
မော်ရိုကိုနည်းပြဝါလစ်ရီဂရာဂူဟာဘယ်လ်ဂျီယံနှင့်ပွဲမတိုင်မီတွင်ကွင်းအတွင်းမှဂိုးသမားယာဆိန်းဘိုနိုပျောက်ကွယ်သွားရတဲ့အကြောင်းရင်းကိုဖွင့်ဟလာပါတယ်။
ဘိုနိုဟာဘယ်လ်ဂျီယံနှင့်ပွဲတွင်မော်ရိုကိုပွဲထွက်လူစာရင်းမှာပါဝင်ပြီး Al Thumama Stadium တွင်နိုင်ငံတော်သီချင်းကိုလည်းကစားဖော်များနှင့်အတူသီဆိုခဲ့ပါတယ်။
ဒါပေမဲ့ချက်ချင်းဆိုသလိုမြောက်အာဖရိကအသင်းရဲ့ဒုတိယဦးစားပေးဂိုးသမားမူနာမိုဟာမီဒီဟာပွဲမတိုင်မီအသင်းလိုက်ဓာတ်ပုံရိုက်ကူးရာမှပေါ်လာပြီးကစားသွားခဲ့ပါတယ်။
အထက်ပါအဖြစ်အပျက်ကိုဘီဘီစီမှပွဲအစီအစဉ်တင်ဆက်သူတွေ ပွဲကစားပြီး၂၅မိနစ်အထိမသိလိုက်ကြပါဘူး။
ပွဲတင်ဆက်သူတွေဟာပထမပိုင်းတွင်မူနာက ဘစ်ရှူရီရဲ့ကန်ချက်ကိုကာကွယ်သွားချိန်မှာလည်းဘိုနိုရဲ့အမည်ကိုသာကြေညာခဲ့ကြပါတယ်။
ယခုအခါမော်ရိုကိုနည်းပြရီဂရာဂူကဆီဗီလာဂိုးသမားမှာခရိုအေးရှားနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်ရရှိခဲ့တဲ့ဒဏ်ရာမှာနာကျင်နေဆဲဖြစ်တာကြောင့်ပွဲကစားရန်မိနစ်ပိုင်းအလိုတွင်မှလူစားလဲလှယ်ရန်ပြောဆိုလာခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။
ရီဂရာဂူက “ခရိုအေးရှားနဲ့ပွဲမှာဒဏ်ရာရခဲ့တယ်။သူနာကျင်နေခဲ့တယ်။နောက်ဆုံးမိနစ်အထိကျွန်တော်တို့ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့သွေးပူလေ့ကျင့်ခန်းလုပ်ပြီးတော့ပွဲမတိုင်ခင်အထိစောင့်ကြည့်ခဲ့သေးတယ်။သူ့အခြေအနေမကောင်းဘူး။သူကလည်းရိုးရိုးသားသားပဲနောက်တစ်ယောက်ကိုကစားခိုင်းခဲ့တယ်။လူစာရင်းမှာပါဝင်ချင်ရင်ရာနှုန်းပြည့်ကောင်းနေရပါမယ်။ဒါကိုယာဆိန်းကနားလည်တယ်။မူနာကိုနေရာပေးလိုက်တယ်။သူလည်းပွဲကောင်းတစ်ပွဲပိုင်ဆိုင်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။
မော်ရိုကိုဟာကမ္ဘာ့ဖလားတွင်ချန်ပီယံဖြစ်ရန်ရေပန်းစားနေတဲ့အသင်းများထဲမှတစ်သင်းဖြစ်တဲ့ဘယ်လ်ဂျီယံကို၂-၀ဂိုးဖြင့်မထင်မှတ်ဘဲအနိုင်ယူနိုင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံဟာအုပ်စုအဆင့်မှထွက်ခွာရမယ့်အရေးနှင့်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
ZawGyi
