ဘယ်ကလပ်သို့ ပြောင်းရွှေ့ကစားချင်တယ်ဆိုတာ နာပိုလီရဲ့ဂျော်ဂျီယာမက်ဆီရဲ့အေးဂျင့်ဖွင့်ဟလာ

နာပိုလီစတားခါဗီချာခဗာရက်ခီလီယာရဲ့အေးဂျင့်ကဂျော်ဂျီယာမက်ဆီမှာနာပိုလီမှထွက်ခွာလျှင်ရီးရဲလ်မက်ဒရစ်သို့သာပြောင်းရွှေ့ကစားလိုကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ခါဗီချာခဗာရက်ခီလီယာဟာယခုရာသီတွင်နာပိုလီအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၆ပွဲကစားထားရာမှာ၁၂ဂိုးသွင်းပြီး၁၅ကြိမ်ဖန်တီးထားနိုင်မှုနှင့်အတူကမ္ဘာ့အကောင်းဆုံးကလပ်များရဲ့စောင့်ကြည့်ခြင်းခံနေရပါတယ်။

သူ့ကိုနယူးကာဆယ်၊ချဲလ်ဆီး၊ပီအက်စ်ဂျီနှင့်ရီးရဲလ်မက်ဒရစ်တို့ကစိတ်ဝင်စားနေပါတယ်။သူဟာလာမယ့်နွေရာသီတွင်ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကစားရန်ရေပန်းစားလာပြီဖြစ်ပါတယ်။

ဂျော်ဂျီယာလက်ရွေးစင်ရဲ့အေးဂျင့်မာမူကာဂျူဂီလီကခဗာရက်ခီလီယာမှာဖခင်ဖြစ်သူမှာဘာစီလိုနာအမာခံပရိသတ်ဖြစ်ပေမဲ့သူကိုယ်တိုင်မှာမူရီးရဲလ်မက်ဒရစ်ပရိသတ်ဖြစ်ပြီးရီးရဲလ်မက်ဒရစ်သို့သာပြောင်းရွှေ့ကစားလိုကြောင်းဆိုလာပါတယ်။

ဂျူခီလီက “သူ့အဖေနဲ့ကျွန်တော်ကဘာကာပရိသတ်တွေပါ။ဒါပေမဲ့ခဗာရာကရီးရဲလ်မက်ဒရစ်ကိုပဲချစ်တယ်။သူ့ကိုဘာကာအင်္ကျီနဲ့တွေ့ရရင်ကျွန်တော်အရမ်းပျော်မှာပါ။ဒါပေမဲ့သူကမက်ဒရစ်ပရိသတ်ပါ။နာပိုလီဒါရိုက်တာဘက်ကကျွန်တော့်ကိုအသင်းပြောင်းဖို့အလျှင်မလိုဖို့ပြောထားပါတယ်။ခဗာရာလည်းနာပိုလီမှာအားလုံးအဆင်ပြေနေပါတယ်”လို့ပြောကြားသွားပါတယ်။

နာပိုလီဟာယခုရာသီအကုန်တွင်ခရာဗာခဗာရက်ခီလီယာကိုတစ်နှစ်လုပ်ခပေါင်၂.၂သန်းတန် ၂၀၂၀၈ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးနေပါတယ်။သူဟာစာချုပ်သစ်ကြောင့်အပိုဆုကြေးငွေများလည်းရရှိလာပါဦးမယ်။

သူဟာနာပိုလီကိုမာရာဒိုနာခေတ်အလွန်၃၃နှစ်ကြာဝေးကွာနေခဲ့တဲ့စီးရီးအေဖလားရရှိအောင်သေချာလုနီးပါးအနေအထားသို့ရောက်အောင်အဓိကနေရာမှစွမ်းဆောင်ထားသူလည်းဖြစ်ပါတယ်။

နာပိုလီဟာစီးရီးအေအမှတ်ပေးဇယားကို၁၈မှတ်ဖြတ်ကာဦးဆောင်နေပြီးချန်ပီယံလိဂ်တွင်လည်းကွာတားဖိုင်နယ်သို့ခြေလှမ်းတစ်လှမ်းလှမ်းထားပြီးဖြစ်ပါတယ်။

