ဘယ်သူမှ မထင်ထားတဲ့အသင်းကို ယူရိုချန်ပီယံဖြစ်မယ်လို့ စူပါကွန်ပျူတာဟောကိန်းထုတ်လာ

စူပါကွန်ပျူတာဟာယူရို၂၀၂၀ပြိုင်ပွဲမှာဘယ်အသင်း ချန်ပီယံဖြစ်မယ်ဆိုတာခန့်မှန်းလာပါတယ်။စူပါကွန်ပျူတာဟာဘယ်သူမှထင်မှတ်မထားတဲ့အသင်းကို ယူရို၂၀၂၀ချန်ပီယံဖြစ်မယ်လို့ဟောကိန်းထုတ်လာတာဖြစ်ပါတယ်။ဒါ့အပြင်စူပါကွန်ပျူတာကအင်္ဂလန်အသင်းဟာဆီမီးဖိုင်နယ်အဆင့်မှာဘဲနောက်ထပ်တစ်ကြိမ်အသည်းကွဲဦးမယ်လို့ခန့်မှန်းထားပါတယ်။

အင်္ဂလန်အသင်းဟာ၁၉၆၆ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်မည်သည့်နိုင်ငံတကာပြိုင်ပွဲမှာမှဆီမီးဖိုင်နယ်အထက်မကျော်ပါဘူး။၎င်းတို့ဟာ၁၉၉၀ကမ္ဘာ့ဖလားမှာအနောက်ဂျာမနီကိုလည်းကောင်း၊ယူရို၁၉၉၆မှာဂျာမနီကိုလည်းကောင်း၊၂၀၁၈ကမ္ဘာ့ဖလားမှာခရိုအေးရှားတို့ကိုလည်းကောင်းဆီမီးဖိုင်နယ်အဆင့်မှာရှုံးနိမ့်ခဲ့ပါတယ်။

ဒီတော့ဂရေမီဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းကိုလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲမှာလည်းဆီမီးဖိုင်နယ်အဆင့်မှာထွက်ရမယ်လို့ခန့်မှန်းလာတာအံ့ဩစရာတော့မဟုတ်ပါဘူး။ဒါပေမယ့်စူပါကွန်ပျူတာရဲ့ယူရို၂၀၂၀ချန်ပီယံဖြစ်မယ့်အသင်းကိုခန့်မှန်းလာမှုကတော့အားလုံးအံ့ဩသင့်စရာကောင်းနေပါတယ်။

စူပါကွန်ပျူတာကချက်အသင်းဟာအုပ်စုအဆင့်မှာအင်္ဂလန်အသင်းကိုရှုံးနိမ့်မှာဖြစ်ပေမယ့်ယူရို၂၀၂၀ချန်ပီယံဖြစ်မယ်လို့ဟောကိန်းထုတ်သွားပါတယ်။

ယခင်တုန်းကယူရိုပြိုင်ပွဲမှာမထင်မှတ်တဲ့ချန်ပီယံဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်များရှိပါတယ်။၁၉၉၂ခုနှစ်တုန်းကဒိန်းမတ်နှင့်၂၀၀၄ခုနှစ်တုန်းကဂရိတို့ဗိုလ်စွဲခဲ့ဖူးပါတယ်။ဒါ့အပြင်ချက်အသင်းဟာလည်း၁၉၉၆ခုနှစ်တုန်းကဗိုလ်လုပွဲအဆင့်သို့အံ့ဩဖွယ်တက်ရောက်ခဲ့ဖူးပါတယ်။

စူပါကွန်ပျူတာကဝက်စ်ဟမ်းကိုပရီးမီးယားလိဂ်မှာအဆင့်၆နေရာရရိအောင်ကူညီခဲ့တဲ့ဗလာဒီမာကူဖယ်နှင့်သောမတ်စ်ဆူဆက်တို့ကချက်အသင်းကိုချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီမယ်လို့ဆိုသွားပါတယ်။

တစ်ဖက်တွင်စူပါကွန်ပျူတာကအင်္ဂလန်အသင်းဟာအုပ်စုအဆင့်မှာခရိုအေးရှားကို၅-၂ဖြင့်လည်းကောင်း၊စကော့တလန်အသင်းကို၁-၀ဖြင့်လည်းကောင်း၊ချက်ကို၂-၁ဖြင့်လည်းကောင်းအနိုင်ရမယ်လို့ဟောကိန်းထုတ်ထားပါတယ်။

အင်္ဂလန်ဟာကွာတားဖိုင်နယ်မှာပိုလန်ကို၃-၂ဖြင့်အနိုင်ရရှိကာဆီမီးဖိုင်နယ်သို့တက်ခဲ့ပေမယ့်ခရစ္စတီယန်အဲရစ်ဆင်ရဲ့ဒိန်းမတ်ကိုရှုံးနိမ့်ကာပြိုင်ပွဲကနေထွက်ရပါမယ်။

စူပါကွန်ပျူတာကယူရို၂၀၂၀ဗိုလ်လုပွဲမှာချက်နှင့်ဒိန်းမတ်တို့ရင်ဆိုင်တွေ့ကြမယ်လို့ဆိုထားပါတယ်။ဝင်ဘာလေကွင်းမှာကစားမယ့်ယင်းပွဲမှာချက်က၃-၂ဖြင့်အနိုင်ရရှိကာချန်ပီယံဖြစ်မယ်လို့ဆိုထားပါတယ်။