ဘယ္လ္ဂ်ီယံႏွင့္ပြဲမတိုင္မီ ဂိုးသမား ေပ်ာက္ဆုံးသြားမႈႏွင့္ပတ္သက္ၿပီး ေမာ္႐ိုကိုနည္းျပဖြင့္ခ်လာ
ေမာ္႐ိုကိုနည္းျပဝါလစ္ရီဂရာဂူဟာဘယ္လ္ဂ်ီယံႏွင့္ပြဲမတိုင္မီတြင္ကြင္းအတြင္းမွဂိုးသမားယာဆိန္းဘိုႏိုေပ်ာက္ကြယ္သြားရတဲ့အေၾကာင္းရင္းကိုဖြင့္ဟလာပါတယ္။
ဘိုႏိုဟာဘယ္လ္ဂ်ီယံႏွင့္ပြဲတြင္ေမာ္႐ိုကိုပြဲထြက္လူစာရင္းမွာပါဝင္ၿပီး Al Thumama Stadium တြင္ႏိုင္ငံေတာ္သီခ်င္းကိုလည္းကစားေဖာ္မ်ားႏွင့္အတူသီဆိုခဲ့ပါတယ္။
ဒါေပမဲ့ခ်က္ခ်င္းဆိုသလိုေျမာက္အာဖရိကအသင္းရဲ႕ဒုတိယဦးစားေပးဂိုးသမားမူနာမိုဟာမီဒီဟာပြဲမတိုင္မီအသင္းလိုက္ဓာတ္ပုံ႐ိုက္ကူးရာမွေပၚလာၿပီးကစားသြားခဲ့ပါတယ္။
အထက္ပါအျဖစ္အပ်က္ကိုဘီဘီစီမွပြဲအစီအစဥ္တင္ဆက္သူေတြ ပြဲကစားၿပီး၂၅မိနစ္အထိမသိလိုက္ၾကပါဘူး။
ပြဲတင္ဆက္သူေတြဟာပထမပိုင္းတြင္မူနာက ဘစ္ရႉရီရဲ႕ကန္ခ်က္ကိုကာကြယ္သြားခ်ိန္မွာလည္းဘိုႏိုရဲ႕အမည္ကိုသာေၾကညာခဲ့ၾကပါတယ္။
ယခုအခါေမာ္႐ိုကိုနည္းျပရီဂရာဂူကဆီဗီလာဂိုးသမားမွာခ႐ိုေအးရွားႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္ရရွိခဲ့တဲ့ဒဏ္ရာမွာနာက်င္ေနဆဲျဖစ္တာေၾကာင့္ပြဲကစားရန္မိနစ္ပိုင္းအလိုတြင္မွလူစားလဲလွယ္ရန္ေျပာဆိုလာျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။
ရီဂရာဂူက “ခ႐ိုေအးရွားနဲ႔ပြဲမွာဒဏ္ရာရခဲ့တယ္။သူနာက်င္ေနခဲ့တယ္။ေနာက္ဆုံးမိနစ္အထိကြၽန္ေတာ္တို႔ႀကိဳးစားခဲ့ၾကတယ္။ဒါေပမဲ့ေသြးပူေလ့က်င့္ခန္းလုပ္ၿပီးေတာ့ပြဲမတိုင္ခင္အထိေစာင့္ၾကည့္ခဲ့ေသးတယ္။သူ႔အေျခအေနမေကာင္းဘူး။သူကလည္း႐ိုး႐ိုးသားသားပဲေနာက္တစ္ေယာက္ကိုကစားခိုင္းခဲ့တယ္။လူစာရင္းမွာပါဝင္ခ်င္ရင္ရာႏႈန္းျပည့္ေကာင္းေနရပါမယ္။ဒါကိုယာဆိန္းကနားလည္တယ္။မူနာကိုေနရာေပးလိုက္တယ္။သူလည္းပြဲေကာင္းတစ္ပြဲပိုင္ဆိုင္ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။
ေမာ္႐ိုကိုဟာကမာၻ႔ဖလားတြင္ခ်န္ပီယံျဖစ္ရန္ေရပန္းစားေနတဲ့အသင္းမ်ားထဲမွတစ္သင္းျဖစ္တဲ့ဘယ္လ္ဂ်ီယံကို၂-၀ဂိုးျဖင့္မထင္မွတ္ဘဲအႏိုင္ယူႏိုင္ခဲ့ပါတယ္။
ဘယ္လ္ဂ်ီယံဟာအုပ္စုအဆင့္မွထြက္ခြာရမယ့္အေရးႏွင့္ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။