ဘန်ဇီးမားရဲ့ဟက်ထရစ်ဂိုးကို ထိုင်ခုံမပြီး အောင်ပွဲခံခဲ့တဲ့ ရီးရဲလ်မက်ဒရစ်စတား အလာဘာ

ရီးရဲလ်မက်ဒရစ်စတား‌ဒေးဗစ်အလာဘာဟာမနေ့ညတုန်းကပီအက်စ်ဂျီနှင့်ပွဲတွင်ကာရမ်ဘန်ဇီးမားကဟက်ထရစ်ဂိုးသွင်းယူလိုက်ပြီးနောက် အံ့ဩဖွယ်စတိုင်ဖြင့်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာမနေ့ညတုန်းကပွဲတွင်ဘက်ပေးရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့၁၇မိနစ်အတွင်းဘန်ဇီးမားသွင်းယူတဲ့ဟက်ထရစ်ဂိုးကြောင့်ပီအက်စ်ဂျီကိုနှစ်ကျော့ပေါင်းရလဒ်၃-၂ဖြင့် အနိုင်ရရှိကာချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာဟက်ထရစ်သွင်းယူနိုင်မှုကြောင့်အကြီးအကျယ်ပျော်ရွှင်အောင်ပွဲခံခဲ့ပါတယ်။ဒါပေမဲ့အလာဘာက ဘန်ဇီးမားထက်ပိုပြီးတော့အောင်ပွဲခံခဲ့ပါတယ်။

ဩစတြီးယားနောက်ခံလူဟာကွင်းဘေးရှိအဖြူရောင်ပလတ်စတစ်ခုံကိုခေါင်းထက်တွင်မပြီးအောင်ပွဲခံခဲ့ပါတယ်။

အလာဘာဟာပွဲအပြီးတွင်လည်း ထိုင်ခုံမနေတဲ့သူ့ဓာတ်ပုံကို အွန်လိုင်းမှာတင်ပြီး ‘ငါတို့ခုံမှာဘယ်သူမှလာမထိုင်နဲ့”လို့ ရေးသားသွားပါတယ်။

ဘောလုံးပရိသတ်များဟာအလာဘာရဲ့ထိုင်ခုံမပြီးအောင်ပွဲခံမှုအပေါ် သဘောကျလျက်ရှိကြပြီး ယင်းအောင်ပွဲခံမှုကို လာမယ့် FIFA ဗီဒီယိုဂိမ်းတွင်ထည့်သွင်းပေးသင့်ကြောင်းပြောကြားလျက်ရှိကြပါတယ်။

Zawgyi

ဘန္ဇီးမားရဲ႕ဟက္ထရစ္ဂိုးကို ထိုင္ခုံမၿပီး ေအာင္ပြဲခံခဲ့တဲ့ ရီးရဲလ္မက္ဒရစ္စတား အလာဘာ

ရီးရဲလ္မက္ဒရစ္စတား‌ေဒးဗစ္အလာဘာဟာမေန႔ညတုန္းကပီအက္စ္ဂ်ီႏွင့္ပြဲတြင္ကာရမ္ဘန္ဇီးမားကဟက္ထရစ္ဂိုးသြင္းယူလိုက္ၿပီးေနာက္ အံ့ဩဖြယ္စတိုင္ျဖင့္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာမေန႔ညတုန္းကပြဲတြင္ဘက္ေပးရဲ႕ဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရေပမဲ့၁၇မိနစ္အတြင္းဘန္ဇီးမားသြင္းယူတဲ့ဟက္ထရစ္ဂိုးေၾကာင့္ပီအက္စ္ဂ်ီကိုႏွစ္ေက်ာ့ေပါင္းရလဒ္၃-၂ျဖင့္ အႏိုင္ရရွိကာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာဟက္ထရစ္သြင္းယူႏိုင္မႈေၾကာင့္အႀကီးအက်ယ္ေပ်ာ္႐ႊင္ေအာင္ပြဲခံခဲ့ပါတယ္။ဒါေပမဲ့အလာဘာက ဘန္ဇီးမားထက္ပိုၿပီးေတာ့ေအာင္ပြဲခံခဲ့ပါတယ္။

ဩစႀတီးယားေနာက္ခံလူဟာကြင္းေဘးရွိအျဖဴေရာင္ပလတ္စတစ္ခုံကိုေခါင္းထက္တြင္မၿပီးေအာင္ပြဲခံခဲ့ပါတယ္။

အလာဘာဟာပြဲအၿပီးတြင္လည္း ထိုင္ခုံမေနတဲ့သူ႔ဓာတ္ပုံကို အြန္လိုင္းမွာတင္ၿပီး ‘ငါတို႔ခုံမွာဘယ္သူမွလာမထိုင္နဲ႔”လို႔ ေရးသားသြားပါတယ္။

ေဘာလုံးပရိသတ္မ်ားဟာအလာဘာရဲ႕ထိုင္ခုံမၿပီးေအာင္ပြဲခံမႈအေပၚ သေဘာက်လ်က္ရွိၾကၿပီး ယင္းေအာင္ပြဲခံမႈကို လာမယ့္ FIFA ဗီဒီယိုဂိမ္းတြင္ထည့္သြင္းေပးသင့္ေၾကာင္းေျပာၾကားလ်က္ရွိၾကပါတယ္။