ဘယ်လင်ဂမ်ကို လိုချင်ပါက ငွေများစွာ သုံးရလိမ့်မည်ဟု လီဗာပူးကို ဒေါ့မွန်သတိပေး

လီဗာပူးအသင်းဟာဂျူ့ဘယ်လင်ဂတ်ကိုခေါ်ယူရန်စောင့်ကြည့်နေတဲ့ပရီးမီးယားလိဂ်ကလပ်များထဲမှတစ်သင်းဖြစ်ပါတယ်။ဒါပေမယ့်ယခုအခါလီဗာပူးဟာအင်္ဂလန်ကွင်းလယ်ကစားသမားအားခေါ်ယူလိုပါကများပြားတဲ့ငွေကြေးပမာဏအသုံးပြုလာလိမ့်မယ်လို့သတိပေးခြင်းခံလာရပြီဖြစ်ပါတယ်။

ဒေါ့မွန်အသင်းကအင်္ဂလန်ပါရမီရှင်ကွင်းလယ်ကစားသမားကိုလီဗာပူးကခေါ်ယူရန်စိတ်ဝင်စားနေကြောင်းအတည်ပြုသွားပါတယ်။

အသက်၁၈နှစ်ရှိဘယ်လင်ဂမ်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကယူရို၂၀၂၀ပြိုင်ပွဲတွင်အင်္ဂလန်အတွက်သုံးပွဲကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်နွေတုန်းကဘာမင်ဂမ်မှဒေါ့မွန်သို့ပေါင်သန်း၃၀ဖြင့်ပြောင်းပြီးနောက်အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားလာခဲ့သူလည်းဖြစ်ပါတယ်။

လီဗာပူးနည်းပြကလော့ပ်ဟာဘယ်လင်ဂမ်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီးသူ့ကိုမန်ယူ၊မန်စီးတီးနှင့်ချဲလ်ဆီးတို့ကလည်းစိတ်ဝင်စားနေပါတယ်။ဒါ့အပြင်ဥရောပထိပ်သီးများဖြစ်ကြတဲ့ပီအက်စ်ဂျီနှင့်ပီအက်စ်ဂျီတို့ကလည်းသူ့ကိုစိတ်ဝင်စားနေကြပါတယ်။

ဒေါ့မွန်အားကစားဒါရိုက်တာဆီဘာစတီယန်ခါးလ်က “ဂျူ့ဘယ်လင်ဂမ်ကိုစိတ်ဝင်စားနေတဲ့ကလပ်တွေကတော့အများကြီးပါပဲ။လီဗာပူးတစ်သင်းတည်းဘဲစိတ်ဝင်စားနေတာမဟုတ်ပါဘူး။ဒါပေမယ့်သူ့စာချုပ်မှာထွက်ခွာနိုင်တဲ့အချက်မပါဝင်ပါဘူး။သူ့ကိုပရိသတ်တွေကချစ်ကြတယ်။သူလည်းပျော်နေတယ်။ချက်ချင်းထွက်ခွာမယ့်လက္ခဏာလည်းမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘယ္လင္ဂမ္ကို လိုခ်င္ပါက ေငြမ်ားစြာ သုံးရလိမ့္မည္ဟု လီဗာပူးကို ေဒါ့မြန္သတိေပး

လီဗာပူးအသင္းဟာဂ်ဴ႕ဘယ္လင္ဂတ္ကိုေခၚယူရန္ေစာင့္ၾကည့္ေနတဲ့ပရီးမီးယားလိဂ္ကလပ္မ်ားထဲမွတစ္သင္းျဖစ္ပါတယ္။ဒါေပမယ့္ယခုအခါလီဗာပူးဟာအဂၤလန္ကြင္းလယ္ကစားသမားအားေခၚယူလိုပါကမ်ားျပားတဲ့ေငြေၾကးပမာဏအသုံးျပဳလာလိမ့္မယ္လို႔သတိေပးျခင္းခံလာရၿပီျဖစ္ပါတယ္။

ေဒါ့မြန္အသင္းကအဂၤလန္ပါရမီရွင္ကြင္းလယ္ကစားသမားကိုလီဗာပူးကေခၚယူရန္စိတ္ဝင္စားေနေၾကာင္းအတည္ျပဳသြားပါတယ္။

အသက္၁၈ႏွစ္ရွိဘယ္လင္ဂမ္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အဂၤလန္အတြက္သုံးပြဲကစားခြင့္ရရွိခဲ့သူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကဘာမင္ဂမ္မွေဒါ့မြန္သို႔ေပါင္သန္း၃၀ျဖင့္ေျပာင္းၿပီးေနာက္အဓိကကစားသမားအျဖစ္ေျခစြမ္းျပကစားလာခဲ့သူလည္းျဖစ္ပါတယ္။

လီဗာပူးနည္းျပကေလာ့ပ္ဟာဘယ္လင္ဂမ္ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီးသူ႔ကိုမန္ယူ၊မန္စီးတီးႏွင့္ခ်ဲလ္ဆီးတို႔ကလည္းစိတ္ဝင္စားေနပါတယ္။ဒါ့အျပင္ဥေရာပထိပ္သီးမ်ားျဖစ္ၾကတဲ့ပီအက္စ္ဂ်ီႏွင့္ပီအက္စ္ဂ်ီတို႔ကလည္းသူ႔ကိုစိတ္ဝင္စားေနၾကပါတယ္။

ေဒါ့မြန္အားကစားဒါ႐ိုက္တာဆီဘာစတီယန္ခါးလ္က “ဂ်ဴ႕ဘယ္လင္ဂမ္ကိုစိတ္ဝင္စားေနတဲ့ကလပ္ေတြကေတာ့အမ်ားႀကီးပါပဲ။လီဗာပူးတစ္သင္းတည္းဘဲစိတ္ဝင္စားေနတာမဟုတ္ပါဘူး။ဒါေပမယ့္သူ႔စာခ်ဳပ္မွာထြက္ခြာႏိုင္တဲ့အခ်က္မပါဝင္ပါဘူး။သူ႔ကိုပရိသတ္ေတြကခ်စ္ၾကတယ္။သူလည္းေပ်ာ္ေနတယ္။ခ်က္ခ်င္းထြက္ခြာမယ့္လကၡဏာလည္းမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။