ZawGyi

ဘယ္သူမွ မထင္ထားတဲ့အသင္းကို ယူ႐ိုခ်န္ပီယံျဖစ္မယ္လို႔ စူပါကြန္ပ်ဴတာေဟာကိန္းထုတ္လာ

စူပါကြန္ပ်ဴတာဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဘယ္အသင္း ခ်န္ပီယံျဖစ္မယ္ဆိုတာခန႔္မွန္းလာပါတယ္။စူပါကြန္ပ်ဴတာဟာဘယ္သူမွထင္မွတ္မထားတဲ့အသင္းကို ယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္မယ္လို႔ေဟာကိန္းထုတ္လာတာျဖစ္ပါတယ္။ဒါ့အျပင္စူပါကြန္ပ်ဴတာကအဂၤလန္အသင္းဟာဆီမီးဖိုင္နယ္အဆင့္မွာဘဲေနာက္ထပ္တစ္ႀကိမ္အသည္းကြဲဦးမယ္လို႔ခန႔္မွန္းထားပါတယ္။

အဂၤလန္အသင္းဟာ၁၉၆၆ကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္မည္သည့္ႏိုင္ငံတကာၿပိဳင္ပြဲမွာမွဆီမီးဖိုင္နယ္အထက္မေက်ာ္ပါဘူး။၎တို႔ဟာ၁၉၉၀ကမာၻ႔ဖလားမွာအေနာက္ဂ်ာမနီကိုလည္းေကာင္း၊ယူ႐ို၁၉၉၆မွာဂ်ာမနီကိုလည္းေကာင္း၊၂၀၁၈ကမာၻ႔ဖလားမွာခ႐ိုေအးရွားတို႔ကိုလည္းေကာင္းဆီမီးဖိုင္နယ္အဆင့္မွာရႈံးနိမ့္ခဲ့ပါတယ္။

ဒီေတာ့ဂေရမီေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းကိုလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလည္းဆီမီးဖိုင္နယ္အဆင့္မွာထြက္ရမယ္လို႔ခန႔္မွန္းလာတာအံ့ဩစရာေတာ့မဟုတ္ပါဘူး။ဒါေပမယ့္စူပါကြန္ပ်ဴတာရဲ႕ယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္မယ့္အသင္းကိုခန႔္မွန္းလာမႈကေတာ့အားလုံးအံ့ဩသင့္စရာေကာင္းေနပါတယ္။

စူပါကြန္ပ်ဴတာကခ်က္အသင္းဟာအုပ္စုအဆင့္မွာအဂၤလန္အသင္းကိုရႈံးနိမ့္မွာျဖစ္ေပမယ့္ယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္မယ္လို႔ေဟာကိန္းထုတ္သြားပါတယ္။

ယခင္တုန္းကယူ႐ိုၿပိဳင္ပြဲမွာမထင္မွတ္တဲ့ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့အျဖစ္အပ်က္မ်ားရွိပါတယ္။၁၉၉၂ခုႏွစ္တုန္းကဒိန္းမတ္ႏွင့္၂၀၀၄ခုႏွစ္တုန္းကဂရိတို႔ဗိုလ္စြဲခဲ့ဖူးပါတယ္။ဒါ့အျပင္ခ်က္အသင္းဟာလည္း၁၉၉၆ခုႏွစ္တုန္းကဗိုလ္လုပြဲအဆင့္သို႔အံ့ဩဖြယ္တက္ေရာက္ခဲ့ဖူးပါတယ္။

စူပါကြန္ပ်ဴတာကဝက္စ္ဟမ္းကိုပရီးမီးယားလိဂ္မွာအဆင့္၆ေနရာရရိေအာင္ကူညီခဲ့တဲ့ဗလာဒီမာကူဖယ္ႏွင့္ေသာမတ္စ္ဆူဆက္တို႔ကခ်က္အသင္းကိုခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွကူညီမယ္လို႔ဆိုသြားပါတယ္။

တစ္ဖက္တြင္စူပါကြန္ပ်ဴတာကအဂၤလန္အသင္းဟာအုပ္စုအဆင့္မွာခ႐ိုေအးရွားကို၅-၂ျဖင့္လည္းေကာင္း၊စေကာ့တလန္အသင္းကို၁-၀ျဖင့္လည္းေကာင္း၊ခ်က္ကို၂-၁ျဖင့္လည္းေကာင္းအႏိုင္ရမယ္လို႔ေဟာကိန္းထုတ္ထားပါတယ္။

အဂၤလန္ဟာကြာတားဖိုင္နယ္မွာပိုလန္ကို၃-၂ျဖင့္အႏိုင္ရရွိကာဆီမီးဖိုင္နယ္သို႔တက္ခဲ့ေပမယ့္ခရစၥတီယန္အဲရစ္ဆင္ရဲ႕ဒိန္းမတ္ကိုရႈံးနိမ့္ကာၿပိဳင္ပြဲကေနထြက္ရပါမယ္။

စူပါကြန္ပ်ဴတာကယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာခ်က္ႏွင့္ဒိန္းမတ္တို႔ရင္ဆိုင္ေတြ႕ၾကမယ္လို႔ဆိုထားပါတယ္။ဝင္ဘာေလကြင္းမွာကစားမယ့္ယင္းပြဲမွာခ်က္က၃-၂ျဖင့္အႏိုင္ရရွိကာခ်န္ပီယံျဖစ္မယ္လို႔ဆိုထားပါတယ္။