
ကာရမ်ဘန်ဇီးမားရဲ့ပြင်သစ်အသင်းတွင်ပြဿနာတက်မှုနဲ့ပတ်သက်ပြီးသတင်းအချက်အလက်သစ်ထပ်မံထွက်ပေါ်လာပါတယ်။ယခုထွက်ပေါ်လာတဲ့အချက်အလက်သစ်အရရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟာပြင်သစ်အသင်းရဲ့အဓိကကစားသမားအချို့တို့နှင့်ပြဿနာတက်ခဲ့ကြောင်းလည်းသိရပါတယ်။
ပြင်သစ်ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအရှုံးကိုတဖြည်းဖြည်းပျောက်အောင်ကုသနေရပေမဲ့လည်းဘန်ဇီးမားရဲ့ပြင်သစ်အသင်းပြဿနာကတော့လူပြောများနေတုန်းဖြစ်ပါတယ်။
၂၀၂၂ခုနှစ် Ballon d’Or ဆုရှင်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်ကိုဦးဆောင်လာမယ်လို့ယူဆခဲ့ရပေမဲ့ပြိုင်ပွဲမတိုင်မီရက်အနည်းငယ်အလိုတွင်ဒဏ်ရာကြောင့်နုတ်ထွက်ခဲ့ရပါတယ်။
သူဟာဗိုလ်လုပွဲမတိုင်မီကြံ့ခိုင်မှုပြည့်ဝလာခဲ့ပေမဲ့လည်းဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုရန်ပြင်သစ်သမ္မတရဲ့ဖိတ်ကြားမှုကိုငြင်းဆိုခဲ့ပါတယ်။
အစောပိုင်းသတင်းများအရဘန်ဇီးမားဟာဒဏ်ရာကိုသုံးရက်သာကုသမှုခံယူရန်လိုအပ်ပေမဲ့လည်း နည်းပြဒီဒီယာဒက်ချမ့်ကအိမ်သို့အတင်းစေလွှတ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။
ယနေ့တွင်စပိန်သတင်းစာ AS ရဲ့ဖော်ပြလာမှုအရဘန်ဇီးမားနှင့်အန်တိုနီဂရက်ဇ်မန်းတို့အကြားအတ္တခြင်းပြိုင်ခဲ့ကြကြောင်းလည်းသိရပါတယ်။
ဂရက်ဇ်မန်းဟာပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခြေစွမ်းပြကစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့ AS ရဲ့ဖော်ပြချက်အရသူဟာဘန်ဇီးမားရဲ့ဆိုရှယ်မီဒီယာပေါ်တွင်အောင်မြင်မှုကိုမနာလိုမရှုစိမ့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
သူဟာဆိုရှယ်မီဒီယာတွင်ပြင်သစ်နှင့်ပတ်သက်ပြီးတင်လာပို့စ်များတွင်ဘန်ဇီးမားကိုအလေးထားဖော်ပြနေမှုအပေါ်မနာလိုဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။သူဟာယင်းဖြစ်ရပ်ကိုပြင်သစ်ဘောလုံးအဖွဲ့ချုပ်နှင့်တွေ့ရပါတယ်။
ဒါ့အပြင်ပြင်သစ်ရဲ့စီနီယာကစားသမားများဖြစ်ကြတဲ့ပေါလ်ပေါ့ဘာ၊ဟူဂိုလိုရစ်နှင့်ဂျရူးတို့ကလည်း ဘန်ဇီးမားရဲ့အသင်းအပေါ်လွှမ်းမိုးနေမှုကိုသံသယဝင်ကြပါတယ်။
ဘန်ဇီးမားဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွင်ပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။သူဟာပြင်သစ်ကစားသမားအများစုတို့ကိုဆိုရှယ်မီဒီယာမှာ Unfollow လုပ်ခဲ့ပြီးဘက်ပေး၊မားကပ်စ်သူရမ်၊ချူကွာမီနီ၊ဗာရန်းနှင့်ကာမာဗန်ဂါတို့ကိုသာဆက်လက် Follow လုပ်ထားပါတယ်။
ZawGyi