ZawGyi

ဘယ္ကလပ္သို႔ ေျပာင္းေ႐ႊ႕ကစားခ်င္တယ္ဆိုတာ နာပိုလီရဲ႕ေဂ်ာ္ဂ်ီယာမက္ဆီရဲ႕ေအးဂ်င့္ဖြင့္ဟလာ

နာပိုလီစတားခါဗီခ်ာခဗာရက္ခီလီယာရဲ႕ေအးဂ်င့္ကေဂ်ာ္ဂ်ီယာမက္ဆီမွာနာပိုလီမွထြက္ခြာလွ်င္ရီးရဲလ္မက္ဒရစ္သို႔သာေျပာင္းေ႐ႊ႕ကစားလိုေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ခါဗီခ်ာခဗာရက္ခီလီယာဟာယခုရာသီတြင္နာပိုလီအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၆ပြဲကစားထားရာမွာ၁၂ဂိုးသြင္းၿပီး၁၅ႀကိမ္ဖန္တီးထားႏိုင္မႈႏွင့္အတူကမာၻ႔အေကာင္းဆုံးကလပ္မ်ားရဲ႕ေစာင့္ၾကည့္ျခင္းခံေနရပါတယ္။

သူ႔ကိုနယူးကာဆယ္၊ခ်ဲလ္ဆီး၊ပီအက္စ္ဂ်ီႏွင့္ရီးရဲလ္မက္ဒရစ္တို႔ကစိတ္ဝင္စားေနပါတယ္။သူဟာလာမယ့္ေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ကစားရန္ေရပန္းစားလာၿပီျဖစ္ပါတယ္။

ေဂ်ာ္ဂ်ီယာလက္ေ႐ြးစင္ရဲ႕ေအးဂ်င့္မာမူကာဂ်ဴဂီလီကခဗာရက္ခီလီယာမွာဖခင္ျဖစ္သူမွာဘာစီလိုနာအမာခံပရိသတ္ျဖစ္ေပမဲ့သူကိုယ္တိုင္မွာမူရီးရဲလ္မက္ဒရစ္ပရိသတ္ျဖစ္ၿပီးရီးရဲလ္မက္ဒရစ္သို႔သာေျပာင္းေ႐ႊ႕ကစားလိုေၾကာင္းဆိုလာပါတယ္။

ဂ်ဴခီလီက “သူ႔အေဖနဲ႔ကြၽန္ေတာ္ကဘာကာပရိသတ္ေတြပါ။ဒါေပမဲ့ခဗာရာကရီးရဲလ္မက္ဒရစ္ကိုပဲခ်စ္တယ္။သူ႔ကိုဘာကာအက်ႌနဲ႔ေတြ႕ရရင္ကြၽန္ေတာ္အရမ္းေပ်ာ္မွာပါ။ဒါေပမဲ့သူကမက္ဒရစ္ပရိသတ္ပါ။နာပိုလီဒါ႐ိုက္တာဘက္ကကြၽန္ေတာ့္ကိုအသင္းေျပာင္းဖို႔အလွ်င္မလိုဖို႔ေျပာထားပါတယ္။ခဗာရာလည္းနာပိုလီမွာအားလုံးအဆင္ေျပေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

နာပိုလီဟာယခုရာသီအကုန္တြင္ခရာဗာခဗာရက္ခီလီယာကိုတစ္ႏွစ္လုပ္ခေပါင္၂.၂သန္းတန္ ၂၀၂၀၈ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးေနပါတယ္။သူဟာစာခ်ဳပ္သစ္ေၾကာင့္အပိုဆုေၾကးေငြမ်ားလည္းရရွိလာပါဦးမယ္။

သူဟာနာပိုလီကိုမာရာဒိုနာေခတ္အလြန္၃၃ႏွစ္ၾကာေဝးကြာေနခဲ့တဲ့စီးရီးေအဖလားရရွိေအာင္ေသခ်ာလုနီးပါးအေနအထားသို႔ေရာက္ေအာင္အဓိကေနရာမွစြမ္းေဆာင္ထားသူလည္းျဖစ္ပါတယ္။

နာပိုလီဟာစီးရီးေအအမွတ္ေပးဇယားကို၁၈မွတ္ျဖတ္ကာဦးေဆာင္ေနၿပီးခ်န္ပီယံလိဂ္တြင္လည္းကြာတားဖိုင္နယ္သို႔ေျခလွမ္းတစ္လွမ္းလွမ္းထားၿပီးျဖစ္ပါတယ္။