ဘဏ္ဍာရေးပြဿနာကြောင့် စတားကစားသမားနှစ်ဦးကို လုပ်ခလျှော့ယူစေလိုနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာအသင်းရဲ့ဘဏ္ဍာရေးပြဿနာကြီးထွားလာမှုနဲ့အတူစတားကစားသမားများဖြစ်ကြတဲ့အန်တိုနီယိုဂရက်ဇ်မန်းနှင့်ဖီးလစ်ပီကော်တင်ဟိုတို့ကိုလုပ်ခလျှော့ယူစေလိုလျက်ရှိကြောင်းသိရပါတယ်။

ယခုလအစောပိုင်းတုန်းကဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာကအသင်းတွင်ကြွေးမြီပေါင်၁.၁ဘီလီယံရှိကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းလီယွန်နယ်မက်ဆီဟာလာလီဂါကဘာစီလိုနာအားဘဏ္ဍာရေးကန့်သတ်လိုက်မှုကြောင့်စာချုပ်သစ်မချုပ်ဆိုနိုင်ဘဲထွက်ခွာခဲ့ရပါတယ်။

ဘာစီလိုနာဟာအသင်းခေါင်းဆောင်လေးဦးမှတစ်ဦးဖြစ်တဲ့ဂါရတ်ပီကေးရဲ့လုပ်ခများစွာလျှော့ယူမှုကြောင့်အသစ်ခေါ်ယူထားတဲ့ကစားသမားများအားလာလီဂါရာသီသစ်အမီကစားသမားမှတ်ပုံတင်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာရဲ့ကျန်အသင်းခေါင်းဆောင်များကြတဲ့ဂျော်ဒီအယ်ဘာ၊ဆာဂျီယိုဘက်စကွက်၊ဆာဂျီရောဘတ်တိုတို့ဟာလည်းလုပ်ခလျှော့ယူရန်ဆွေးနွေးနေကြပါတယ်။

ယနေ့တွင်ကက်တလန်အခြေစိုက်မီဒီယာများရဲ့ဖော်ပြချက်အရဘာစီလိုနာအရအခြားကစားသမားများကိုလည်းလုပ်ခလျှော့ချနိုင်ရေးအတွက်လုပ်ဆောင်လာကြောင်းသိရပါတယ်။

ဘာစီလိုနာဘက်ကလုပ်ခလျှော့ယူရေးကြိုးပမ်းမယ့်ကစားသမားများထဲတွင်လုပ်ခများစွာရရှိနေတဲ့ဂရက်ဇ်မန်းနှင့်ကော်တင်ဟိုတို့ထိပ်ဆုံးမှပါဝင်နေပါတယ်။

ပြင်သစ်စတားဂရက်ဇ်မန်းမှာတစ်ပတ်လုပ်ခပေါင်၃၄၅၀၀၀ ရရှိနေသူဖြစ်ပြီးဖီးလစ်ပီကော်တင်ဟိုမှာလည်းတစ်ပတ်လုပ်ခပေါင်၁၄၆၀၀၀ရရှိနေသူဖြစ်ပါတယ်။

ZawGyi

ဘ႑ာေရးျပႆနာေၾကာင့္ စတားကစားသမားႏွစ္ဦးကို လုပ္ခေလွ်ာ့ယူေစလိုေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာအသင္းရဲ႕ဘ႑ာေရးျပႆနာႀကီးထြားလာမႈနဲ႔အတူစတားကစားသမားမ်ားျဖစ္ၾကတဲ့အန္တိုနီယိုဂရက္ဇ္မန္းႏွင့္ဖီးလစ္ပီေကာ္တင္ဟိုတို႔ကိုလုပ္ခေလွ်ာ့ယူေစလိုလ်က္ရွိေၾကာင္းသိရပါတယ္။

ယခုလအေစာပိုင္းတုန္းကဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာကအသင္းတြင္ေႂကြးၿမီေပါင္၁.၁ဘီလီယံရွိေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။

ဘာစီလိုနာအသင္းေခါင္းေဆာင္ေဟာင္းလီယြန္နယ္မက္ဆီဟာလာလီဂါကဘာစီလိုနာအားဘ႑ာေရးကန႔္သတ္လိုက္မႈေၾကာင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ဘဲထြက္ခြာခဲ့ရပါတယ္။

ဘာစီလိုနာဟာအသင္းေခါင္းေဆာင္ေလးဦးမွတစ္ဦးျဖစ္တဲ့ဂါရတ္ပီေကးရဲ႕လုပ္ခမ်ားစြာေလွ်ာ့ယူမႈေၾကာင့္အသစ္ေခၚယူထားတဲ့ကစားသမားမ်ားအားလာလီဂါရာသီသစ္အမီကစားသမားမွတ္ပုံတင္ႏိုင္ခဲ့ပါတယ္။

ဘာစီလိုနာရဲ႕က်န္အသင္းေခါင္းေဆာင္မ်ားၾကတဲ့ေဂ်ာ္ဒီအယ္ဘာ၊ဆာဂ်ီယိုဘက္စကြက္၊ဆာဂ်ီေရာဘတ္တိုတို႔ဟာလည္းလုပ္ခေလွ်ာ့ယူရန္ေဆြးေႏြးေနၾကပါတယ္။

ယေန႔တြင္ကက္တလန္အေျခစိုက္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာအရအျခားကစားသမားမ်ားကိုလည္းလုပ္ခေလွ်ာ့ခ်ႏိုင္ေရးအတြက္လုပ္ေဆာင္လာေၾကာင္းသိရပါတယ္။

ဘာစီလိုနာဘက္ကလုပ္ခေလွ်ာ့ယူေရးႀကိဳးပမ္းမယ့္ကစားသမားမ်ားထဲတြင္လုပ္ခမ်ားစြာရရွိေနတဲ့ဂရက္ဇ္မန္းႏွင့္ေကာ္တင္ဟိုတို႔ထိပ္ဆုံးမွပါဝင္ေနပါတယ္။

ျပင္သစ္စတားဂရက္ဇ္မန္းမွာတစ္ပတ္လုပ္ခေပါင္၃၄၅၀၀၀ ရရွိေနသူျဖစ္ၿပီးဖီးလစ္ပီေကာ္တင္ဟိုမွာလည္းတစ္ပတ္လုပ္ခေပါင္၁၄၆၀၀၀ရရွိေနသူျဖစ္ပါတယ္။