ဘန်လေလက်ဆောင်ချေပဂိုးအတွက် အာဆင်နယ်ပရိသတ်များကို ဇာခါတောင်းပန်

အာဆင်နယ်အလယ်တန်းကစားသမားဂရာနစ်ဇာခါဟာစနေနေ့ညတုန်းကဘန်လေနှင့်ပွဲစဉ်မှအမှားအတွက် အာဆင်နယ်ပရိသတ်များကိုတောင်းပန်လိုက်ပါတယ်။

အာဆင်နယ်ဟာပွဲအစပိုင်းတွင်ပင်အသင်းခေါင်းဆောင်အူဘာမီယန်သွင်းယူတဲ့ဂိုးဖြင့်အိမ်ရှင်ဘန်လေကိုဦးဆောင် နိုင်ခဲ့ပါတယ်။ဒါပေမယ့်ပွဲချိန်၃၉မိနစ်မှာတော့ဇာခါဟာအာဆင်နယ်ဧရိယာအတွင်းမှာဘောလုံးပေးပို့စဉ် ဘောလုံးမှာဘန်လေတိုက်စစ်မှူးခရစ်ဝုဒ်နဲ့ထိပြီးဂိုးပေါက်ထဲသို့ဝင်သွားခဲ့ပါတယ်။

ယင်းဂိုးကြောင့်အာဆင်နယ်ဟာဘန်လေနှင့်တစ်ဂိုးစီသရေကျခဲ့ပြီးရမှတ်၂မှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဇာခါက “သူတို့ရဲ့ဂိုးကကျွန်တော့်‌မှာတာဝန်ရှိပါတယ်။အမှားအတွက်တောင်းပန်ပါတယ်။ဘောလုံးမှာဒါတွေ ဖြစ်တတ်ပါတယ်။ပရိသတ်တွေလိုဘဲကျွန်တော်လည်းစိတ်ပျက်ရပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်အာဆင်နယ်ဂိုးသမားလီနိုကဇာခါမှာမတော်တဆဖြစ်ခဲ့ခြင်းမျှသာဖြစ်ကြောင်းပြောကြားကာကာကွယ် သွားခဲ့ပါတယ်။

လီနိုက “ကျွန်တော်တို့ကဘောလုံးကွက်တည်ဆောက်ချင်နေတယ်။ဂရာနစ်ကကံဆိုးလို့ဖြစ်သွားတာ။နောက်တန်း မှာဘောလုံးအပေးအယူလုပ်တာကအန္တရာယ်များပါတယ်။ဒါပေမယ့်ဒါကကျွန်တော်တို့ရဲ့စတိုင်ပါ”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာကြားရက်အတွင်းမှာဂရိသို့သွားရောက်ကာအိုလံပီယာကို့စ်နှင့်ယူရိုပါလိဂ်ပွဲစဉ်ကစားသွားရပါမယ်။

ZawGyi

ဘန္ေလလက္ေဆာင္ေခ်ပဂိုးအတြက္ အာဆင္နယ္ပရိသတ္မ်ားကို ဇာခါေတာင္းပန္

အာဆင္နယ္အလယ္တန္းကစားသမားဂရာနစ္ဇာခါဟာစေနေန႔ညတုန္းကဘန္ေလႏွင့္ပြဲစဥ္မွအမွားအတြက္ အာဆင္နယ္ပရိသတ္မ်ားကိုေတာင္းပန္လိုက္ပါတယ္။

အာဆင္နယ္ဟာပြဲအစပိုင္းတြင္ပင္အသင္းေခါင္းေဆာင္အူဘာမီယန္သြင္းယူတဲ့ဂိုးျဖင့္အိမ္ရွင္ဘန္ေလကိုဦးေဆာင္ ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ပြဲခ်ိန္၃၉မိနစ္မွာေတာ့ဇာခါဟာအာဆင္နယ္ဧရိယာအတြင္းမွာေဘာလုံးေပးပို႔စဥ္ ေဘာလုံးမွာဘန္ေလတိုက္စစ္မႉးခရစ္ဝုဒ္နဲ႔ထိၿပီးဂိုးေပါက္ထဲသို႔ဝင္သြားခဲ့ပါတယ္။

ယင္းဂိုးေၾကာင့္အာဆင္နယ္ဟာဘန္ေလႏွင့္တစ္ဂိုးစီသေရက်ခဲ့ၿပီးရမွတ္၂မွတ္ဆုံးရႈံးခဲ့ရပါတယ္။

ဇာခါက “သူတို႔ရဲ႕ဂိုးကကြၽန္ေတာ့္‌မွာတာဝန္ရွိပါတယ္။အမွားအတြက္ေတာင္းပန္ပါတယ္။ေဘာလုံးမွာဒါေတြ ျဖစ္တတ္ပါတယ္။ပရိသတ္ေတြလိုဘဲကြၽန္ေတာ္လည္းစိတ္ပ်က္ရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္အာဆင္နယ္ဂိုးသမားလီႏိုကဇာခါမွာမေတာ္တဆျဖစ္ခဲ့ျခင္းမွ်သာျဖစ္ေၾကာင္းေျပာၾကားကာကာကြယ္ သြားခဲ့ပါတယ္။

လီႏိုက “ကြၽန္ေတာ္တို႔ကေဘာလုံးကြက္တည္ေဆာက္ခ်င္ေနတယ္။ဂရာနစ္ကကံဆိုးလို႔ျဖစ္သြားတာ။ေနာက္တန္း မွာေဘာလုံးအေပးအယူလုပ္တာကအႏၲရာယ္မ်ားပါတယ္။ဒါေပမယ့္ဒါကကြၽန္ေတာ္တို႔ရဲ႕စတိုင္ပါ”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာၾကားရက္အတြင္းမွာဂရိသို႔သြားေရာက္ကာအိုလံပီယာကို႔စ္ႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္ကစားသြားရပါမယ္။