ဘမ်းဖို့ဒ်ရဲ့မျက်နှာကို ခြေဖြင့်ကန်ခဲ့ပေမဲ့ အရေးယူမခံခဲ့ရတဲ့ မာတီနက်ဇ်

ဘောလုံးပရိသတ်များဟာမနေ့ညတုန်းကယူနိုက်တက်နှင့်လိဒ်တို့ရဲ့ပွဲစဉ်တွင်လိဒ်ရဲ့ပက်ထရစ်ဘမ်းဖို့ဒ်ရဲ့ခေါင်းကိုခြေဖြင့်ကန်ခဲ့ပေမဲ့လည်းယူနိုက်တက်ရဲ့လီဆန်ဒရိုမာတီနက်ဇ်မှာတစုံတရာအရေးယူခြင်းမခံခဲ့ရမှုအပေါ်ဒေါသထွက်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့ညတုန်းကအိုးထရက်ဖို့ဒ်တွင်ကစားတဲ့ယူနိုက်တက်နှင့်လိဒ်တို့ပွဲစဉ်မှာနှစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားခဲ့ပါတယ်။

ဒီနှစ်သင်းဟာလာမယ့်တနင်္ဂနွေနေ့မှာ Elland Road မှာထပ်မံဆုံတွေ့ကြဦးမှာလည်းဖြစ်ပါတယ်။

မနေ့ညကပွဲတွင်လိဒ်ဟာပွဲအစတစ်မိနစ်မှာဂနွန်တိုသွင်းယူတဲ့ဂိုးဖြင့်ပထမပိုင်းမှာဦးဆောင်နိုင်ခဲ့ပါတယ်။

မာတီနက်ဇ်နှင့်ဘမ်းဖို့ဒ်တို့ဟာဘောလုံးယှဉ်လုခဲ့ကြစဉ်တိုက်မိခဲ့တာဖြစ်ပြီးအာဂျင်တီးနားစတားကပြန်အထတွင်မျက်နှာကိုခြေဖြင့်ထိအောင်တမင်လုပ်ခဲ့တယ်လို့ယူဆရပါတယ်။

ဒါပေမဲ့အထက်ပါအဖြစ်အပျက်ကို VAR ကစစ်ဆေးမှုပြုလုပ်ခဲ့ပေမဲ့လည်းတစုံတရာအရေးယူခဲ့ခြင်းမရှိပါဘူး။

ပရိသတ်တစ်ဦးက “ဒါမတော်တဆမဟုတ်ဘူး။တမင်လုပ်သွားတာ။ဒါတောင်မရေးယူမခံရတော့အံ့ဩမိတယ်”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ရက်ဘီလို့ ဗီဒီယိုအကူရယူပြီးတစ်မိနစ်စစ်ဆေးသင့်တယ်”လို့ဆိုသွားပါတယ်။

လိဒ်ဟာဒုတိယပိုင်းအစဗာရန်းရဲ့OG ဂိုးဖြင့်ဒုတိယဂိုးထပ်မံရရှိခဲ့ပါတယ်။ဒါပေမဲ့ပွဲချိန်၆၂မိနစ်မှာအကောင်းဆုံးပုံစံရရှိနေတဲ့ရက်ဖို့ဒ်ကယူနိုက်တက်အတွက်ချေပဂိုးစတင်သွင်းခဲ့ပါတယ်။ယင်းနောက်လူစားဝင်လာတဲ့ဆန်ချိုကယူနိုက်တက်အတွက်အဖိုးတန်တစ်မှတ်ရရှိစေမဲ့ဂိုးကိုသွင်းခဲ့ပါတယ်။

ZawGyi

ဘမ္းဖို႔ဒ္ရဲ႕မ်က္ႏွာကို ေျချဖင့္ကန္ခဲ့ေပမဲ့ အေရးယူမခံခဲ့ရတဲ့ မာတီနက္ဇ္

ေဘာလုံးပရိသတ္မ်ားဟာမေန႔ညတုန္းကယူႏိုက္တက္ႏွင့္လိဒ္တို႔ရဲ႕ပြဲစဥ္တြင္လိဒ္ရဲ႕ပက္ထရစ္ဘမ္းဖို႔ဒ္ရဲ႕ေခါင္းကိုေျချဖင့္ကန္ခဲ့ေပမဲ့လည္းယူႏိုက္တက္ရဲ႕လီဆန္ဒ႐ိုမာတီနက္ဇ္မွာတစုံတရာအေရးယူျခင္းမခံခဲ့ရမႈအေပၚေဒါသထြက္ေနၾကပါတယ္။

ဗုဒၶဟူးေန႔ညတုန္းကအိုးထရက္ဖို႔ဒ္တြင္ကစားတဲ့ယူႏိုက္တက္ႏွင့္လိဒ္တို႔ပြဲစဥ္မွာႏွစ္ဂိုးစီသေရျဖင့္ၿပီးဆုံးသြားခဲ့ပါတယ္။

ဒီႏွစ္သင္းဟာလာမယ့္တနဂၤေႏြေန႔မွာ Elland Road မွာထပ္မံဆုံေတြ႕ၾကဦးမွာလည္းျဖစ္ပါတယ္။

မေန႔ညကပြဲတြင္လိဒ္ဟာပြဲအစတစ္မိနစ္မွာဂႏြန္တိုသြင္းယူတဲ့ဂိုးျဖင့္ပထမပိုင္းမွာဦးေဆာင္ႏိုင္ခဲ့ပါတယ္။

မာတီနက္ဇ္ႏွင့္ဘမ္းဖို႔ဒ္တို႔ဟာေဘာလုံးယွဥ္လုခဲ့ၾကစဥ္တိုက္မိခဲ့တာျဖစ္ၿပီးအာဂ်င္တီးနားစတားကျပန္အထတြင္မ်က္ႏွာကိုေျချဖင့္ထိေအာင္တမင္လုပ္ခဲ့တယ္လို႔ယူဆရပါတယ္။

ဒါေပမဲ့အထက္ပါအျဖစ္အပ်က္ကို VAR ကစစ္ေဆးမႈျပဳလုပ္ခဲ့ေပမဲ့လည္းတစုံတရာအေရးယူခဲ့ျခင္းမရွိပါဘူး။

ပရိသတ္တစ္ဦးက “ဒါမေတာ္တဆမဟုတ္ဘူး။တမင္လုပ္သြားတာ။ဒါေတာင္မေရးယူမခံရေတာ့အံ့ဩမိတယ္”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “ရက္ဘီလို႔ ဗီဒီယိုအကူရယူၿပီးတစ္မိနစ္စစ္ေဆးသင့္တယ္”လို႔ဆိုသြားပါတယ္။

လိဒ္ဟာဒုတိယပိုင္းအစဗာရန္းရဲ႕OG ဂိုးျဖင့္ဒုတိယဂိုးထပ္မံရရွိခဲ့ပါတယ္။ဒါေပမဲ့ပြဲခ်ိန္၆၂မိနစ္မွာအေကာင္းဆုံးပုံစံရရွိေနတဲ့ရက္ဖို႔ဒ္ကယူႏိုက္တက္အတြက္ေခ်ပဂိုးစတင္သြင္းခဲ့ပါတယ္။ယင္းေနာက္လူစားဝင္လာတဲ့ဆန္ခ်ိဳကယူႏိုက္တက္အတြက္အဖိုးတန္တစ္မွတ္ရရွိေစမဲ့ဂိုးကိုသြင္းခဲ့ပါတယ္။