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကဂွါဒီယိုလာက ကလပ်ရဲ့ဘဏ္ဍာရေးကိစ္စရပ်များနှင့်ပတ်သက်ပြီးသူ့ကိုလိမ်လည်လာပါကထွက်ခွာမယ်လို့ပြောဆိုခဲ့ဖူးပါတယ်။

ထိုစဉ်တုန်းကဂွါဒီယိုလာက “သူတို့ကိုပြောပြီးသား။တကယ်လို့ကျုပ်ကိုလိမ်ခဲ့တယ်ဆိုရင်တော့ဒီမှာရှိနေမှာမဟုတ်ဘူးလို့”လို့ပြောကြားခဲ့ပါတယ်။

ယခု The Athletic ရဲ့ဖော်ပြမှုအရဂွါဒီယိုလာဟာမန်စီးတီးသာဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့်အရေးယူခြင်းမခံရမီတွင်ပင်နည်းပြရာထူးမှထွက်ခွာလာဖို့ရှိနေကြောင်းသိရပါတယ်။

တဖက်တွင် The Lawer ရဲ့ဖော်ပြချက်အရမန်စီးတီးဟာသူတို့ရဲ့အမှုကိုကိုင်တွယ်ဖြေရှင်းရန်အတွက်နာမည်ကျော်ရှေ့နေ လော့ခ်ပန်နစ်ခ်ကေစီကိုငှားရမ်းထားကြောင်းသိရပါတယ်။လော့ခ်ပန်နစ်ခ်ဟာသူ့မျိုးဆက်ထဲတွင်ဘဏ္ဍာရေးကိစ္စရပ်များနှင့်ပတ်သက်ပြီးအမှုလိုက်ရာတွင်အတော်ဆုံးရှေ့နေအဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

ZawGyi

ဘ႑ာေရးစည္းမ်ဥ္းတစ္ရာေက်ာ္ခ်ိဳးေဖာက္မႈေၾကာင့္ အေရးယူျခင္းမခံရမီ မန္စီးတီးမွ ထြက္ခြာလာမဲ့ ဂြါဒီယိုလာ

မန္စီးတီးနည္းျပဂြါဒီယိုလာဟာဘ႑ာေရးစည္းမ်ဥ္းတစ္ရာေက်ာ္ကိုခ်ိဳးေဖာက္မႈေၾကာင့္မန္စီးတီးအသင္း အေရးယူျခင္းမခံရမီကလပ္မွထြက္ခြာလာဖို႔ရွိေနပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံဟာတနလၤာေန႔တုန္းကဘ႑ာေရးစည္းမ်ဥ္းတစ္ရာေက်ာ္တို႔ကိုခ်ိဳးေဖာက္မႈအတြက္ပရီးမီးယားလိဂ္ရဲ႕စြဲခ်က္တင္ျခင္းခံခဲ့ရပါတယ္။

မန္စီးတီးဟာကလပ္ဝင္ေငြအခ်က္အလက္မ်ားကိုအေသးစိတ္မေဖာ္ျပျခင္း၊နည္းျပႏွင့္ကစားသမားတို႔ရဲ႕လုပ္ခကိုအတိအက်မေဖာ္ျပျခင္း၊အျမတ္ေငြဆိုင္ရာအခ်က္အလက္မ်ား၊စုံစမ္းစစ္ေဆးမႈတြင္ပူးေပါင္းပါဝင္မႈမရွိျခင္း၊ေရရွည္တည္တန႔္ေအာင္မလုပ္ျခင္းစတဲ့အခ်က္တို႔ျဖင့္စြဲခ်က္တင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မန္စီးတီးဟာဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္အမွတ္ေလွ်ာ့ခံရျခင္း၊တန္းခ်ျခင္း၊ခ်န္ပီယံဘြဲ႕လြဲေျပာင္းေပးရျခင္းစတဲ့ျပစ္ဒဏ္မ်ားခ်မွတ္ခံလာရႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ေမလတုန္းကဂြါဒီယိုလာက ကလပ္ရဲ႕ဘ႑ာေရးကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီးသူ႔ကိုလိမ္လည္လာပါကထြက္ခြာမယ္လို႔ေျပာဆိုခဲ့ဖူးပါတယ္။

ထိုစဥ္တုန္းကဂြါဒီယိုလာက “သူတို႔ကိုေျပာၿပီးသား။တကယ္လို႔က်ဳပ္ကိုလိမ္ခဲ့တယ္ဆိုရင္ေတာ့ဒီမွာရွိေနမွာမဟုတ္ဘူးလို႔”လို႔ေျပာၾကားခဲ့ပါတယ္။

ယခု The Athletic ရဲ႕ေဖာ္ျပမႈအရဂြါဒီယိုလာဟာမန္စီးတီးသာဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္အေရးယူျခင္းမခံရမီတြင္ပင္နည္းျပရာထူးမွထြက္ခြာလာဖို႔ရွိေနေၾကာင္းသိရပါတယ္။

တဖက္တြင္ The Lawer ရဲ႕ေဖာ္ျပခ်က္အရမန္စီးတီးဟာသူတို႔ရဲ႕အမႈကိုကိုင္တြယ္ေျဖရွင္းရန္အတြက္နာမည္ေက်ာ္ေရွ႕ေန ေလာ့ခ္ပန္နစ္ခ္ေကစီကိုငွားရမ္းထားေၾကာင္းသိရပါတယ္။ေလာ့ခ္ပန္နစ္ခ္ဟာသူ႔မ်ိဳးဆက္ထဲတြင္ဘ႑ာေရးကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီးအမႈလိုက္ရာတြင္အေတာ္ဆုံးေရွ႕ေနအျဖစ္သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။