ဘယ်လ်ဂျီယံနှင့်ပွဲမှ ဟန်ဆောင်မှုအတွက် အီတလီကစားဖော်များရဲ့လှောင်ပြောင်မှု အမ်မိုဘိုင်းခံနေရ

စီရိုအမ်မိုဘိုင်းဟာဘယ်လ်ဂျီယံနှင့်ယူရို၂၀၂၀ပြိုင်ပွဲတွင်ဟန်ဆောင်မှုအတွက်အီတလီကစားဖော်များရဲ့လှောင်ပြောင်ခြင်းခံနေရပါတယ်။

ဒါပေမယ့်အီတလီဝါရင့်နောက်ခံလူဘိုနုချီကတော့အီတလီကစားဖော်ရဲ့ဟန်ဆောင်မှုအပေါ်အပြစ်တင်ရန်ငြင်းဆိုနေပါတယ်။

အီတလီတိုက်စစ်မှူးအမ်မိုဘိုင်းဟာပြီးခဲ့တဲ့အပတ်တုန်းကဘယ်လ်ဂျီယံအားအနိုင်ရရှိတဲ့ကွာတားဖိုင်နယ်တွင်ဧရိယာအတွင်းမှာဘယ််လ်ဂျီယံနောက်ခံလူဗာတွန်ဂန်နှင့်ထိပ်တိုက်တွေ့ခဲ့ပြီးဒဏ်ရာရရှိပုံဖြင့်ကွင်းမြက်ခင်းမှာလူးလိမ့်နေခဲ့ပါတယ်။

ဒါပေမယ့်စက္ကန့်ပိုင်းအတွင်းမှာအီလတီအတွက်ဘာရယ်လာကဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။လာဇီယိုတိုက်စစ်မှူးဟာကွင်းမြက်ခင်းမှာလူးလိမ့်နေရာမှချက်ချင်းပင်ထကာ ကစားဖော်များနှင့်အတူအောင်ပွဲခံခဲ့ကြပါတယ်။

အမ်မိုဘိုင်းရဲ့အံ့ဩဖွယ်ဒဏ်ရာမှချက်ချင်းပြန်လည်ကောင်းမွန်လာမှုမှာအွန်လိုင်းတွင်ဟာသအဖြစ်ပြောစရာဖြစ်နေပါတယ်။

အီတလီကစားဖော်များကလည်းအမ်မိုဘိုင်းရဲ့ဒဏ်ရာရရှိဟန် ဟန်ဆောင်မှုအပေါ် လှောင်ပြောင်မှုပြုလုပ်နေကြပါတယ်။

ဒါပေမယ့်ဘိုနုချီကတော့ “စီရိုကထိခဲ့တယ်လို့ခံစားရတယ်။ပြီးတော့သူလဲကျသွားတယ်။ဒါပေမယ့်အရေးပါတဲ့ဂိုးရပြီးပျော်ရွှင်စိတ်လှုပ်ရှားလာချိန်မှာနာကျင်မှုကိုမခံစားရတော့ပါဘူး။ကျွန်တော်တို့အားလုံးဒါနဲ့ပတ်သက်ပြီးရယ်ကြပါတယ်။ဒါပေမယ့်အခုတော့ဒါကကျန်ခဲ့ပါပြီ”လို့ပြောကြားသွားပါတယ်။

အီတလီဟာယနေ့ညမှာစပိန်အသင်းနှင့်ယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ရင်ဆိုင်ကစားရပါမယ်။အီတလီ-စပိန်ပွဲစဉ်မှအနိုင်ရရှိတဲ့အသင်းဟာဗိုလ်လုပွဲမှာအင်္ဂလန်(သို့မဟုတ်)ဒိန်းမတ်နှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

ဘယ္လ္ဂ်ီယံႏွင့္ပြဲမွ ဟန္ေဆာင္မႈအတြက္ အီတလီကစားေဖာ္မ်ားရဲ႕ေလွာင္ေျပာင္မႈ အမ္မိုဘိုင္းခံေနရ

စီ႐ိုအမ္မိုဘိုင္းဟာဘယ္လ္ဂ်ီယံႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဟန္ေဆာင္မႈအတြက္အီတလီကစားေဖာ္မ်ားရဲ႕ေလွာင္ေျပာင္ျခင္းခံေနရပါတယ္။

ဒါေပမယ့္အီတလီဝါရင့္ေနာက္ခံလူဘိုႏုခ်ီကေတာ့အီတလီကစားေဖာ္ရဲ႕ဟန္ေဆာင္မႈအေပၚအျပစ္တင္ရန္ျငင္းဆိုေနပါတယ္။

အီတလီတိုက္စစ္မႉးအမ္မိုဘိုင္းဟာၿပီးခဲ့တဲ့အပတ္တုန္းကဘယ္လ္ဂ်ီယံအားအႏိုင္ရရွိတဲ့ကြာတားဖိုင္နယ္တြင္ဧရိယာအတြင္းမွာဘယ္္လ္ဂ်ီယံေနာက္ခံလူဗာတြန္ဂန္ႏွင့္ထိပ္တိုက္ေတြ႕ခဲ့ၿပီးဒဏ္ရာရရွိပုံျဖင့္ကြင္းျမက္ခင္းမွာလူးလိမ့္ေနခဲ့ပါတယ္။

ဒါေပမယ့္စကၠန႔္ပိုင္းအတြင္းမွာအီလတီအတြက္ဘာရယ္လာကဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။လာဇီယိုတိုက္စစ္မႉးဟာကြင္းျမက္ခင္းမွာလူးလိမ့္ေနရာမွခ်က္ခ်င္းပင္ထကာ ကစားေဖာ္မ်ားႏွင့္အတူေအာင္ပြဲခံခဲ့ၾကပါတယ္။

အမ္မိုဘိုင္းရဲ႕အံ့ဩဖြယ္ဒဏ္ရာမွခ်က္ခ်င္းျပန္လည္ေကာင္းမြန္လာမႈမွာအြန္လိုင္းတြင္ဟာသအျဖစ္ေျပာစရာျဖစ္ေနပါတယ္။

အီတလီကစားေဖာ္မ်ားကလည္းအမ္မိုဘိုင္းရဲ႕ဒဏ္ရာရရွိဟန္ ဟန္ေဆာင္မႈအေပၚ ေလွာင္ေျပာင္မႈျပဳလုပ္ေနၾကပါတယ္။

ဒါေပမယ့္ဘိုႏုခ်ီကေတာ့ “စီ႐ိုကထိခဲ့တယ္လို႔ခံစားရတယ္။ၿပီးေတာ့သူလဲက်သြားတယ္။ဒါေပမယ့္အေရးပါတဲ့ဂိုးရၿပီးေပ်ာ္႐ႊင္စိတ္လႈပ္ရွားလာခ်ိန္မွာနာက်င္မႈကိုမခံစားရေတာ့ပါဘူး။ကြၽန္ေတာ္တို႔အားလုံးဒါနဲ႔ပတ္သက္ၿပီးရယ္ၾကပါတယ္။ဒါေပမယ့္အခုေတာ့ဒါကက်န္ခဲ့ပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

အီတလီဟာယေန႔ညမွာစပိန္အသင္းႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ရင္ဆိုင္ကစားရပါမယ္။အီတလီ-စပိန္ပြဲစဥ္မွအႏိုင္ရရွိတဲ့အသင္းဟာဗိုလ္လုပြဲမွာအဂၤလန္(သို႔မဟုတ္)ဒိန္းမတ္ႏွင့္ရင္ဆိုင္ရပါမယ္။