ဘဏ္ဍာရေးပြဿနာကြုံရတဲ့အထိဖြစ်လာနိုင်လို့ ကွန်တီအား ခန့်အပ်ရေး စပါးစ် လက်လျှော့လိုက်ပြီ

စပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းဟာကလပ်ကိုဘဏ္ဍရေးပြဿနာများစွာကြုံဆုံရနိုင်တဲ့အထိတောင်းဆိုမှုများပြုလုပ်လာမှုကြောင့်အန်တိုနီယိုကွန်တီအားနည်းပြအဖြစ်ခန့်အပ်ရေးအပေါ်လက်လျှော့လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

လီဗိုင်းဟာချဲလ်ဆီးနည်းပြဟောင်းအန်တိုနီယိုကွန်တီအားနည်းပြသစ်အဖြစ်ခန့်အပ်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်စပါးစ်ဥက္ကဌကအီတလီလူမျိုးနည်းပြရဲ့တောင်းဆိုမှုများကိုလိုက်လျောပါကကလပ်မှာဘဏ္ဍာရေးပြဿနာကြီးမားစွာကြုံရနိုင်တဲ့အထိဖြစ်လာနိုင်တာကြောင့်ရုတ်သိမ်းလိုက်ပါတယ်။

လီဗိုင်းကအကယ်ဒမီထွက်ကစားသမားများဖြင့်ကလပ်ကိုတည်ဆောက်လိုနေပါတယ်။အခြားတစ်ဖက်မှာအန်တိုနီယိုကွန်တီကအကယ်ဒမီထွက်ကစားသမားများကိုဦးစားပေးအသုံးပြုလေ့ရှိတဲ့နည်းပြမဟုတ်ပါဘူး။

ဒါ့အပြင်ကွန်တီဟာစပါးစ်နည်းပြရာထူးအတွက်တစ်နှစ်လုပ်ခပေါင်၁၅သန်းတောင်းဆိုတဲ့အပြင်ကစားသမားသစ်ခေါ်ယူအားဖြည့်ရန်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ပေးရန်လည်းတောင်းဆိုခဲ့ပါတယ်။

စပါးစ်ဟာကွင်းတည်ဆောက်မှုအတွက်ပေါင်၁ဘီလီယံကိုပေးချေနေရဆဲဖြစ်သလိုကိုဗစ်ကြောင့်ငွေအကြပ်ရိုက်နေစဉ်အတွင်းပေါင်သန်း၁၅၀လည်းချေးသုံးထားရပါတယ်။

ယင်းသို့အခြေအနေကြောင့်လီဗိုင်းကကွန်တီရဲ့တောင်းဆိုမှုများကိုလိုက်ပါကကလပ်မှာဘဏ္ဍာရေးပြဿနာများနှင့်ရင်ဆိုင်ရနိုင်တယ်လို့ယုံကြည်ကာလက်လျှော့လိုက်တာလည်းဖြစ်ပါတယ်။

ZawGyi

ဘ႑ာေရးျပႆနာႀကဳံရတဲ့အထိျဖစ္လာႏိုင္လို႔ ကြန္တီအား ခန႔္အပ္ေရး စပါးစ္ လက္ေလွ်ာ့လိုက္ၿပီ

စပါးစ္ဥကၠဌဒါနီရယ္လီဗိုင္းဟာကလပ္ကိုဘ႑ေရးျပႆနာမ်ားစြာႀကဳံဆုံရႏိုင္တဲ့အထိေတာင္းဆိုမႈမ်ားျပဳလုပ္လာမႈေၾကာင့္အန္တိုနီယိုကြန္တီအားနည္းျပအျဖစ္ခန႔္အပ္ေရးအေပၚလက္ေလွ်ာ့လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

လီဗိုင္းဟာခ်ဲလ္ဆီးနည္းျပေဟာင္းအန္တိုနီယိုကြန္တီအားနည္းျပသစ္အျဖစ္ခန႔္အပ္ရန္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

ဒါေပမယ့္စပါးစ္ဥကၠဌကအီတလီလူမ်ိဳးနည္းျပရဲ႕ေတာင္းဆိုမႈမ်ားကိုလိုက္ေလ်ာပါကကလပ္မွာဘ႑ာေရးျပႆနာႀကီးမားစြာႀကဳံရႏိုင္တဲ့အထိျဖစ္လာႏိုင္တာေၾကာင့္႐ုတ္သိမ္းလိုက္ပါတယ္။

လီဗိုင္းကအကယ္ဒမီထြက္ကစားသမားမ်ားျဖင့္ကလပ္ကိုတည္ေဆာက္လိုေနပါတယ္။အျခားတစ္ဖက္မွာအန္တိုနီယိုကြန္တီကအကယ္ဒမီထြက္ကစားသမားမ်ားကိုဦးစားေပးအသုံးျပဳေလ့ရွိတဲ့နည္းျပမဟုတ္ပါဘူး။

ဒါ့အျပင္ကြန္တီဟာစပါးစ္နည္းျပရာထူးအတြက္တစ္ႏွစ္လုပ္ခေပါင္၁၅သန္းေတာင္းဆိုတဲ့အျပင္ကစားသမားသစ္ေခၚယူအားျဖည့္ရန္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ေပးရန္လည္းေတာင္းဆိုခဲ့ပါတယ္။

စပါးစ္ဟာကြင္းတည္ေဆာက္မႈအတြက္ေပါင္၁ဘီလီယံကိုေပးေခ်ေနရဆဲျဖစ္သလိုကိုဗစ္ေၾကာင့္ေငြအၾကပ္႐ိုက္ေနစဥ္အတြင္းေပါင္သန္း၁၅၀လည္းေခ်းသုံးထားရပါတယ္။

ယင္းသို႔အေျခအေနေၾကာင့္လီဗိုင္းကကြန္တီရဲ႕ေတာင္းဆိုမႈမ်ားကိုလိုက္ပါကကလပ္မွာဘ႑ာေရးျပႆနာမ်ားႏွင့္ရင္ဆိုင္ရႏိုင္တယ္လို႔ယုံၾကည္ကာလက္ေလွ်ာ့လိုက္တာလည္းျဖစ္ပါတယ္။