ဘယ်သူ့ကို တည်ပြီး ၂၀၂၂ကမ္ဘာ့ဖလားအတွက် တည်ဆောက်ရမလဲ ဆောက်ဂိတ်ကို မော်ရင်ဟိုပြောကြားလာ

မော်ရင်ဟိုကဒေါ့မွန်လူငယ်ကစားသမားဂျူ့ဘယ်လင်ဂမ်မှာအင်္ဂလန်ရဲ့အနာဂတ်တွင်အရေးပါတဲ့အစိတ်အပိုင်းကြီးတစ်ခုဖြစ်လာမယ်လို့ယုံကြည်ကြောင်းဆိုလာပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာတနင်္ဂနွေနေ့တုန်းကဝင်ဘာလေယူရို၂၀၂၀ဗိုလ်လုပွဲတွင်အီတလီကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာယူရိုချန်ပီယံအိပ်မက်ပျက်စီးခဲ့ရပါတယ်။

ဒါပေမယ့်နည်းပြဆောက်ဂိတ်ဟာယူရို၂၀၂၀ပြိုင်ပွဲမှာလူငယ်အားပြုအင်္ဂလန်အသင်းကိုအသုံးပြုသွားခဲ့ပါတယ်။

ယင်းအထဲတွင်အသက်၁၈နှစ်ရှိဒေါ့မွန်ကွင်းလယ်ကစားသမားဘယ်လင်ဂမ်လည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ဘာမင်ဂမ်စတားဟောင်းဟာ၂၀၂၀ခုနှစ်တုန်းကဒေါ့မွန်သို့ ပြောင်းခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပြိုင်ပွဲအရပ်ရပ်မှာ၄၆ပွဲကစားခွင့်ရရှိခဲ့ကာခြေစွမ်းပြနိုင်ခဲ့ပါတယ်။

သူဟာအင်္ဂလန်ရဲ့ယူရိုလူစာရင်းမှာပါဝင်ခဲ့ပေမယ့်ပွဲထွက်ကစားခွင့်မရခဲ့ပါဘူး။ဒါပေမယ့်သူဟာခရိုအေးရှား၊ချက်၊ယူကရိန်းတို့နှင့်ပွဲများမှာလူစားဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။

မော်ရင်ဟိုက ဘယ်လင်ဂမ်မှာလှပတဲ့အနာဂတ်ပိုင်ဆိုင်ထားတဲ့ကစားသမားကောင်းတစ်ဦးဖြစ်ပြီးဝက်စ်ဟမ်းစတားဒက်လန်းရိုက်စ်နှင့်အတူအင်္ဂလန်ကွင်းလယ်တွင်အရေးပါတဲ့သူဖြစ်လာမယ်လို့ဆိုသွားပါတယ်။

