ဘန်ကောက်သို့ ရောက်လာပြီးနောက် ယူနိုက်တက်ကို ထိုးနှက်လာတဲ့ ကလော့ပ်
လီဗာပူးဟာဘန်ကောက်သို့ရောက်လာပြီးနောက်ထောင်ချီတဲ့လီဗာပူးပရိသတ်များရဲ့ကြိုဆိုခြင်းခံခဲ့ရပါတယ်။ယင်းသို့ထောင်ချီတဲ့ပရိသတ်များရဲ့ကြိုဆိုခြင်းခံရမှုနဲ့အတူလီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ၎င်းတို့ထက်တစ်နေ့ကြိုပြီးရောက်နှင့်နေတဲ့မန်ချက်စတာယူနိုက်တက်ကိုတိုက်ခိုက်မှုပြုလုပ်လာပါတယ်။
ကလော့ပ်နှင့်လီဗာပူးကစားသမားတို့ကိုဘန်ကောက်ရှိ ထောင်ချီတဲ့ပရိသတ်များကကြိုဆိုခဲ့ကြပါတယ်။လီဗာပူးပရိသတ်များဟာလေဆိပ်တွင်လည်းကောင်း၊အသင်းတည်းခိုရာဟိုတယ်တွင်လည်းကောင်းကြိုဆိုခဲ့ကြပါတယ်။
ကလော့ပ်က “ကျွန်တော့်မှာပထမဆုံးမေးခွန်းမေးစရာရှိတယ်။မနေ့ကမန်ချက်စတာ(ယူနိုက်တက်)ရောက်လာတုန်းကလည်းဒီလိုပဲလား”လို့ ပရိသတ်များကို မေးမြန်းခဲ့ကြပါတယ်။
ထိုအခါပရိသတ်များက “နိုးနိုး”လို့ တုံ့ပြန်ခဲ့ကြပါတယ်။ယူနိုက်တက်ဟာလည်းစနေနေ့တုန်းကဘန်ကောက်သို့ရောက်ရှိလာစဉ်ပရိသတ်များရဲ့ကြိုဆိုခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ ရာချီတဲ့ပရိသတ်များသာလာရောက်ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။
လီဗာပူးနှင့်ယူနိုက်တက်တို့ဟာအင်္ဂါနေ့တွင်ဘန်ကောက်ရှိရာဇမင်္ဂလာကွင်းတွင်ခြေစမ်းပွဲကစားသွားပါမယ်။ယင်းပွဲမှာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ရဲ့ပထမဆုံးယူနိုက်တက်ကိုကိုင်တွယ်တဲ့ပွဲဖြစ်လာပါမယ်။
ဆက်လက်ပြီး ကလော့ပ်က “မန်ချက်စတာယူနိုက်တက်။နည်းပြသစ်ရောက်နေတယ်။ကျွန်တော်တို့ထက်ပိုပြီးတော့ လေ့ကျင့်တာကြာနေပြီ။အခုအချိန်မှာကျွန်တော်တို့ထက်ပိုကောင်းချင်ကောင်းနေနိုင်တယ်။ယူနိုက်တက်နဲ့ရင်ဆိုင်ရမှာဆိုတော့အရေးပါတဲ့စမ်းသပ်မှုဖြစ်လာပါမယ်။ပြီးတော့ကျွန်တော်တို့နှစ်သင်းတွေ့ဆုံတုန်းဘယ်တုန်းကမှခြေစမ်းပွဲဆိုပြီးမကစားကြပါဘူး”လို့ပြောကြားသွားပါတယ်။
ZawGyi