ဒရိုင်ဘာရဲ့GPS မှားရိုက်မှုကြောင့် အခြားမြို့သို့ ရောက်သွားကာ Coupe de France ထွက်ခဲ့ရတဲ့ ကလပ်

ပြင်သစ်မှဘောလုံးအသင်းတစ်သင်းဟာ အသင်းဘတ်စ်ကားဒရိုင်ဘာက GPS တွင်လိပ်စာမှားယွင်းရိုက်မှုကြောင့် အခြားမြို့တစ်မြို့သို့ရောက်ရှိသွားခဲ့ပြီးပွဲသို့ နောက်ကျမှရောက်ရှိမှုနဲ့အတူဖလားပြိုင်ပွဲတစ်ခုမှထွက်ခွာခဲ့ရပါတယ်။

၂၀၀၆ခုနှစ်တုန်းကတည်ထောင်ခဲ့တဲ့တာဘက်စ်အသင်းဟာပြင်သစ်ဆဌမတန်းတွင်ကစားနေတဲ့အသင်းဖြစ်ပြီး Coupe de France ဖလားပြိုင်ပွဲတွင် Vabres-L’Abbayeအက်ဘာယီနှင့်ရင်ဆိုင်ရပါတယ်။

Coupe de France စတုတ္ထအဆင့်ပွဲကို Vabres-L’Abbes ရဲ့အိမ်ကွင်းရှိရာပြင်သစ်တောင်ပိုင်းတွင်ကစားခဲ့ပါတယ်။ဒါပေမယ့်တာဗက်စ်အသင်းရဲ့ကားမောင်းဒရိုင်ဘာဟာ GPS တွင်လိပ်စာမှားယွင်းရိုက်မှုနဲ့အတူ ပွဲကစားရမယ့်နေရာသို့မရောက်ခဲ့ဘဲအခြားမြို့တစ်မြို့သို့ ရောက်သွားခဲ့မှုနဲ့အတူပြိုင်ပွဲသို့နောက်ကျမှရောက်ခဲ့ပါတယ်။

၎င်းတို့ဟာ ဘတ်စ်ကားဒရိုင်ဘာကGPS လိပ်စာမတော်တဆမှားယွင်းရိုက်မှုကြောင့် ပွဲကစားရမယ့်မြို့သို့မရောက်ဘဲ ဗာဘရီသို့ရောက်သွားခဲ့ပြီး တကယ်သွားရမယ့်မြို့နှင့် ကီလိုမီတာ၉၀အကွာသို့ရောက်သွားခဲ့ပါတယ်။

ဒါကြောင့်လည်းတာဘက်စ်အသင်းဟာပွဲကစားရမယ့်အချက်ထက်နောက်ကျပြီးမှရောက်ရှိလာမှုနဲ့ Coupe de France ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။

ZawGyi





