ဘန်လေကို ဝယ်ယူပြီး တစ်နှစ်အကြာမှာပဲ ပြန်လည်ရောင်းချရတော့မယ့် အမေရိကန်ပိုင်ရှင်များ

ဘန်လေအသင်းပိုင်ရှင် ALK Capital ဟာ အသင်းတွင်ရင်းနှီးမြှပ်နှံသူ(သို့မဟုတ်)ကလပ်ကိုဝယ်ယူမယ့်သူအားရှာဖွေနေကြောင်းသိရပါတယ်။

အမေရိကန်ရင်းနှီးမြှပ်နှံသူများဟာ၂၀၂၀ခုနှစ်၊ဒီဇင်ဘာလ၃၁ရက်နေ့တွင်ဘန်လေကိုပေါင်သန်း၁၇၀ဖြင့်ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့၎င်းတို့ဟာဘဏ္ဍာရေးပြဿနာနှင့်ကြုံနေရမှုနဲ့အတူ ဇန်နဝါရီအပြောင်းအရွှေ့တွင်အသင်းရှိကစားသမားများအား သင့်တော်တဲ့ကမ်းလှမ်းမှုပြုလုပ်လာလျှင်ရောင်းချသွားပါမယ်။

၎င်းတို့ဟာတိုက်စစ်မှူးခရစ်ဝုဒ်ကိုစာချုပ်အချက်အတိုင်းစာချုပ်ဖျက်သိမ်းကြေးပေးလာတဲ့တန်းဆင်းဇုန်ပြိုင်ဘက်နယူးကာဆယ်သို့ပေါင်၂၅သန်းဖြင့်ရောင်းချထားပြီးဖြစ်ပါတယ်။

ဘန်လေဟာအသင်းတွင်နွေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကစားသမား ၁၀ဦးအထိရှိနေပြီးယင်းအထဲတွင်အင်္ဂလန်နောက်ခံလူတာကောစကီးလည်းပါဝင်ပါတယ်။ဘန်လေဟာယင်းကစားသမားများအပြင်အခြားကစားသမားများကိုသင့်တော်တဲ့ကမ်းလှမ်းမှုရရှိလာလျှင်ရောင်းချသွားပါမယ်။

ဘန်လေဥက္ကဌပစ်ဦးဆောင်တဲ့ ALK Captical ဟာဘန်လေကိုပေါင်သန်း၁၇၀ဖြင့်ဝယ်ယူရာတွင်အမေရိကန်ဘီလျှံနာမိုက်ကယ်ဒဲလ်ထံမှ ပေါင်သန်း၆၀ချေးငှားခြင်း၊အနာဂတ်ရုပ်သံဝင်ငွေကိုပေါင်နှံခြင်းတို့ပြုလုပ်ပြီး ဝယ်ယူခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ယခင်ပိုင်ရှင်များဖြစ်ကြတဲ့မိုက်ဂါလစ်၊ဂျွန်ဘာနာစကီးဝစ်ဇ်နှင့်အခြားရှယ်ယာရှင်တစ်ဦးတို့မှာလည်းပေါင်၁၀၂သန်းရရန်ရှိပါသေးတယ်။

ALK Capital ဟာဘန်လေတွင်ကိုယ်ပိုင်ငွေပေါင်၁၅သန်းမျှသာအသုံးပြုထားနိုင်ပါတယ်။ယခုအခါ၎င်းတို့ဟာရင်းနှီးမြှပ်နှံမယ့်သူလိုအပ်နေပြီး ဝယ်လက်ရှိပါကလည်း ရောင်းချရန်အသင့်ရှိနေပါတယ်။

ဘန်လေဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်းတွင်ရပ်တည်နေရပြီးဘဏ္ဍာရေးအခြေအနေကြောင့်ချန်ပီယံရှစ်သို့ဆင်းရမယ့်အခြေအနေသို့ရောက်နေပါတယ်။

ZawGyi

ဘန္ေလကို ဝယ္ယူၿပီး တစ္ႏွစ္အၾကာမွာပဲ ျပန္လည္ေရာင္းခ်ရေတာ့မယ့္ အေမရိကန္ပိုင္ရွင္မ်ား

