ဘန်ဇီးမားရဲ့စာချုပ်ပါအချက် ၁၃ နှစ်ကျော်ကြာမှ အသက်ဝင်လာလို့ လိုင်ယွန်ကို ငွေများစွာပေးခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ၂၀၀၉ခုနှစ်တုန်းကကာရမ်ဘန်ဇီးမားကိုဘာနေဗျူးသို့ခေါ်ယူစဉ်တုန်းကချုပ်ဆိုထားတဲ့စာချုပ်ပါအချက်ကို၁၃နှစ်ကြာပြီးတဲ့အချိန်မှာ ဖြစ်မြောက်လာမှုနဲ့အတူ လိုင်ယွန်ကိုငွေကြေးများစွာပေးခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ၂၀၀၉ခုနှစ်တုန်းကဘန်ဇီးမားကိုလိုင်ယွန်မှယူရို၃၅သန်းဖြင့်ခေါ်ယူခဲ့ရတာဖြစ်ပြီးထိုစဉ်တုန်းကပြင်သစ်ကစားသမားတစ်ဦးအတွက်စံချိန်တင်ပြောင်းရွှေ့ကြေးလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ဘန်ဇီးမားစာချုပ်အတွင်းတွင်ထည့်သွင်းထားတဲ့ခြေစွမ်းနှင့်အောင်မြင်မှုအပေါ်အခြေခံတဲ့အချက်များအရလိုင်ယွန်ဟာယူရို၄၁သန်းအထိခံစားခွင့်ရှိနေပါတယ်။

ယခု၁၃နှစ်ကြာတဲ့အချိန်မှာတော့ရီးရဲလ်မက်ဒရစ်ဟာလိုင်ယွန်ကိုယူရို၁သန်း(ပေါင်၈၇၀၀၀၀)ပေးလာရကြောင်းသိရပါတယ်။ရီးရဲလ်မက်ဒရစ်ဟာကာရမ်ဘန်ဇီးမားမှာကစားသမားဘဝတစ်လျှောက်ပထမဆုံး Ballon d’Or ဆုကိုဆွတ်ခူးလာမှုနှင့်အတူလိုင်ယွန်ကိုစာချုပ်ပါအချက်တိုင်း အပိုဆုကြေးယူရို၁သန်းပေးလာရတာလည်းဖြစ်ပါတယ်။

အဆိုပါစာချုပ်ပါအချက်ဟာ၁၃နှစ်အတွင်းအကျုံးဝင်ခဲ့ခြင်းမရှိပေမဲ့လည်းဘန်ဇီးမားအသက်၃၄နှစ်အရွယ်သို့ရောက်လာချိန်တွင်မှအကျုံးဝင်လာခဲ့တာလည်းဖြစ်ပါတယ်။

လိုင်ယွန်ဥက္ကဌဂျိန်းစ်မီချယ်အူးလက်စ်ဟာဘန်ဇီးမားမှာ ဇီဒန်းနှင့်ပလာတီနီတို့ရဲ့ခြေရာကိုနင်းကာ Ballon d’Or ဆုကိုတနေ့တွင်ဆွတ်ခူးလာမယ်ဆိုပြီးအပြည့်အဝယုံကြည်ကာ ရီးရဲလ်မက်ဒရစ်သို့ရောင်းချစဉ်တုန်းကယင်းအချက်ကိုထည့်သွင်းချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဘန်ဇီးမားဟာပြီးခဲ့တဲ့ရာသီတုန်းကရီးရဲလ်မက်ဒရစ်ကိုချန်ပီယံလိဂ်ဖလားနှင့်လာလီဂါဖလားဆွတ်ခူးနိုင်အောင် ၄၆ပွဲတွင်၄၄ဂိုးသွင်းယူပြီးကူညီနိုင်ခဲ့ပြီးနောက် Ballon d’Or ဖလားအားဆွတ်ခူးလာခဲ့တာဖြစ်ပါတယ်။

