ဘယ်လင်ဂမ်ကို ဈေးပေါင်သန်း ၅၀ လျှော့ပြီး ပေါင် ၈၃ သန်းဖြင့် ရောင်းလာမယ့် ဒေါ့မွန်

ဒေါ့မွန်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တါင်ဂျူ့ဘယ်လင်ဂမ်ကိုပြောင်းရွှေ့ကြေးပေါင်၈၃သန်းဖြင့်ရောင်းချလာတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ဒေါ့မွန်ဟာယင်းပေါင်၈၃သန်းကိုအရစ်ကျပေးချေမှုအားလက်ခံမှာမဟုတ်ဘဲတစုတတည်းတခါတည်းပေးမှသာရောင်းချလာမှာလည်းဖြစ်ပါတယ်။

မန်စီးတီးဟာယင်းသို့ဒေါ့မွန်ဘက်ကပေါင်၈၃သန်းဖြင့်အပြတ်ပေးလာပါကဘယ်လင်ဂမ်ကိုရောင်းချလာမှာဖြစ်လို့ အင်္ဂလန်စတားကိုဝယ်ယူနိုင်ရေးအခြေအနေကောင်းလာပါတယ်။

အင်္ဂလန်လက်ရွေးစင်စတားကိုရီးရဲလ်မက်ဒရစ်၊လီဗာပူး၊ယူနိုက်တက်နှင့်ချဲလ်ဆီးတို့လည်းစိတ်ဝင်စားနေကြပါတယ်။

ဒေါ့မွန်ဟာဘယ်လင်ဂမ်ကိုပြောင်းရွှေ့ကြေးပေါင်သန်း၁၃၀အထိသတ်မှတ်ထားတာပါ။ဒါပေမဲ့ဒေါ့မွန်ဟာဘယ်လင်ဂမ်ကိုပေါင်၈၃သန်းဖြင့်ငွေသားချည်းသက်သက်တပြိုင်တည်းပေးလျှင်ရောင်းချလာပါမယ်။

ယင်းပမာဏမှာအရစ်ကျဖြင့်ဝယ်ယူနိုင်မယ့်ပမာဏထက်ပေါင်သန်း၅၀အထိနည်းပါးနေပါတယ်။

မန်စီးတီးဟာနွေရာသီတွင်ကယ်ဗင်ဖီးလစ်ကိုခေါ်ယူခဲ့တယ်ဆိုပေမဲ့ ဒီဘရိုင်းမှာအသက်၃၀နှစ်ကျော်လာမှု၊ဂန်ဒိုဂန်မှာစာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်အခြေအနေသို့ရောက်နေမှုတို့ကြောင့်ဘယ်လင်ဂမ်ကိုခေါ်ယူရေးစိတ်ဝင်စားလာတာလည်းဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာဒေါ့မွန်နှင့်စာချုပ်သက်တမ်းသုံးနှစ်ကျန်နေသေးသူဖြစ်ပြီး အာလင်းဟာလန်းကဲ့သို့စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းထားသူမဟုတ်ပါဘူး။

ZawGyi

ဘယ္လင္ဂမ္ကို ေဈးေပါင္သန္း ၅၀ ေလွ်ာ့ၿပီး ေပါင္ ၈၃ သန္းျဖင့္ ေရာင္းလာမယ့္ ေဒါ့မြန္

ေဒါ့မြန္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တါင္ဂ်ဴ႕ဘယ္လင္ဂမ္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၈၃သန္းျဖင့္ေရာင္းခ်လာေတာ့မွာျဖစ္ပါတယ္။ဒါေပမဲ့ေဒါ့မြန္ဟာယင္းေပါင္၈၃သန္းကိုအရစ္က်ေပးေခ်မႈအားလက္ခံမွာမဟုတ္ဘဲတစုတတည္းတခါတည္းေပးမွသာေရာင္းခ်လာမွာလည္းျဖစ္ပါတယ္။

မန္စီးတီးဟာယင္းသို႔ေဒါ့မြန္ဘက္ကေပါင္၈၃သန္းျဖင့္အျပတ္ေပးလာပါကဘယ္လင္ဂမ္ကိုေရာင္းခ်လာမွာျဖစ္လို႔ အဂၤလန္စတားကိုဝယ္ယူႏိုင္ေရးအေျခအေနေကာင္းလာပါတယ္။

အဂၤလန္လက္ေ႐ြးစင္စတားကိုရီးရဲလ္မက္ဒရစ္၊လီဗာပူး၊ယူႏိုက္တက္ႏွင့္ခ်ဲလ္ဆီးတို႔လည္းစိတ္ဝင္စားေနၾကပါတယ္။

ေဒါ့မြန္ဟာဘယ္လင္ဂမ္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၃၀အထိသတ္မွတ္ထားတာပါ။ဒါေပမဲ့ေဒါ့မြန္ဟာဘယ္လင္ဂမ္ကိုေပါင္၈၃သန္းျဖင့္ေငြသားခ်ည္းသက္သက္တၿပိဳင္တည္းေပးလွ်င္ေရာင္းခ်လာပါမယ္။

ယင္းပမာဏမွာအရစ္က်ျဖင့္ဝယ္ယူႏိုင္မယ့္ပမာဏထက္ေပါင္သန္း၅၀အထိနည္းပါးေနပါတယ္။

မန္စီးတီးဟာေႏြရာသီတြင္ကယ္ဗင္ဖီးလစ္ကိုေခၚယူခဲ့တယ္ဆိုေပမဲ့ ဒီဘ႐ိုင္းမွာအသက္၃၀ႏွစ္ေက်ာ္လာမႈ၊ဂန္ဒိုဂန္မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္အေျခအေနသို႔ေရာက္ေနမႈတို႔ေၾကာင့္ဘယ္လင္ဂမ္ကိုေခၚယူေရးစိတ္ဝင္စားလာတာလည္းျဖစ္ပါတယ္။

ဘယ္လင္ဂမ္ဟာေဒါ့မြန္ႏွင့္စာခ်ဳပ္သက္တမ္းသုံးႏွစ္က်န္ေနေသးသူျဖစ္ၿပီး အာလင္းဟာလန္းကဲ့သို႔စာခ်ဳပ္ဖ်က္သိမ္းေၾကးထည့္သြင္းထားသူမဟုတ္ပါဘူး။