
ဒေါ့မွန်ဟာဂျူ့ဘယ်လင်ဂမ်အတွက်ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၃၀အထိတောင်းဆိုလာဖို့ရှိနေကြောင်းသိရပါတယ်။
အသက်၁၉နှစ်ရှိအင်္ဂလန်ကွင်းလယ်ကစားသမားကိုယူနိုက်တက်၊ချဲလ်ဆီး၊လီဗာပူး၊ရီးရဲလ်မက်ဒရစ်တို့ကစိတ်ဝင်စားနေကြပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာအင်္ဂလန်ကွင်းလယ်လူငယ်စတားကို ပေါင်၈၇သန်းဝန်းကျင်ဖြင့်ခေါ်ယူနိုင်ဖို့လည်းမျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ Bild ရဲ့ဖော်ပြလာမှုအရဒေါ့မွန်ဟာလာမယ့်နွေရာသီတွင်ဘယ်လင်ဂမ်ကိုရောင်းချရမည်ဆိုပါက ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အပြင် အောင်မြင်မှုနှင့်စွမ်းဆောင်ရည်အပေါ်မူတည်ပြီးနောက်ထပ်ပေါင်သန်း၃၀ပေးရမယ့်အချက်ဖြင့်သာရောင်းချလာမှာဖြစ်ကြောင်းသိရပါတယ်။
ဒါကြောင့်ပရီးမီးယားလိဂ်ထိပ်သီးများအနေဖြင့်ဂျူ့ဘယ်လင်ဂမ်ကိုခေါ်ယူလိုပါကပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၃၀အထိပေးလာရပါမယ်။
ယင်းပမာဏမှာလီဗာပူးကဖီးလစ်ပီကော်တင်ဟိုကို၂၀၁၈ခုနှစ်၊ဇန်နဝါရီတုန်းကဘာစီလိုနာသို့ပေါင်၁၂၁.၅သန်းဖြင့်ရောင်းချမှုထက်မြင့်မားလာပါမယ်။
ပရီးမီးယားလိဂ်ကလပ်များရဲ့အင်္ဂလိပ်ကစားသမားတစ်ဦးကိုစံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီးခေါ်ယူမှုကဂျက်ဂရဲလ်လစ်ရှ်ကိုမန်စီးတီးကပေါင်သန်း၁၀၀ဖြင့်ခေါ်ယူမှုကရပ်တည်နေပါတယ်။
ZawGyi
ဘယ္လင္ဂမ္အတြက္ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေတာင္းဆိုလာမယ့္ ေဒါ့မြန္
ေဒါ့မြန္ဟာဂ်ဴ႕ဘယ္လင္ဂမ္အတြက္ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၃၀အထိေတာင္းဆိုလာဖို႔ရွိေနေၾကာင္းသိရပါတယ္။
အသက္၁၉ႏွစ္ရွိအဂၤလန္ကြင္းလယ္ကစားသမားကိုယူႏိုက္တက္၊ခ်ဲလ္ဆီး၊လီဗာပူး၊ရီးရဲလ္မက္ဒရစ္တို႔ကစိတ္ဝင္စားေနၾကပါတယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားဟာအဂၤလန္ကြင္းလယ္လူငယ္စတားကို ေပါင္၈၇သန္းဝန္းက်င္ျဖင့္ေခၚယူႏိုင္ဖို႔လည္းေမွ်ာ္လင့္ေနၾကပါတယ္။
ဒါေပမဲ့ Bild ရဲ႕ေဖာ္ျပလာမႈအရေဒါ့မြန္ဟာလာမယ့္ေႏြရာသီတြင္ဘယ္လင္ဂမ္ကိုေရာင္းခ်ရမည္ဆိုပါက ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀အျပင္ ေအာင္ျမင္မႈႏွင့္စြမ္းေဆာင္ရည္အေပၚမူတည္ၿပီးေနာက္ထပ္ေပါင္သန္း၃၀ေပးရမယ့္အခ်က္ျဖင့္သာေရာင္းခ်လာမွာျဖစ္ေၾကာင္းသိရပါတယ္။
ဒါေၾကာင့္ပရီးမီးယားလိဂ္ထိပ္သီးမ်ားအေနျဖင့္ဂ်ဴ႕ဘယ္လင္ဂမ္ကိုေခၚယူလိုပါကပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၃၀အထိေပးလာရပါမယ္။
ယင္းပမာဏမွာလီဗာပူးကဖီးလစ္ပီေကာ္တင္ဟိုကို၂၀၁၈ခုႏွစ္၊ဇန္နဝါရီတုန္းကဘာစီလိုနာသို႔ေပါင္၁၂၁.၅သန္းျဖင့္ေရာင္းခ်မႈထက္ျမင့္မားလာပါမယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားရဲ႕အဂၤလိပ္ကစားသမားတစ္ဦးကိုစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပးၿပီးေခၚယူမႈကဂ်က္ဂရဲလ္လစ္ရွ္ကိုမန္စီးတီးကေပါင္သန္း၁၀၀ျဖင့္ေခၚယူမႈကရပ္တည္ေနပါတယ္။