ဘန်လေနိုင်ပွဲတွင် တစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက် ဆန်ကာတင်ဂိုးကို သွင်းယူခဲ့တဲ့ တောင်းဆင့်

အင်ဒရို့စ်တောင်းဆင့်ဟာမနေ့ညတုန်းကအဲဗာတန်ကဘန်လေကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက်ဆန်ကာတင်စာရင်းမှာသေချာပေါက် ပါဝင်လာမယ့်ဂိုးတစ်ဂိုးကိုသွင်းယူခဲ့ပါတယ်။

အင်ဒရို့စ်တောင်းဆင့်ဟာဧရိယာအပြင်ကနေအပေါ်ထောင့်သို့အပြင်းကန်သွင်းခဲ့တာဖြစ်ပြီးဘန်လေဂိုးသမားနစ်ပုပ်မှာကာကွယ်နိုင်မယ့်အခွင့်အရေးလုံးဝမရှိခဲ့ပါဘူး။

အဆိုပါပွဲစဉ်မှာဘန်လေဟာပွဲချိန်၅၃မိနစ်မှာဘင်ဘီးကသွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်ချက်ချင်းဆိုသလိုပွဲချိန်မိနစ်၆၀မှာမိုက်ကယ်ကိန်းကအဲဗာတန်အတွက်ပြန်လည်ချေပခဲ့ပါတယ်။

ယင်းနောက်ပွဲချိန်၆၅မိနစ်မှာအင်ဒရို့စ်တောင်းဆင့်ကပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက်ဆန်ကာဂိုးစာရင်းမယ့်ဂိုးကိုသွင်းယူခဲ့တာပါ။အဲ‌ဗာတန်အတွက်တတိယဂိုးကိုပွဲချိန်၆၆မိနစ်မှာဒီမာရဲလ်ဂရေးကသွင်းယူခဲ့တာဖြစ်ပါတယ်။

အင်ဒရို့စ်တောင်းဆင့်ဟာကိုယ်တိုင်လှပတဲ့ဂိုးတစ်ဂိုးကိုသွင်းခဲ့သလိုမိုက်ကယ်ကိန်းခေါင်းတိုက်ချေပဂိုးသွင်းနိုင်အောင်ဖန်တီးနိုင်ခဲ့ပါတယ်။

ZawGyi