မော်ရင်ဟိုက “အသက်ငယ်သေးလို့ဆိုပြီးလာမယ့်ကမ္ဘာ့ဖလားမှာအင်္ဂလန်မပါဝင်သင့်ဘူးလို့ပြောလို့မရတဲ့ကစားသမားတစ်ဦးရှိပါတယ်။အခုဒီအသင်းမှာပါဝင်တဲ့ကစားသမား ၅၀ရာခိုင်နှုန်းကနောက်ထပ်ယူရို၂ကြိမ်၊၃ကြိမ်၊ကမ္ဘာ့ဖလား၂ကြိမ်၊၃ကြိမ်ကစားနိုင်ဖို့ရှိပါတယ်။အဲဒီထဲကတစ်ဦးကဂျူ့ဘယ်လင်ဂမ်ပါ။သူကအနာဂတ်အင်္ဂလန်အသင်းမှာအရေးပါတဲ့အစိတ်အပိုင်းကပါဝင်နိုင်ပါတယ်။သူကအရမ်းကောင်းတဲ့ကစားသမားတစ်ဦးပါ။အနာဂတ်မှာအလယ်တန်းမှာဒက်လန်းရိုက်စ်နဲ့ဘယ်လင်ဂမ်ရှိနေမယ်လို့ထင်ပါတယ်။ဒီပြိုင်ပွဲမှာအင်္ဂလန်ဟာတစ်ပုံစံတည်းကိုဘဲအားပြုကစားတယ်။ဂိုးမပေးရအောင်ခံစစ်ပိုင်းအားပြုတယ်။ကီဗင်ဖီးလစ်နဲ့ရိုက်စ်တို့ကိုအမြဲသုံးတယ်။ဟင်ဒါဆင်(သို့မဟုတ်)ရိုက်စ်ပေါ့။ဒါပေမယ့်ဘင်လင်ဂမ်ကအများကြီးလုပ်နိုင်တယ်။ဘောလုံးပြန်ဆယ်ဖို့အတွက်ဆိုရင်တော့ရိုက်စ်နဲ့ဖီးလစ်ကိုသုံးရုံပဲ။ဘင်လင်ဂမ်ကအများကြီးလုပ်ပေးနိုင်တယ်။ခြေစစ်ပွဲတွေမှာကွဲပြားတဲ့စတိုင်နဲ့ကစားနိုင်အောင်လုပ်ပေးနိုင်တယ်။လာမယ်ကမ္ဘာ့ဖလားကစားဖို့၁၆လလိုသေးတယ်။အဲဒီအတွင်းမှာအသက်၁၈နှစ်သာရှိသေးတဲ့ဘယ်လင်ဂမ်ကဘွန်ဒက်စ်လီဂါနဲ့ချန်ပီယံလိဂ်မှာပွဲတွေအများကြီးကစားလာမယ်။ဒေါ့မွန်ရဲ့စနစ်အတိုင်းလေ့ကျင့်ခန်းအများကြီးလုပ်ရမယ်။သူကပိုပြီးတော့သန်မာလာမယ်။ပိုမြန်လာမယ်။ပြီးတော့ပိုပြီးတော့ရင့်ကျက်လာမယ်။ပြိုင်ပွဲတွေအကြားမှာအကူအပြောင်းရှိပါတယ်။အင်္ဂလန်အတွက်ကတော့ဘယ်လင်ဂမ်ကကွဲပြားတဲ့အဆင့်မှာရှိတဲ့သူတစ်ဦးပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်မော်ရင်ဟိုကဒဏ်ရာကြောင့်ယူရိုလူစာရင်းမှာနုတ်ထွက်သွားခဲ့တဲ့မေဆင်ဂရင်းဝုဒ်မှာလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်နှင့်အတူပါဝင်လာနိုင်ကြောင်းဆိုသွားပါတယ်။ဒါပေမယ့်မေဆင်မောင့်ဟာဆန်ချိုရောက်လာမှုနဲ့အတူမန်ယူမှာနေရာရရှိဖို့ခက်ခဲလာဖို့ရှိနေတာကအတားအဆီးဖြစ်လာနိုင်ပါတယ်။

ZawGyi

ဘယ္သူ႔ကို တည္ၿပီး ၂၀၂၂ကမာၻ႔ဖလားအတြက္ တည္ေဆာက္ရမလဲ ေဆာက္ဂိတ္ကို ေမာ္ရင္ဟိုေျပာၾကားလာ

ေမာ္ရင္ဟိုကေဒါ့မြန္လူငယ္ကစားသမားဂ်ဴ႕ဘယ္လင္ဂမ္မွာအဂၤလန္ရဲ႕အနာဂတ္တြင္အေရးပါတဲ့အစိတ္အပိုင္းႀကီးတစ္ခုျဖစ္လာမယ္လို႔ယုံၾကည္ေၾကာင္းဆိုလာပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာတနဂၤေႏြေန႔တုန္းကဝင္ဘာေလယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အီတလီကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာယူ႐ိုခ်န္ပီယံအိပ္မက္ပ်က္စီးခဲ့ရပါတယ္။

ဒါေပမယ့္နည္းျပေဆာက္ဂိတ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလူငယ္အားျပဳအဂၤလန္အသင္းကိုအသုံးျပဳသြားခဲ့ပါတယ္။

ယင္းအထဲတြင္အသက္၁၈ႏွစ္ရွိေဒါ့မြန္ကြင္းလယ္ကစားသမားဘယ္လင္ဂမ္လည္းတစ္ဦးအပါအဝင္ျဖစ္ပါတယ္။ဘာမင္ဂမ္စတားေဟာင္းဟာ၂၀၂၀ခုႏွစ္တုန္းကေဒါ့မြန္သို႔ ေျပာင္းခဲ့သူျဖစ္ၿပီးၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္မွာ၄၆ပြဲကစားခြင့္ရရွိခဲ့ကာေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

သူဟာအဂၤလန္ရဲ႕ယူ႐ိုလူစာရင္းမွာပါဝင္ခဲ့ေပမယ့္ပြဲထြက္ကစားခြင့္မရခဲ့ပါဘူး။ဒါေပမယ့္သူဟာခ႐ိုေအးရွား၊ခ်က္၊ယူကရိန္းတို႔ႏွင့္ပြဲမ်ားမွာလူစားဝင္ေရာက္ကစားခြင့္ရရွိခဲ့ပါတယ္။