ZawGyi

ဘန္ဇီးမားရဲ႕စာခ်ဳပ္ပါအခ်က္ ၁၃ ႏွစ္ေက်ာ္ၾကာမွ အသက္ဝင္လာလို႔ လိုင္ယြန္ကို ေငြမ်ားစြာေပးခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္ဟာ၂၀၀၉ခုႏွစ္တုန္းကကာရမ္ဘန္ဇီးမားကိုဘာေနဗ်ဴးသို႔ေခၚယူစဥ္တုန္းကခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ပါအခ်က္ကို၁၃ႏွစ္ၾကာၿပီးတဲ့အခ်ိန္မွာ ျဖစ္ေျမာက္လာမႈနဲ႔အတူ လိုင္ယြန္ကိုေငြေၾကးမ်ားစြာေပးခဲ့ရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ၂၀၀၉ခုႏွစ္တုန္းကဘန္ဇီးမားကိုလိုင္ယြန္မွယူ႐ို၃၅သန္းျဖင့္ေခၚယူခဲ့ရတာျဖစ္ၿပီးထိုစဥ္တုန္းကျပင္သစ္ကစားသမားတစ္ဦးအတြက္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးလည္းျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ရဲ႕ဘန္ဇီးမားစာခ်ဳပ္အတြင္းတြင္ထည့္သြင္းထားတဲ့ေျခစြမ္းႏွင့္ေအာင္ျမင္မႈအေပၚအေျခခံတဲ့အခ်က္မ်ားအရလိုင္ယြန္ဟာယူ႐ို၄၁သန္းအထိခံစားခြင့္ရွိေနပါတယ္။

ယခု၁၃ႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ရီးရဲလ္မက္ဒရစ္ဟာလိုင္ယြန္ကိုယူ႐ို၁သန္း(ေပါင္၈၇၀၀၀၀)ေပးလာရေၾကာင္းသိရပါတယ္။ရီးရဲလ္မက္ဒရစ္ဟာကာရမ္ဘန္ဇီးမားမွာကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံး Ballon d’Or ဆုကိုဆြတ္ခူးလာမႈႏွင့္အတူလိုင္ယြန္ကိုစာခ်ဳပ္ပါအခ်က္တိုင္း အပိုဆုေၾကးယူ႐ို၁သန္းေပးလာရတာလည္းျဖစ္ပါတယ္။

အဆိုပါစာခ်ဳပ္ပါအခ်က္ဟာ၁၃ႏွစ္အတြင္းအက်ဳံးဝင္ခဲ့ျခင္းမရွိေပမဲ့လည္းဘန္ဇီးမားအသက္၃၄ႏွစ္အ႐ြယ္သို႔ေရာက္လာခ်ိန္တြင္မွအက်ဳံးဝင္လာခဲ့တာလည္းျဖစ္ပါတယ္။

လိုင္ယြန္ဥကၠဌဂ်ိန္းစ္မီခ်ယ္အူးလက္စ္ဟာဘန္ဇီးမားမွာ ဇီဒန္းႏွင့္ပလာတီနီတို႔ရဲ႕ေျခရာကိုနင္းကာ Ballon d’Or ဆုကိုတေန႔တြင္ဆြတ္ခူးလာမယ္ဆိုၿပီးအျပည့္အဝယုံၾကည္ကာ ရီးရဲလ္မက္ဒရစ္သို႔ေရာင္းခ်စဥ္တုန္းကယင္းအခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုခဲ့တာလည္းျဖစ္ပါတယ္။

ဘန္ဇီးမားဟာၿပီးခဲ့တဲ့ရာသီတုန္းကရီးရဲလ္မက္ဒရစ္ကိုခ်န္ပီယံလိဂ္ဖလားႏွင့္လာလီဂါဖလားဆြတ္ခူးႏိုင္ေအာင္ ၄၆ပြဲတြင္၄၄ဂိုးသြင္းယူၿပီးကူညီႏိုင္ခဲ့ၿပီးေနာက္ Ballon d’Or ဖလားအားဆြတ္ခူးလာခဲ့တာျဖစ္ပါတယ္။