ဘယ်လီရန်ကို ဘက်တစ်သို့ အငှားချကာ ဂျပန်နောက်ခံလူ တိုမီယာစုနဲ့ အာဆင်နယ်အစားထိုး

အာဆင်နယ်ညာနောက်ခံလူဟက်တာဘယ်လီရန်ဟာရီးရဲလ်ဘက်တစ်သို့တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားခဲ့ပါတယ်။အာဆင်နယ်ဟာဘယ်လီရန်ရဲ့နေရာမှာဘိုလော့ဂ်နာမှဂျပန်ညာနောက်ခံလူတာကီဟီရိုတိုမီယာစုနဲ့အစားထိုးလိုက်ပါတယ်။

အသက်၂၆နှစ်ရှိစပိန်စတားဟာလက်ရှိအာဆင်နယ်အသင်းတွင်သက်တမ်းအရှည်ဆုံးကစားသမားတစ်ဦးဖြစ်ပြီးယခုနွေရာသီအစောပိုင်းကတည်းကအသင်းပြောင်းမည်ဟုသတင်းထွက်လာခဲ့သူလည်းဖြစ်ပါတယ်။

ဘယ်လီရန်ဟာယခုရာသီတွင်အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ပွဲသုံးပွဲလုံးတွင်နေရာပျောက်နေခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာဘယ်လီရန်ရဲ့နေရာမှာဂျပန်နောက်ခံလူတိုမီယာစုကိုပေါင်၁၉.၅သန်းဖြင့်ခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

ဘယ်လီရန်ဟာ၂၀၁၃ခုနှစ်တွင်ဘာစီလိုနာအကယ်ဒမီမှအာဆင်နယ်အကယ်ဒမီသို့ရောက်လာခဲ့သူဖြစ်ပြီးဝက်ဖို့ဒ်တွင်တစ်ရာသီအငှားဖြင့်ကစားပြီးနောက်အာဆင်နယ်ရဲ့အဓိကညာနောက်ခံလူဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာအာဆင်နယ်နှင့်အတူအက်ဖ်အေဖလား၃ကြိမ်ဆွတ်ခူးဖူးပြီးလိဂ်ဖလား၊ယူရိုပါလိဂ်တို့တွင်ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ဖူးပါတယ်။

အာဆင်နယ်ဟာဘာစီလိုနာညာနောက်ခံလူအီမာဆင်ရွိုင်ရယ်ကိုခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်းမြို့ခံပြိုင်ဘက်စပါးစ်သို့လက်လွှတ်လိုက်ရပြီးနောက်ဂျပန်လက်ရွေးစင်ညာနောက်ခံလူကိုခေါ်ယူလာခဲ့ရတာလည်းဖြစ်ပါတယ်။စပါးစ်ဟာအီမာဆင်ရွိုင်ရယ်ကိုပေါင်၂၆သန်းဖြင့်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ဘယ္လီရန္ကို ဘက္တစ္သို႔ အငွားခ်ကာ ဂ်ပန္ေနာက္ခံလူ တိုမီယာစုနဲ႔ အာဆင္နယ္အစားထိုး

အာဆင္နယ္ညာေနာက္ခံလူဟက္တာဘယ္လီရန္ဟာရီးရဲလ္ဘက္တစ္သို႔တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။အာဆင္နယ္ဟာဘယ္လီရန္ရဲ႕ေနရာမွာဘိုေလာ့ဂ္နာမွဂ်ပန္ညာေနာက္ခံလူတာကီဟီ႐ိုတိုမီယာစုနဲ႔အစားထိုးလိုက္ပါတယ္။

အသက္၂၆ႏွစ္ရွိစပိန္စတားဟာလက္ရွိအာဆင္နယ္အသင္းတြင္သက္တမ္းအရွည္ဆုံးကစားသမားတစ္ဦးျဖစ္ၿပီးယခုေႏြရာသီအေစာပိုင္းကတည္းကအသင္းေျပာင္းမည္ဟုသတင္းထြက္လာခဲ့သူလည္းျဖစ္ပါတယ္။

ဘယ္လီရန္ဟာယခုရာသီတြင္အာဆင္နယ္ရဲ႕ပရီးမီးယားလိဂ္ပြဲသုံးပြဲလုံးတြင္ေနရာေပ်ာက္ေနခဲ့သူလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာဘယ္လီရန္ရဲ႕ေနရာမွာဂ်ပန္ေနာက္ခံလူတိုမီယာစုကိုေပါင္၁၉.၅သန္းျဖင့္ေခၚယူလိုက္တာလည္းျဖစ္ပါတယ္။

ဘယ္လီရန္ဟာ၂၀၁၃ခုႏွစ္တြင္ဘာစီလိုနာအကယ္ဒမီမွအာဆင္နယ္အကယ္ဒမီသို႔ေရာက္လာခဲ့သူျဖစ္ၿပီးဝက္ဖို႔ဒ္တြင္တစ္ရာသီအငွားျဖင့္ကစားၿပီးေနာက္အာဆင္နယ္ရဲ႕အဓိကညာေနာက္ခံလူျဖစ္လာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာအာဆင္နယ္ႏွင့္အတူအက္ဖ္ေအဖလား၃ႀကိမ္ဆြတ္ခူးဖူးၿပီးလိဂ္ဖလား၊ယူ႐ိုပါလိဂ္တို႔တြင္ဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့ဖူးပါတယ္။

အာဆင္နယ္ဟာဘာစီလိုနာညာေနာက္ခံလူအီမာဆင္႐ြိဳင္ရယ္ကိုေခၚယူရန္ႀကိဳးပမ္းခဲ့ေသာ္လည္းၿမိဳ႕ခံၿပိဳင္ဘက္စပါးစ္သို႔လက္လႊတ္လိုက္ရၿပီးေနာက္ဂ်ပန္လက္ေ႐ြးစင္ညာေနာက္ခံလူကိုေခၚယူလာခဲ့ရတာလည္းျဖစ္ပါတယ္။စပါးစ္ဟာအီမာဆင္႐ြိဳင္ရယ္ကိုေပါင္၂၆သန္းျဖင့္ေခၚယူခဲ့တာလည္းျဖစ္ပါတယ္။oppnews

oppnews