ဘယ်လ်ဂျီယံအသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် ဟာဇက်စဉ်းစားနေ

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်အေဒင်ဟာဇက်ဟာလက်ရွေးစင်ကစားသမားဘဝမှအနားယူရန်အလေးအနက်ထားစဉ်းစားနေကြောင်းသိရပါတယ်။

အေဒင်ဟာဇက်ရဲ့ဘယ်လ်ဂျီယံဟာကမ္ဘာ့ဖလားအဖွင့်ပွဲတွင်ကနေဒါကိုအနိုင်ရခဲ့ပေမဲ့မော်ရိုကိုကိုရှုံးနိမ့်ကာခရိုအေးရှားနှင့်သရေကျပြီးနောက်ကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပါတယ်။

စိတ်ပျက်ဖွယ်ကမ္ဘာ့ဖလားနှင့်ကြုံတွေ့ခဲ့ရပြီးနောက်အသက်၃၁နှစ်ရှိအေဒင်ဟာဇက်ဟာလာမယ့်ရက်များအတွင်းတွင်လက်ရွေးစင်ကစားသမားဘဝအနာဂတ်နှင့်ပတ်သက်ပြီးဆုံးဖြတ်လာတော့မှာဖြစ်ကြောင်း HLN သတင်းဌာနက ဖော်ပြသွားပါတယ်။

အေဒင်ဟာဇက်ဟာလက်ရွေးစင်ကစားသမားဘဝ၁၄နှစ်တာကာလအတွင်းတွင်ဘယ်လ်ဂျီယံအတွက်၁၂၆ပွဲကစားခဲ့ရာမှာ၃၃ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့သူဟာရီးရဲလ်မက်ဒရစ်တွင်ဒဏ်ရာပြဿနာများနှင့်ကြုံတွေ့နေရကာ နေရာရရှိရန်ရုန်းကန်နေရမှုကြောင့်ခက်ခဲတဲ့ကလပ်ကစားသမားဘဝကြုံနေရပါတယ်။ယင်းသို့အနေအထားကြောင့်ဟာဇက်ဟာဘယ်လ်ဂျီယံရဲ့ယူရို၂၀၂၄ပြိုင်ပွဲမှာပါဝင်ခွင့်ရရှိလာတော့မှာမဟုတ်ကြောင်းယူဆနေမှုနဲ့အတူ လက်ရွေးစင်ကစားသမားဘဝမှစောစောစီးစီးအနားယူရန်စီစဉ်နေပါတယ်။

ဒါ့အပြင်တဆက်တည်းတွင်အေဒင်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်မှထွက်ခွာရန်လည်းစဉ်းစားနေကြောင်းသိရပါတယ်။အေဒင်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်တွင်ကစားတဲ့သုံးနှစ်ခွဲတာကာလအတွင်းတွင်၇၂ပွဲတည်းသာကစားခွင့်ရထားသူလည်းဖြစ်ပါတယ်။

ZawGyi

ဘယ္လ္ဂ်ီယံအသင္း ကမာၻ႔ဖလားအုပ္စုအဆင့္မွ ထြက္ရၿပီးေနာက္ လက္ေ႐ြးစင္ကစားသမားဘဝမွ အနားယူရန္ ဟာဇက္စဥ္းစားေန

ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ေအဒင္ဟာဇက္ဟာလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူရန္အေလးအနက္ထားစဥ္းစားေနေၾကာင္းသိရပါတယ္။

ေအဒင္ဟာဇက္ရဲ႕ဘယ္လ္ဂ်ီယံဟာကမာၻ႔ဖလားအဖြင့္ပြဲတြင္ကေနဒါကိုအႏိုင္ရခဲ့ေပမဲ့ေမာ္႐ိုကိုကိုရႈံးနိမ့္ကာခ႐ိုေအးရွားႏွင့္သေရက်ၿပီးေနာက္ကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရပါတယ္။

စိတ္ပ်က္ဖြယ္ကမာၻ႔ဖလားႏွင့္ႀကဳံေတြ႕ခဲ့ရၿပီးေနာက္အသက္၃၁ႏွစ္ရွိေအဒင္ဟာဇက္ဟာလာမယ့္ရက္မ်ားအတြင္းတြင္လက္ေ႐ြးစင္ကစားသမားဘဝအနာဂတ္ႏွင့္ပတ္သက္ၿပီးဆုံးျဖတ္လာေတာ့မွာျဖစ္ေၾကာင္း HLN သတင္းဌာနက ေဖာ္ျပသြားပါတယ္။

ေအဒင္ဟာဇက္ဟာလက္ေ႐ြးစင္ကစားသမားဘဝ၁၄ႏွစ္တာကာလအတြင္းတြင္ဘယ္လ္ဂ်ီယံအတြက္၁၂၆ပြဲကစားခဲ့ရာမွာ၃၃ဂိုးသြင္းယူေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့သူဟာရီးရဲလ္မက္ဒရစ္တြင္ဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံေတြ႕ေနရကာ ေနရာရရွိရန္႐ုန္းကန္ေနရမႈေၾကာင့္ခက္ခဲတဲ့ကလပ္ကစားသမားဘဝႀကဳံေနရပါတယ္။ယင္းသို႔အေနအထားေၾကာင့္ဟာဇက္ဟာဘယ္လ္ဂ်ီယံရဲ႕ယူ႐ို၂၀၂၄ၿပိဳင္ပြဲမွာပါဝင္ခြင့္ရရွိလာေတာ့မွာမဟုတ္ေၾကာင္းယူဆေနမႈနဲ႔အတူ လက္ေ႐ြးစင္ကစားသမားဘဝမွေစာေစာစီးစီးအနားယူရန္စီစဥ္ေနပါတယ္။

ဒါ့အျပင္တဆက္တည္းတြင္ေအဒင္ဟာဇက္ဟာရီးရဲလ္မက္ဒရစ္မွထြက္ခြာရန္လည္းစဥ္းစားေနေၾကာင္းသိရပါတယ္။ေအဒင္ဟာဇက္ဟာရီးရဲလ္မက္ဒရစ္တြင္ကစားတဲ့သုံးႏွစ္ခြဲတာကာလအတြင္းတြင္၇၂ပြဲတည္းသာကစားခြင့္ရထားသူလည္းျဖစ္ပါတယ္။