ဘန်လေ-မန်ယူပွဲတွင် လုခ်ရှောကို အဝါကတ်ဘာကြောင့်ပြပြီးဘရာဒီကို အနီကတ်မပြသလဲ ပရီးမီးယားလိဂ် ရှင်းလင်း

ပရီးမီးယားလိဂ်ဟာမနေ့ညတုန်းကဘန်လေနှင့်မန်ယူပွဲစဉ်တွင်မန်ယူနောက်ခံလူလုခ်ရှောကိုအဝါကတ်ပြပြီး ဘန်လေနောက်ခံလူရော်ဘီဘရာဒီအားအနီကတ်မပြသမှုအတွက်ရှင်းလင်းလာပါတယ်။

ဘန်လေနှင့်မန်ယူပွဲပထမပိုင်းမှာVARဟာအငြင်းပွားစရာဆုံးဖြတ်ချက်များချခဲ့ပြီးဝေဖန်မှုများထပ်မံကြုံခဲ့ရပါတယ်။

ယင်းပွဲရဲ့ပွဲချိန်၂၇မိနစ်မှာမန်ယူဘယ်နောက်ခံလူလုခ်ရှောဟာဘန်လေရဲ့ဂျိုဟန်းဘတ်ဂတ်မန်ဆင်ကိုကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ပြီးယင်းဘောလုံးမှတဆင့်မန်ယူကတိုက်ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။ယင်းတန်ပြန်တိုက်စစ်တွင်ကာဗာနီကဘောလုံးသယ်ယူလာစဉ်ဘန်လေနောက်ခံလူရော်ဘီဘရာဒီကထပ်မံကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့ပါတယ်။

ဒိုင်လူကြီးဖရင်းဟာအထက်ပါဖြစ်ရပ်ကိုVARဖြင့်ကြည့်ရှုစစ်ဆေးမှုပြုလုပ်ခဲ့ပြီးပွဲကစားချိန်ကိုလည်း၅မိနစ်အထိရပ်ိုင်းခဲ့ရပါတယ်။ဖရင်းဟာယင်းဖြစ်ရပ်ကိုစစ်ဆေးပြီးနောက်လုခ်ရှောကိုအဝါကတ်ပြခဲ့ပါတယ်။ဒါပေမယ့်ဘန်လေ နောက်ခံလူမှာအနီကတ်ပြခံရနိုင်တဲ့ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်းတစ်စုံတစ်ရာအရေးယူခဲ့ခြင်းမရှိပါဘူး။

ပရီးမီးယားလိဂ်ကလုခ်ရှောမှာဘရာဒီဖျက်ထုတ်မှုမတိုင်မီကတည်းကပြစ်ဒဏ်ကျူးလွန်ထားခြင်းဖြစ်ရာလုခ်ရှောကိုသာအရေးယူရခြင်းဖြစ်ကြောင်းရှင်းလင်းသွားပါတယ်။

အဆိုပါပွဲစဉ်တွင်မန်ယူဟာဟယ်ရီမက်ဂွိုင်းယားရဲ့ခေါင်းတိုက်ဂိုးကိုလည်းပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီးဒိုင်လူကြီးက VAR မကြည့်ဘဲဆုံးဖြတ်ခဲ့ပါတယ်။

မန်ယူဟာဘန်လေကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးယင်းနိုင်ပွဲကြောင့်လီဗာပူးကိုသုံးမှတ်ဖြတ်ကာဇယားထိပ်မှာရပ်တည် လာနိုင်ပါမယ်။မန်ယူဟာလာမယ့်တနင်္ဂနွေနေ့မှာအန်ဖီးလ်သို့သွားရောက်ကာလီဗာပူးနဲ့ရင်ဆိုင်ရပါမယ်။

ZawGyi

ဘန္ေလ-မန္ယူပြဲမွာ လုခ္ေရွာကို အဝါကတ္ဘာေၾကာင့္ျပၿပီးဘရာဒီကို အနီကတ္မျပသလဲ ပရီးမီးယားလိဂ္ ရွင္းလင္း

