ဘယ်ရည်းစားကို အချစ်ဆုံးဆိုတာ ပြောရတော့မယ့် ငါးရံ့နှစ်ကောင် တပြိုင်တည်းဖမ်းတဲ့ ဂျက်ဂရဲလ်လစ်ရှ်

ဂျက်ဂရဲလ်လစ်ရှ်ရဲ့ငယ်ချစ်ကအင်္ဂလန်စတားအနေဖြင့်သူမနှင့်မင်းသမီးအီမီလီအတက်ခ်တို့ကြားတွင်တစ်ဦးကိုပြတ်ပြတ်သားသားရွေးချယ်ရန်ပြောကြားလာခဲ့ပြီဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိမန်စီးတီးစတားဟာအသက်၃၁နှစ်ရှိရုပ်သံတင်ဆက်သူနှင့်ရုပ်ရှင်မင်းသမီးအီမီလီအတက်ခ်နှင့်လျို့ဝှက်စွာချစ်ကြိုက်နေပါတယ်။

ဂျက်ဟာသူ့ရဲ့ငယ်ချစ်ဆာရှာအက်ဝုဒ်အား သူနှင့်အီမီလီအတက်ခ်တို့အကြားရင်းနှီးမှုမှာသူငယ်ချင်းအဆင့်သာရှိကြောင်းပြောကြားကာငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်ဂျက်ဂရဲလ်လစ်ရှ်နှင့်ဆာရှာအက်ဝုဒ်တို့ဟာအနာဂတ်နှင့်ပက်သက်ပြီးဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။ယင်းဆွေးနွေးမှုတွင်ဆာရှာအက်ဝုဒ်ကသူမနှင့်အီမီလီအတက်ခ်အကြားတစ်ဦးဦးကိုပြတ်ပြတ်သားသားရွေးချယ်ရန်ပြောဆိုခဲ့ပါတယ်။

တစ်ဖက်တွင်အသက်၃၁နှစ်ရှိအီမီလီအတက်ခ်ကိုယ်တိုင်ကလည်းဂျက်ဂရဲလ်လစ်ရှ်ကိုတကိုယ်တည်းသမားလို့ယူဆကာချစ်ကြိုက်ခဲ့တာဖြစ်ပြီးသူမနှင့်ဆာရှာအက်ဝုဒ်အကြားတစ်ဦးကိုရွေးချယ်ရန်ပြတ်သားစွာပြောဆိုထားပြီးလည်းဖြစ်ပါတယ်။

လက်ရှိအနေအထားအရဂျက်ဂရဲလ်လစ်ရှ်အနေဖြင့်ငယ်စဉ်ကတည်းကချစ်ကြိုက်လာခဲ့တဲ့အက်ဝုဒ်နှင့်အတက်ခ်တို့အကြားတစ်ဦးကိုပြတ်သားစွာရွေးရပါတော့မယ်။

ZawGyi






