ဘယ်လိုမှ မှန်းဆမရအောင်လှပလွန်းနေတဲ့ အသက် ၃၈ နှစ်အရွယ်မှာပလေးဘွိုင်းမော်ဒယ်ဖြစ်လာတဲ့ ရိန်းဂျားဂန္ထဝင်ရဲ့ချစ်သူဟောင်း

ရိန်းဂျားဂန္ထဝင်နာချိုနိုဗိုရဲ့ရည်းစားဟောင်းဟာစကော့တလန်ရဲ့အသက်အကြီးဆုံးပလေးဘွိုင်းမော်ဒယ်ဖြစ်လာမှုအပေါ်အကြီးအကျယ်ဂုဏ်ယူလျက်ရှိနေပါတယ်။

စတီဖာနီဟီယာနေးဟာအသက်၃၈နှစ်အရွယ်မှာပုရိသအကြိုက်မဂ္ဂဇင်းမှာဖော်ပြခြင်းခံလာရတာလည်းဖြစ်ပါတယ်။

ကလေးနှစ်ယောက်မိခင်ဟာကမ္ဘာတလွှားခရီးသွားပြီးပလေးဘွိုင်အတွက်ဓာတ်ပုံရိုက်ခဲ့ပါတယ်။

သူမဟာရင်သားပြုပြင်ခြင်း၊တင်ပင့်ခြင်းတို့ပြုလုပ်ပြီးတဲ့နောက် ပလေးဘွိုင်အတွက်မော်ဒယ်လုပ်လာတာလည်းဖြစ်ပါတယ်။

သူမက “အသက်၃၈နှစ်အရွယ်မှာပလေးဘွိုင်မော်ဒယ်ဖြစ်လာလို့အရမ်းဂုဏ်ယူတယ်။စကော့တလန်မှာကျွန်မလိုအသက်အရွယ်မျိုးမှာဒီလိုလုပ်ခွင့်ရတဲ့သူမရှိသေးဘူး။ပလေးဘွိုင်းကစံပြပါ။တကယ်ပဲဂုဏ်ယူပါတယ်။အကောင်းဆုံးပုံစံရဖို့ကျွန်မအများကြီးလုပ်ခဲ့ရတယ်။စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာတွေအတွက်စိုးရိမ်ခဲ့ရတယ်။ပလေးဘွိုင်ကတကယ်ပဲကြီးကျယ်တယ်။ကျွန်မအရမ်းတုန်လှုပ်ခဲ့ရတယ်။ငိုတောင်ငိုခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

စတီဖာနီဟာ၂၀၁၇ခုနှစ်တုန်းကအသက်၄၃နှစ်ရှိရိန်းဂျားဂန္ထဝင်နိုဗိုနဲ့ဆုံတွေ့ချစ်ကြိုက်ခဲ့ပါတယ်။သူမဟာနှလုံးရောဂါဝေဒနာခံစားနေတဲ့နိုဗိုကိုကျန်းမာရေးကောင်းမွန်လာအောင်များစွာပြုစုစောင့်ရှောက်ခဲ့ရပါတယ်။

ZawGyi

ဘယ္လိုမွ မွန္းဆမရေအာင္လွပလြန္းေနတဲ့ အသက္ ၃၈ ႏွစ္အ႐ြယ္မွာပေလးဘြိဳင္းေမာ္ဒယ္ျဖစ္လာတဲ့ ရိန္းဂ်ားဂႏၴဝင္ရဲ႕ခ်စ္သူေဟာင္း

ရိန္းဂ်ားဂႏၴဝင္နာခ်ိဳႏိုဗိုရဲ႕ရည္းစားေဟာင္းဟာစေကာ့တလန္ရဲ႕အသက္အႀကီးဆုံးပေလးဘြိဳင္းေမာ္ဒယ္ျဖစ္လာမႈအေပၚအႀကီးအက်ယ္ဂုဏ္ယူလ်က္ရွိေနပါတယ္။

စတီဖာနီဟီယာေနးဟာအသက္၃၈ႏွစ္အ႐ြယ္မွာပုရိသအႀကိဳက္မဂၢဇင္းမွာေဖာ္ျပျခင္းခံလာရတာလည္းျဖစ္ပါတယ္။

ကေလးႏွစ္ေယာက္မိခင္ဟာကမာၻတလႊားခရီးသြားၿပီးပေလးဘြိဳင္အတြက္ဓာတ္ပုံ႐ိုက္ခဲ့ပါတယ္။

သူမဟာရင္သားျပဳျပင္ျခင္း၊တင္ပင့္ျခင္းတို႔ျပဳလုပ္ၿပီးတဲ့ေနာက္ ပေလးဘြိဳင္အတြက္ေမာ္ဒယ္လုပ္လာတာလည္းျဖစ္ပါတယ္။

သူမက “အသက္၃၈ႏွစ္အ႐ြယ္မွာပေလးဘြိဳင္ေမာ္ဒယ္ျဖစ္လာလို႔အရမ္းဂုဏ္ယူတယ္။စေကာ့တလန္မွာကြၽန္မလိုအသက္အ႐ြယ္မ်ိဳးမွာဒီလိုလုပ္ခြင့္ရတဲ့သူမရွိေသးဘူး။ပေလးဘြိဳင္းကစံျပပါ။တကယ္ပဲဂုဏ္ယူပါတယ္။အေကာင္းဆုံးပုံစံရဖို႔ကြၽန္မအမ်ားႀကီးလုပ္ခဲ့ရတယ္။စိတ္ပိုင္းဆိုင္ရာ၊႐ုပ္ပိုင္းဆိုင္ရာေတြအတြက္စိုးရိမ္ခဲ့ရတယ္။ပေလးဘြိဳင္ကတကယ္ပဲႀကီးက်ယ္တယ္။ကြၽန္မအရမ္းတုန္လႈပ္ခဲ့ရတယ္။ငိုေတာင္ငိုခဲ့ရတယ္”လို႔ေျပာၾကားသြားပါတယ္။

စတီဖာနီဟာ၂၀၁၇ခုႏွစ္တုန္းကအသက္၄၃ႏွစ္ရွိရိန္းဂ်ားဂႏၴဝင္ႏိုဗိုနဲ႔ဆုံေတြ႕ခ်စ္ႀကိဳက္ခဲ့ပါတယ္။သူမဟာႏွလုံးေရာဂါေဝဒနာခံစားေနတဲ့ႏိုဗိုကိုက်န္းမာေရးေကာင္းမြန္လာေအာင္မ်ားစြာျပဳစုေစာင့္ေရွာက္ခဲ့ရပါတယ္။