ဘယ်ကစားသမားကို ဗဟိုပြုပြီး မန်ယူကို တည်ဆောက်ရမလဲ ဖာဒီနန်ပြောကြားလာ

ရီယိုဖာဒီနန်ကအိုလီဂန်းနားဆိုးလ်ရှားအနေဖြင့်စကော့မက်တိုမီနေးကိုဗဟိုပြုကာမန်ယူအသင်းကိုတည်ဆောက် သွားရမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

မက်တိုမီနေးဟာဝက်ဖို့ဒ်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာမန်ယူကိုအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခွင့်ရရှိခဲ့ပြီး အက်ဖ်အေဖလားစတုတ္ထအဆင့်သို့တက်ရောက်စေမယ့်တစ်လုံးတည်းသောအနိုင်ဂိုးကိုလည်းခေါင်းတိုက်သွင်းယူခဲ့ သူဖြစ်ပါတယ်။

ရီယိုဖာဒီနန်က “သူ့ကိုယ်သူ ဘယ်လိုဦးစီးဦးဆောင်လုပ်နေသလဲဆိုတာအားလုံးလည်းမြင်ကြမှာပါ။ဒါပေမယ့်အ ရေးအကြီးဆုံးကတော့ကွင်းထဲမှာအားလုံးပုံအပ်ပြီးကစားနေတာပါ။နေရာတော်တော်များများကိုကာဗာလုပ်ပေး တယ်။အခြေအနေတွေမှာကောင်းကောင်းတုံ့ပြန်ပေးတယ်။ဒါတွေအားလုံးကအသင်းခေါင်းဆောင်တစ်ယောက်မှာ ရှိရမယ့်အရာတွေပါ။အသင်းမှာအားလုံးနောက်ကလိုက်လုပ်လာနိုင်အောင်ရှေ့တန်းဦးစီးဦးဆောင်လုပ်ပြမယ့်သူလို ပါတယ်။သူ့မှာဒီအသင်းမှာအရမ်းအရေးပါတဲ့သူဖြစ်လာဖို့အရည်အချင်းအားလုံးရှိပါတယ်။နောက်ထပ်နှစ်ပေါင်းများစွာအသင်းမှာအရေးပါတဲ့သူအဖြစ်ရှိနေပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

မက်တိုမီနေးဟာဆိုးလ်ရှားရဲ့လက်အောက်မှာမန်ယူအသင်းမှာပုံမှန်ကစားခွင့်ရရှိထားသူဖြစ်ပြီးပြိုင်ပွဲအရပ်ရပ်မှာ လေးဂိုးသွင်းယူထားနိုင်ပါတယ်။

မန်ယူဟာလာမယ့်အင်္ဂါနေ့မှာဘန်လေနှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီးယင်းပွဲမှာအနိုင်ရရင်အမှတ်ပေးဇယားထိပ်ဆုံးသို့တက်လှမ်းလာနိုင်မှာဖြစ်ကာလီဗာပူးကိုသုံးမှတ်ဖြတ်ထားနိုင်ပါမယ်။၎င်းတို့ဟာဘန်လေနှင့်ပွဲအပြီးယခုအပတ် အကုန်မှာလီဗာပူးကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ZawGyi

ဘယ္ကစားသမားကို ဗဟိုျပဳၿပီး မန္ယူကို တည္ေဆာက္ရမလဲ ဖာဒီနန္ေျပာၾကားလာ

ရီယိုဖာဒီနန္ကအိုလီဂန္းနားဆိုးလ္ရွားအေနျဖင့္စေကာ့မက္တိုမီေနးကိုဗဟိုျပဳကာမန္ယူအသင္းကိုတည္ေဆာက္ သြားရမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

မက္တိုမီေနးဟာဝက္ဖို႔ဒ္အား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာမန္ယူကိုအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခြင့္ရရွိခဲ့ၿပီး အက္ဖ္ေအဖလားစတုတၳအဆင့္သို႔တက္ေရာက္ေစမယ့္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုလည္းေခါင္းတိုက္သြင္းယူခဲ့ သူျဖစ္ပါတယ္။

ရီယိုဖာဒီနန္က “သူ႔ကိုယ္သူ ဘယ္လိုဦးစီးဦးေဆာင္လုပ္ေနသလဲဆိုတာအားလုံးလည္းျမင္ၾကမွာပါ။ဒါေပမယ့္အ ေရးအႀကီးဆုံးကေတာ့ကြင္းထဲမွာအားလုံးပုံအပ္ၿပီးကစားေနတာပါ။ေနရာေတာ္ေတာ္မ်ားမ်ားကိုကာဗာလုပ္ေပး တယ္။အေျခအေနေတြမွာေကာင္းေကာင္းတုံ႔ျပန္ေပးတယ္။ဒါေတြအားလုံးကအသင္းေခါင္းေဆာင္တစ္ေယာက္မွာ ရွိရမယ့္အရာေတြပါ။အသင္းမွာအားလုံးေနာက္ကလိုက္လုပ္လာႏိုင္ေအာင္ေရွ႕တန္းဦးစီးဦးေဆာင္လုပ္ျပမယ့္သူလို ပါတယ္။သူ႔မွာဒီအသင္းမွာအရမ္းအေရးပါတဲ့သူျဖစ္လာဖို႔အရည္အခ်င္းအားလုံးရွိပါတယ္။ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာအသင္းမွာအေရးပါတဲ့သူအျဖစ္ရွိေနပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

မက္တိုမီေနးဟာဆိုးလ္ရွားရဲ႕လက္ေအာက္မွာမန္ယူအသင္းမွာပုံမွန္ကစားခြင့္ရရွိထားသူျဖစ္ၿပီးၿပိဳင္ပြဲအရပ္ရပ္မွာ ေလးဂိုးသြင္းယူထားႏိုင္ပါတယ္။

မန္ယူဟာလာမယ့္အဂၤါေန႔မွာဘန္ေလႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ၿပီးယင္းပြဲမွာအႏိုင္ရရင္အမွတ္ေပးဇယားထိပ္ဆုံးသို႔တက္လွမ္းလာႏိုင္မွာျဖစ္ကာလီဗာပူးကိုသုံးမွတ္ျဖတ္ထားႏိုင္ပါမယ္။၎တို႔ဟာဘန္ေလႏွင့္ပြဲအၿပီးယခုအပတ္ အကုန္မွာလီဗာပူးကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။