
ဂျူ့ဘယ်လင်ဂမ်ရဲ့ ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့ကို မကြာမီကြေညာလာတော့မည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ဒေါ့မွန်နှင့် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကာ ၆ နှစ်စာချုပ်ချုပ်ဆိုလာမှာ ဖြစ်ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘွန်ဒက်စ်လီဂါရာသီပြီးဆုံးပြီးနောက် လာမယ့်အပတ်တွင် ဘယ်လင်ဂမ်ရဲ့ အပြောင်းအရွှေ့ကို ကြေညာလာမှာလည်း ဖြစ်ပါတယ်။
ဂျူ့ဘယ်လင်ဂမ်ဟာ ၂၀၂၀ ခုနှစ်တွင် ဒေါ့မွန်သို့ ရောက်လာပြီးနောက် အကောင်းဆုံးပုံစံဖြင့် ကစားလာခဲ့သူဖြစ်ပြီး ဒေါ့မွန်ကို ဘွန်ဒက်စ်လီဂါဖလားဖြင့် နှုတ်ဆက်နိုင်မဲ့ အကောင်းဆုံးအခွင့်အရေးလည်း ပိုင်ဆိုင်ထားပါတယ်။
ဒေါ့မွန်ဟာ ယနေ့ညတွင် မိန့်ဇ်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး အနိုင်ရရှိပါက ၁၁ နှစ်အတွင်း ပထမဆုံးဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးလာပါမယ်။
သူဟာ ယခုရာသီတွင် ဒေါ့မွန်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၂ ပွဲကစားကာ ၁၄ ဂိုးသွင်းပြီး ၇ ကြိမ်ဖန်တီးပေးထားပါတယ်။ သူဟာ အင်္ဂလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ခြေစွမ်းပြကစားခဲ့သူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဂမ်ရဲ့အပြောင်းအရွှေ့အတွက် ဒေါ့မွန်ကို ပေါင် ၈၇ သန်းဝန်းကျင်အထိ ပေးလာရဖို့ ရှိပါတယ်။