ပရီးမီးယားလိဂ္ဟာမေန႔ညတုန္းကဘန္ေလႏွင့္မန္ယူပြဲစဥ္တြင္မန္ယူေနာက္ခံလူလုခ္ေရွာကိုအဝါကတ္ျပၿပီး ဘန္ေလေနာက္ခံလူေရာ္ဘီဘရာဒီအားအနီကတ္မျပသမႈအတြက္ရွင္းလင္းလာပါတယ္။

ဘန္ေလႏွင့္မန္ယူပြဲပထမပိုင္းမွာVARဟာအျငင္းပြားစရာဆုံးျဖတ္ခ်က္မ်ားခ်ခဲ့ၿပီးေဝဖန္မႈမ်ားထပ္မံႀကဳံခဲ့ရပါတယ္။

ယင္းပြဲရဲ႕ပြဲခ်ိန္၂၇မိနစ္မွာမန္ယူဘယ္ေနာက္ခံလူလုခ္ေရွာဟာဘန္ေလရဲ႕ဂ်ိဳဟန္းဘတ္ဂတ္မန္ဆင္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့ၿပီးယင္းေဘာလုံးမွတဆင့္မန္ယူကတိုက္ျပန္တိုက္စစ္ဆင္ခဲ့ပါတယ္။ယင္းတန္ျပန္တိုက္စစ္တြင္ကာဗာနီကေဘာလုံးသယ္ယူလာစဥ္ဘန္ေလေနာက္ခံလူေရာ္ဘီဘရာဒီကထပ္မံၾကမ္းတမ္းစြာဖ်က္ထုတ္ကစားခဲ့ပါတယ္။

ဒိုင္လူႀကီးဖရင္းဟာအထက္ပါျဖစ္ရပ္ကိုVARျဖင့္ၾကည့္ရႈစစ္ေဆးမႈျပဳလုပ္ခဲ့ၿပီးပြဲကစားခ်ိန္ကိုလည္း၅မိနစ္အထိရပ္ိုင္းခဲ့ရပါတယ္။ဖရင္းဟာယင္းျဖစ္ရပ္ကိုစစ္ေဆးၿပီးေနာက္လုခ္ေရွာကိုအဝါကတ္ျပခဲ့ပါတယ္။ဒါေပမယ့္ဘန္ေလ ေနာက္ခံလူမွာအနီကတ္ျပခံရႏိုင္တဲ့ျပစ္ဒဏ္က်ဴးလြန္ခဲ့ေသာ္လည္းတစ္စုံတစ္ရာအေရးယူခဲ့ျခင္းမရွိပါဘူး။

ပရီးမီးယားလိဂ္ကလုခ္ေရွာမွာဘရာဒီဖ်က္ထုတ္မႈမတိုင္မီကတည္းကျပစ္ဒဏ္က်ဴးလြန္ထားျခင္းျဖစ္ရာလုခ္ေရွာကိုသာအေရးယူရျခင္းျဖစ္ေၾကာင္းရွင္းလင္းသြားပါတယ္။

အဆိုပါပြဲစဥ္တြင္မန္ယူဟာဟယ္ရီမက္ဂြိဳင္းယားရဲ႕ေခါင္းတိုက္ဂိုးကိုလည္းျပစ္ဒဏ္က်ဴးလြန္တယ္ဆိုၿပီးဒိုင္လူႀကီးက VAR မၾကည့္ဘဲဆုံးျဖတ္ခဲ့ပါတယ္။

မန္ယူဟာဘန္ေလကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးယင္းႏိုင္ပြဲေၾကာင့္လီဗာပူးကိုသုံးမွတ္ျဖတ္ကာဇယားထိပ္မွာရပ္တည္ လာႏိုင္ပါမယ္။မန္ယူဟာလာမယ့္တနဂၤေႏြေန႔မွာအန္ဖီးလ္သို႔သြားေရာက္ကာလီဗာပူးနဲ႔ရင္ဆိုင္ရပါမယ္။