ဘယ်တော့ ဟယ်ရီကိန်း ကစားနိုင်မလဲ စပါးစ်နည်းပြနူနိုမသိသေး

နူနိုအက်စ်ပီရီတိုဆန်တိုကဟယ်ရီကိန်းစပါးစ်အတွက်ဘယ်တော့ပြန်ကစားနိုင်မလဲမသိသေးကြောင်းပြောကြားလိုက်ပါတယ်။

စပါးစ်နည်းပြနူနိုဟာလာမယ့်သောကြာနေ့တွင်အသင်းမှထွက်ခွာလိုနေတဲ့တိုက်စစ်မှူးရဲ့ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာအခြေအနေတို့ကိုဆန်းစစ်မှုပြုလုပ်ကာသုံးသင့်/မသုံးသင့်ဆုံးဖြတ်သွားပါမယ်။

မန်စီးတီးရဲ့ပစ်မှတ်ထားခြင်းခံနေရတဲ့စပါးစ်အသင်းခေါင်းဆောင်ဟာစပါးစ်အသင်းရဲ့ပါကို့စ်ဒီဖာရဲရာနှင့်ကစားရမယ့်ယူရိုပါကွန်ဖရင့်ပလေးအော့ဖ်ပွဲကစားရန်လိုက်ပါသွားခြင်းမရှိဘဲအင်္ဂလန်တွင်တစ်ဦးတည်းကျန်ရစ်ကာလေ့ကျင့်ခန်းဆင်းနေသူလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်မှထွက်ခွာပြီးမန်စီးတီးသို့ပြောင်းရွှေ့ရန်စိတ်ဆန္ဒပြင်းပြနေမှုနဲ့အတူစပါးစ်နှင့်အဆင်မပြေဖြစ်နေသူလည်းဖြစ်ပါတယ်။

ကိန်းဟာအသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင်မပါဝင်မှုနဲ့အတူကြံ့ခိုင်မှုပိုင်းအကောင်းဆုံးအနေအထားသို့မရောက်သေးဘူးလို့ယူဆရပါတယ်။

လက်ရှိအနေအထားများကြောင့်ဟယ်ရီကိန်းဟာတနင်္ဂနွေနေ့တွင်ဝုဗ်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲကိုလွဲချော်ဖို့ရှိနေပါသေးတယ်။

နူနိုက “အဖက်ဖက်ကစဉ်းစားရပါမယ်။ကြံ့ခိုင်မှုပိုင်း၊စိတ်ပိုင်းတို့ကိုကြည့်ရပါမယ်။ကစားသမားတိုင်းကိုတန်းတူပဲအားပေးဆက်ဆံပါတယ်။ဟယ်ရီကိုလည်းကျွန်တော်တို့အားလုံးအားပေးပါတယ်။သူဟာတစ်နေ့ပြီးတစ်နေ့ပိုကောင်းလာနေပါတယ်။သောကြာနေ့မှာအသင်းနဲ့ပူးပေါင်းပါမယ်။စနေနေ့မှာပွဲမှာ(ဝုဗ်)ဘယ်သူပါဝင်မလဲဆိုတာကျွန်တော်တို့ဆုံးဖြတ်ပါမယ်။ကစားသမားအားလုံးနဲ့ နေ့စဉ်နဲ့အမျှစကားပြောပါတယ်။သူတို့နဲ့အတူရှိနေတဲ့အချိန်မှာဒါကသာမန်လုပ်ရိုးလုပ်စဉ်ပါ”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ဘယ္ေတာ့ ဟယ္ရီကိန္း ကစားႏိုင္မလဲ စပါးစ္နည္းျပႏူႏိုမသိေသး

ႏူႏိုအက္စ္ပီရီတိုဆန္တိုကဟယ္ရီကိန္းစပါးစ္အတြက္ဘယ္ေတာ့ျပန္ကစားႏိုင္မလဲမသိေသးေၾကာင္းေျပာၾကားလိုက္ပါတယ္။

စပါးစ္နည္းျပႏူႏိုဟာလာမယ့္ေသာၾကာေန႔တြင္အသင္းမွထြက္ခြာလိုေနတဲ့တိုက္စစ္မႉးရဲ႕႐ုပ္ပိုင္းဆိုင္ရာ၊စိတ္ပိုင္းဆိုင္ရာအေျခအေနတို႔ကိုဆန္းစစ္မႈျပဳလုပ္ကာသုံးသင့္/မသုံးသင့္ဆုံးျဖတ္သြားပါမယ္။

မန္စီးတီးရဲ႕ပစ္မွတ္ထားျခင္းခံေနရတဲ့စပါးစ္အသင္းေခါင္းေဆာင္ဟာစပါးစ္အသင္းရဲ႕ပါကို႔စ္ဒီဖာရဲရာႏွင့္ကစားရမယ့္ယူ႐ိုပါကြန္ဖရင့္ပေလးေအာ့ဖ္ပြဲကစားရန္လိုက္ပါသြားျခင္းမရွိဘဲအဂၤလန္တြင္တစ္ဦးတည္းက်န္ရစ္ကာေလ့က်င့္ခန္းဆင္းေနသူလည္းျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာစပါးစ္မွထြက္ခြာၿပီးမန္စီးတီးသို႔ေျပာင္းေ႐ႊ႕ရန္စိတ္ဆႏၵျပင္းျပေနမႈနဲ႔အတူစပါးစ္ႏွင့္အဆင္မေျပျဖစ္ေနသူလည္းျဖစ္ပါတယ္။

ကိန္းဟာအသင္းရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္တြင္မပါဝင္မႈနဲ႔အတူႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးအေနအထားသို႔မေရာက္ေသးဘူးလို႔ယူဆရပါတယ္။

လက္ရွိအေနအထားမ်ားေၾကာင့္ဟယ္ရီကိန္းဟာတနဂၤေႏြေန႔တြင္ဝုဗ္ႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲကိုလြဲေခ်ာ္ဖို႔ရွိေနပါေသးတယ္။

ႏူႏိုက “အဖက္ဖက္ကစဥ္းစားရပါမယ္။ႀကံ့ခိုင္မႈပိုင္း၊စိတ္ပိုင္းတို႔ကိုၾကည့္ရပါမယ္။ကစားသမားတိုင္းကိုတန္းတူပဲအားေပးဆက္ဆံပါတယ္။ဟယ္ရီကိုလည္းကြၽန္ေတာ္တို႔အားလုံးအားေပးပါတယ္။သူဟာတစ္ေန႔ၿပီးတစ္ေန႔ပိုေကာင္းလာေနပါတယ္။ေသာၾကာေန႔မွာအသင္းနဲ႔ပူးေပါင္းပါမယ္။စေနေန႔မွာပြဲမွာ(ဝုဗ္)ဘယ္သူပါဝင္မလဲဆိုတာကြၽန္ေတာ္တို႔ဆုံးျဖတ္ပါမယ္။ကစားသမားအားလုံးနဲ႔ ေန႔စဥ္နဲ႔အမွ်စကားေျပာပါတယ္။သူတို႔နဲ႔အတူရွိေနတဲ့အခ်ိန္မွာဒါကသာမန္လုပ္႐ိုးလုပ္စဥ္ပါ”လို႔ေျပာၾကားခဲ့ပါတယ္။