ဘန္ဇီးမားရဲ႕ျပင္သစ္အသင္းႏွင့္ျပႆနာတက္မႈ အခ်က္အလက္သစ္ထြက္ေပၚလာ၊ ဂရက္ဇ္မန္းလည္းပါဝင္လာ
ကာရမ္ဘန္ဇီးမားရဲ႕ျပင္သစ္အသင္းတြင္ျပႆနာတက္မႈနဲ႔ပတ္သက္ၿပီးသတင္းအခ်က္အလက္သစ္ထပ္မံထြက္ေပၚလာပါတယ္။ယခုထြက္ေပၚလာတဲ့အခ်က္အလက္သစ္အရရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဟာျပင္သစ္အသင္းရဲ႕အဓိကကစားသမားအခ်ိဳ႕တို႔ႏွင့္ျပႆနာတက္ခဲ့ေၾကာင္းလည္းသိရပါတယ္။
ျပင္သစ္ဟာကမာၻ႔ဖလားဗိုလ္လုပြဲအရႈံးကိုတျဖည္းျဖည္းေပ်ာက္ေအာင္ကုသေနရေပမဲ့လည္းဘန္ဇီးမားရဲ႕ျပင္သစ္အသင္းျပႆနာကေတာ့လူေျပာမ်ားေနတုန္းျဖစ္ပါတယ္။
၂၀၂၂ခုႏွစ္ Ballon d’Or ဆုရွင္ဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ျပင္သစ္ကိုဦးေဆာင္လာမယ္လို႔ယူဆခဲ့ရေပမဲ့ၿပိဳင္ပြဲမတိုင္မီရက္အနည္းငယ္အလိုတြင္ဒဏ္ရာေၾကာင့္ႏုတ္ထြက္ခဲ့ရပါတယ္။
သူဟာဗိုလ္လုပြဲမတိုင္မီႀကံ့ခိုင္မႈျပည့္ဝလာခဲ့ေပမဲ့လည္းဗိုလ္လုပြဲသို႔တက္ေရာက္ၾကည့္ရႈရန္ျပင္သစ္သမၼတရဲ႕ဖိတ္ၾကားမႈကိုျငင္းဆိုခဲ့ပါတယ္။
အေစာပိုင္းသတင္းမ်ားအရဘန္ဇီးမားဟာဒဏ္ရာကိုသုံးရက္သာကုသမႈခံယူရန္လိုအပ္ေပမဲ့လည္း နည္းျပဒီဒီယာဒက္ခ်မ့္ကအိမ္သို႔အတင္းေစလႊတ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။
ယေန႔တြင္စပိန္သတင္းစာ AS ရဲ႕ေဖာ္ျပလာမႈအရဘန္ဇီးမားႏွင့္အန္တိုနီဂရက္ဇ္မန္းတို႔အၾကားအတၱျခင္းၿပိဳင္ခဲ့ၾကေၾကာင္းလည္းသိရပါတယ္။
ဂရက္ဇ္မန္းဟာျပင္သစ္ႏွင့္အတူ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေျခစြမ္းျပကစားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမဲ့ AS ရဲ႕ေဖာ္ျပခ်က္အရသူဟာဘန္ဇီးမားရဲ႕ဆိုရွယ္မီဒီယာေပၚတြင္ေအာင္ျမင္မႈကိုမနာလိုမရႈစိမ့္ျဖစ္ခဲ့ေၾကာင္းသိရပါတယ္။
သူဟာဆိုရွယ္မီဒီယာတြင္ျပင္သစ္ႏွင့္ပတ္သက္ၿပီးတင္လာပို႔စ္မ်ားတြင္ဘန္ဇီးမားကိုအေလးထားေဖာ္ျပေနမႈအေပၚမနာလိုျဖစ္ေနခဲ့တာလည္းျဖစ္ပါတယ္။သူဟာယင္းျဖစ္ရပ္ကိုျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ေတြ႕ရပါတယ္။
ဒါ့အျပင္ျပင္သစ္ရဲ႕စီနီယာကစားသမားမ်ားျဖစ္ၾကတဲ့ေပါလ္ေပါ့ဘာ၊ဟူဂိုလိုရစ္ႏွင့္ဂ်႐ူးတို႔ကလည္း ဘန္ဇီးမားရဲ႕အသင္းအေပၚလႊမ္းမိုးေနမႈကိုသံသယဝင္ၾကပါတယ္။
ဘန္ဇီးမားဟာကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးတြင္ျပင္သစ္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။သူဟာျပင္သစ္ကစားသမားအမ်ားစုတို႔ကိုဆိုရွယ္မီဒီယာမွာ Unfollow လုပ္ခဲ့ၿပီးဘက္ေပး၊မားကပ္စ္သူရမ္၊ခ်ဴကြာမီနီ၊ဗာရန္းႏွင့္ကာမာဗန္ဂါတို႔ကိုသာဆက္လက္ Follow လုပ္ထားပါတယ္။