ဘန္ေလအသင္းပိုင္ရွင္ ALK Capital ဟာ အသင္းတြင္ရင္းႏွီးျမႇပ္ႏွံသူ(သို႔မဟုတ္)ကလပ္ကိုဝယ္ယူမယ့္သူအားရွာေဖြေနေၾကာင္းသိရပါတယ္။

အေမရိကန္ရင္းႏွီးျမႇပ္ႏွံသူမ်ားဟာ၂၀၂၀ခုႏွစ္၊ဒီဇင္ဘာလ၃၁ရက္ေန႔တြင္ဘန္ေလကိုေပါင္သန္း၁၇၀ျဖင့္ဝယ္ယူခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့၎တို႔ဟာဘ႑ာေရးျပႆနာႏွင့္ႀကဳံေနရမႈနဲ႔အတူ ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္အသင္းရွိကစားသမားမ်ားအား သင့္ေတာ္တဲ့ကမ္းလွမ္းမႈျပဳလုပ္လာလွ်င္ေရာင္းခ်သြားပါမယ္။

၎တို႔ဟာတိုက္စစ္မႉးခရစ္ဝုဒ္ကိုစာခ်ဳပ္အခ်က္အတိုင္းစာခ်ဳပ္ဖ်က္သိမ္းေၾကးေပးလာတဲ့တန္းဆင္းဇုန္ၿပိဳင္ဘက္နယူးကာဆယ္သို႔ေပါင္၂၅သန္းျဖင့္ေရာင္းခ်ထားၿပီးျဖစ္ပါတယ္။

ဘန္ေလဟာအသင္းတြင္ေႏြရာသီတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ကစားသမား ၁၀ဦးအထိရွိေနၿပီးယင္းအထဲတြင္အဂၤလန္ေနာက္ခံလူတာေကာစကီးလည္းပါဝင္ပါတယ္။ဘန္ေလဟာယင္းကစားသမားမ်ားအျပင္အျခားကစားသမားမ်ားကိုသင့္ေတာ္တဲ့ကမ္းလွမ္းမႈရရွိလာလွ်င္ေရာင္းခ်သြားပါမယ္။

ဘန္ေလဥကၠဌပစ္ဦးေဆာင္တဲ့ ALK Captical ဟာဘန္ေလကိုေပါင္သန္း၁၇၀ျဖင့္ဝယ္ယူရာတြင္အေမရိကန္ဘီလွ်ံနာမိုက္ကယ္ဒဲလ္ထံမွ ေပါင္သန္း၆၀ေခ်းငွားျခင္း၊အနာဂတ္႐ုပ္သံဝင္ေငြကိုေပါင္ႏွံျခင္းတို႔ျပဳလုပ္ၿပီး ဝယ္ယူခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ယခင္ပိုင္ရွင္မ်ားျဖစ္ၾကတဲ့မိုက္ဂါလစ္၊ဂြၽန္ဘာနာစကီးဝစ္ဇ္ႏွင့္အျခားရွယ္ယာရွင္တစ္ဦးတို႔မွာလည္းေပါင္၁၀၂သန္းရရန္ရွိပါေသးတယ္။

ALK Capital ဟာဘန္ေလတြင္ကိုယ္ပိုင္ေငြေပါင္၁၅သန္းမွ်သာအသုံးျပဳထားႏိုင္ပါတယ္။ယခုအခါ၎တို႔ဟာရင္းႏွီးျမႇပ္ႏွံမယ့္သူလိုအပ္ေနၿပီး ဝယ္လက္ရွိပါကလည္း ေရာင္းခ်ရန္အသင့္ရွိေနပါတယ္။

ဘန္ေလဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားၾကမ္းခင္းတြင္ရပ္တည္ေနရၿပီးဘ႑ာေရးအေျခအေနေၾကာင့္ခ်န္ပီယံရွစ္သို႔ဆင္းရမယ့္အေျခအေနသို႔ေရာက္ေနပါတယ္။