ေမာ္ရင္ဟိုက ဘယ္လင္ဂမ္မွာလွပတဲ့အနာဂတ္ပိုင္ဆိုင္ထားတဲ့ကစားသမားေကာင္းတစ္ဦးျဖစ္ၿပီးဝက္စ္ဟမ္းစတားဒက္လန္း႐ိုက္စ္ႏွင့္အတူအဂၤလန္ကြင္းလယ္တြင္အေရးပါတဲ့သူျဖစ္လာမယ္လို႔ဆိုသြားပါတယ္။

ေမာ္ရင္ဟိုက “အသက္ငယ္ေသးလို႔ဆိုၿပီးလာမယ့္ကမာၻ႔ဖလားမွာအဂၤလန္မပါဝင္သင့္ဘူးလို႔ေျပာလို႔မရတဲ့ကစားသမားတစ္ဦးရွိပါတယ္။အခုဒီအသင္းမွာပါဝင္တဲ့ကစားသမား ၅၀ရာခိုင္ႏႈန္းကေနာက္ထပ္ယူ႐ို၂ႀကိမ္၊၃ႀကိမ္၊ကမာၻ႔ဖလား၂ႀကိမ္၊၃ႀကိမ္ကစားႏိုင္ဖို႔ရွိပါတယ္။အဲဒီထဲကတစ္ဦးကဂ်ဴ႕ဘယ္လင္ဂမ္ပါ။သူကအနာဂတ္အဂၤလန္အသင္းမွာအေရးပါတဲ့အစိတ္အပိုင္းကပါဝင္ႏိုင္ပါတယ္။သူကအရမ္းေကာင္းတဲ့ကစားသမားတစ္ဦးပါ။အနာဂတ္မွာအလယ္တန္းမွာဒက္လန္း႐ိုက္စ္နဲ႔ဘယ္လင္ဂမ္ရွိေနမယ္လို႔ထင္ပါတယ္။ဒီၿပိဳင္ပြဲမွာအဂၤလန္ဟာတစ္ပုံစံတည္းကိုဘဲအားျပဳကစားတယ္။ဂိုးမေပးရေအာင္ခံစစ္ပိုင္းအားျပဳတယ္။ကီဗင္ဖီးလစ္နဲ႔႐ိုက္စ္တို႔ကိုအၿမဲသုံးတယ္။ဟင္ဒါဆင္(သို႔မဟုတ္)႐ိုက္စ္ေပါ့။ဒါေပမယ့္ဘင္လင္ဂမ္ကအမ်ားႀကီးလုပ္ႏိုင္တယ္။ေဘာလုံးျပန္ဆယ္ဖို႔အတြက္ဆိုရင္ေတာ့႐ိုက္စ္နဲ႔ဖီးလစ္ကိုသုံး႐ုံပဲ။ဘင္လင္ဂမ္ကအမ်ားႀကီးလုပ္ေပးႏိုင္တယ္။ေျခစစ္ပြဲေတြမွာကြဲျပားတဲ့စတိုင္နဲ႔ကစားႏိုင္ေအာင္လုပ္ေပးႏိုင္တယ္။လာမယ္ကမာၻ႔ဖလားကစားဖို႔၁၆လလိုေသးတယ္။အဲဒီအတြင္းမွာအသက္၁၈ႏွစ္သာရွိေသးတဲ့ဘယ္လင္ဂမ္ကဘြန္ဒက္စ္လီဂါနဲ႔ခ်န္ပီယံလိဂ္မွာပြဲေတြအမ်ားႀကီးကစားလာမယ္။ေဒါ့မြန္ရဲ႕စနစ္အတိုင္းေလ့က်င့္ခန္းအမ်ားႀကီးလုပ္ရမယ္။သူကပိုၿပီးေတာ့သန္မာလာမယ္။ပိုျမန္လာမယ္။ၿပီးေတာ့ပိုၿပီးေတာ့ရင့္က်က္လာမယ္။ၿပိဳင္ပြဲေတြအၾကားမွာအကူအေျပာင္းရွိပါတယ္။အဂၤလန္အတြက္ကေတာ့ဘယ္လင္ဂမ္ကကြဲျပားတဲ့အဆင့္မွာရွိတဲ့သူတစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ေမာ္ရင္ဟိုကဒဏ္ရာေၾကာင့္ယူ႐ိုလူစာရင္းမွာႏုတ္ထြက္သြားခဲ့တဲ့ေမဆင္ဂရင္းဝုဒ္မွာလာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္ႏွင့္အတူပါဝင္လာႏိုင္ေၾကာင္းဆိုသြားပါတယ္။ဒါေပမယ့္ေမဆင္ေမာင့္ဟာဆန္ခ်ိဳေရာက္လာမႈနဲ႔အတူမန္ယူမွာေနရာရရွိဖို႔ခက္ခဲလာဖို႔ရွိေနတာကအတားအဆီးျဖစ္လာႏိုင္ပါတယ္။