ဘယ်ဂျီယံနည်းပြသစ်အဖြစ် အသက် ၃၇ နှစ်အရွယ် နည်းပြ ခန့်အပ်ခြင်းခံရ

ရှော်လ်ကေး၊စပါးတပ်မော်စကိုနှင့်လိုက်ဇစ်နည်းပြဟောင်းဒိုမီနီကိုတီဒက်စ်ကိုဟာဘယ်လ်ဂျီယံနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံလာရပါတယ်။

အသက်၃၇နှစ်ရှိနည်းပြဟာအီတလီဖွားတစ်ဦးဖြစ်ပြီးဂျာမန်နိုင်ငံသားအဖြစ်ခံယူထားကာဘယ်ဂျီယံအသင်းကိုယူရို၂၀၂၄ပြိုင်ပွဲအထိကိုင်တွယ်သွားရန်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

ဘယ်လ်ဂျီယံဟာပြီးခဲ့တဲ့၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အုပ်စုအဆင့်မှထွက်ခွာရပြီးနောက်ရာထူးမှထွက်ခွာသွားခဲ့တဲ့ရောဘတ်တိုမာတီနက်ဇ်နေရာတွင်အစားထိုးရန်တီဒက်စ်ကိုအားခန့်အပ်လာတာလည်းဖြစ်ပါတယ်။

တီဒက်စ်ကိုဟာဘယ်ဂျီယံအတွက်ပထမဆုံးပွဲစဉ်အဖြစ်လာမယ့်မတ်လ၂၄ရက်နေ့စတော့ခ်ဟုမ်းတွင်ဆွီဒင်နှင့်ရင်ဆိုင်ရမဲ့ယူရို၂၀၂၄၂ခြေစစ်ပွဲစဉ်အားကိုင်တွယ်လာရပါမယ်။

တီဒက်စ်ကိုဟာအသက်၃၁နှစ်အရွယ်တွင်စတုဂတ်၊ဟော်ဖန်ဟိမ်းလူငယ်အသင်းများကိုကိုင်တွယ်ပြီးနောက်အဆင့်နိမ့်ကလပ် Erzgebirge Aue ကိုကိုင်တွယ်ပြီး၂၀၁၇-၁၈ရာသီတွင်ရှော်လ်ကေးကိုကိုင်တွယ်ခဲ့ပါတယ်။

သူဟာရှော်လ်ကေးကိုကိုင်တွယ်တဲ့ပထမဆုံးရာသီတွင်ဘွန်ဒက်စ်လီဂါတွင်ဒုတိယရရှိအောင်ဦးဆောင်ခဲ့ပေမဲ့၂၀၁၉ခုနှစ်၊မတ်လတွင်ချန်ပီယံလိဂ်တွင်မန်စီးတီးကို၇-၀ဂိုးဖြင့်ရှုံးနိမ့်မှုအပါအဝင်၇ပွဲဆက်နိုင်ပွဲပျောက်ပြီးနောက်ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာစပါးတပ်မော်စကိုအားနှစ်ရာသီကိုင်တွယ်ပြီးနောက်၂၀၂၁ခုနှစ်၊ဒီဇင်ဘာလတွင်လိုက်ဇစ်အားကိုင်တွယ်ကာဂျာမန်ပိုကယ်ဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အပြင်ယူရိုပါလိဂ်ဆီးမီးဖိုင်နယ်သို့တက်ရောက်အောင်လည်းစွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာစက်တင်ဘာလတွင်ရလဒ်ဆိုးရွားမှုကြောင့်ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ဘယ္ဂ်ီယံနည္းျပသစ္အျဖစ္ အသက္ ၃၇ ႏွစ္အ႐ြယ္ နည္းျပ ခန႔္အပ္ျခင္းခံရ

ေရွာ္လ္ေကး၊စပါးတပ္ေမာ္စကိုႏွင့္လိုက္ဇစ္နည္းျပေဟာင္းဒိုမီနီကိုတီဒက္စ္ကိုဟာဘယ္လ္ဂ်ီယံနည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံလာရပါတယ္။

အသက္၃၇ႏွစ္ရွိနည္းျပဟာအီတလီဖြားတစ္ဦးျဖစ္ၿပီးဂ်ာမန္ႏိုင္ငံသားအျဖစ္ခံယူထားကာဘယ္ဂ်ီယံအသင္းကိုယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိကိုင္တြယ္သြားရန္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။

ဘယ္လ္ဂ်ီယံဟာၿပီးခဲ့တဲ့၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အုပ္စုအဆင့္မွထြက္ခြာရၿပီးေနာက္ရာထူးမွထြက္ခြာသြားခဲ့တဲ့ေရာဘတ္တိုမာတီနက္ဇ္ေနရာတြင္အစားထိုးရန္တီဒက္စ္ကိုအားခန႔္အပ္လာတာလည္းျဖစ္ပါတယ္။

တီဒက္စ္ကိုဟာဘယ္ဂ်ီယံအတြက္ပထမဆုံးပြဲစဥ္အျဖစ္လာမယ့္မတ္လ၂၄ရက္ေန႔စေတာ့ခ္ဟုမ္းတြင္ဆြီဒင္ႏွင့္ရင္ဆိုင္ရမဲ့ယူ႐ို၂၀၂၄၂ေျခစစ္ပြဲစဥ္အားကိုင္တြယ္လာရပါမယ္။

တီဒက္စ္ကိုဟာအသက္၃၁ႏွစ္အ႐ြယ္တြင္စတုဂတ္၊ေဟာ္ဖန္ဟိမ္းလူငယ္အသင္းမ်ားကိုကိုင္တြယ္ၿပီးေနာက္အဆင့္နိမ့္ကလပ္ Erzgebirge Aue ကိုကိုင္တြယ္ၿပီး၂၀၁၇-၁၈ရာသီတြင္ေရွာ္လ္ေကးကိုကိုင္တြယ္ခဲ့ပါတယ္။

သူဟာေရွာ္လ္ေကးကိုကိုင္တြယ္တဲ့ပထမဆုံးရာသီတြင္ဘြန္ဒက္စ္လီဂါတြင္ဒုတိယရရွိေအာင္ဦးေဆာင္ခဲ့ေပမဲ့၂၀၁၉ခုႏွစ္၊မတ္လတြင္ခ်န္ပီယံလိဂ္တြင္မန္စီးတီးကို၇-၀ဂိုးျဖင့္ရႈံးနိမ့္မႈအပါအဝင္၇ပြဲဆက္ႏိုင္ပြဲေပ်ာက္ၿပီးေနာက္ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

သူဟာစပါးတပ္ေမာ္စကိုအားႏွစ္ရာသီကိုင္တြယ္ၿပီးေနာက္၂၀၂၁ခုႏွစ္၊ဒီဇင္ဘာလတြင္လိုက္ဇစ္အားကိုင္တြယ္ကာဂ်ာမန္ပိုကယ္ဖလားခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့အျပင္ယူ႐ိုပါလိဂ္ဆီးမီးဖိုင္နယ္သို႔တက္ေရာက္ေအာင္လည္းစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့သူဟာစက္တင္ဘာလတြင္ရလဒ္ဆိုး႐ြားမႈေၾကာင့္ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။