ဘယ်အသင်းကို အားပေးသလဲ ပြောကြားကာ ဘက်ကင်ဟန်နန်းတော်ဝန်ထမ်းကို တုန်လှုပ်သွားစေခဲ့တဲ့ ဘုရင်မကြီး

ဗြိတိန်ဘုရင်မကြီးအဲလစ်ဇဘတ်ဟာသူမဘယ်အသင်းကိုအားပေးသလဲဆိုတာဖွင့်ဟပြောကြားပြီးဘက်ကင်ဟန်နန်းတော်ဝန်ထမ်းကိုတုန်လှုပ်သွားစေခဲ့ဖူးပါတယ်။

အသက်၉၅နှစ်ရှိပြီဖြစ်တဲ့ဘုရင်မကြီးအဲလစ်ဇဘတ်ဟာသူမဘယ်အသင်းကိုအားပေးတယ်ဆိုတာနဲ့ပတ်သက်ပြီးလူသိရှင်ကြားပြောကြားခဲ့ဖူးခြင်းမရှိပါဘူး။

မင်းသားဝီလီယမ်ကတော့အားလုံးသိတဲ့အတိုင်းအက်စတွန်ဗီလာအမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။မင်းသားဝီလီယမ်ဟာဗီလာအိမ်ကွင်းပွဲတိုင်းနီးပါးလိုလိုလာကြည့်အားပေးတဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်တစ်ချိန်မှာတော့ဗြိတိန်ဘုရင်မကြီးဟာဘက်ကင်ဟန်နန်းတော်ဝန်ထမ်းတစ်ဦးအားသူမဟာဝက်စ်ဟမ်းအသင်းပရိသတ်ဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။

ဗြိတိန်ဘုရင်မကြီးဟာဝက်စ်ဟမ်းအသင်း အကြီးအကျယ်အောင်မြင်နေခဲ့တဲ့ကာလများတုန်းကဝက်စ်ဟမ်းပရိသတ်ဖြစ်လာသူလို့ယူဆရပြီးဝက်စ်ဟမ်းဂန္ထဝင်နည်းပြရွန်ဂရင်းဝုဒ်နှင့်အကြိမ်ကြိမ်ဆုံတွေ့ဖူးသလို၁၉၈၁ခုနှစ်တုန်းက CBE ဘွဲ့လည်းပေးအပ်ခဲ့ဖူးပါတယ်။

ဝင်ဆာရဲတိုက်ဝန်ထမ်းက “ဘုရင်မကြီးကသူဘယ်အသင်းကိုအားပေးတယ်ဆိုတာဘယ်သူ့ကိုမှမသိစေချင်ပါဘူး။ဒါပေမယ့်တစ်ခါမှာတော့သူမရဲ့ဝန်ထမ်းတစ်ဦးကမီဝေါလ်ပရိသတ်ဖြစ်ကြောင်းပြောပြီးဝက်စ်ဟမ်းနဲ့မီဝေါလ်အကြားယှဉ်ပြိုင်မှုကိုပြောလာချိန်မှာတော့သူမရဲ့လျို့ဝှက်ချက်ကိုဖွင့်ချလာခဲ့ပါတယ်။အားလုံးအံ့ဩသွားခဲ့ကြတယ်။သူကဝက်စ်ဟမ်းပရိသတ်တစ်ဦးလို့လုံးဝကိုမထင်ခဲ့ရပါဘူး”လို့ပြောကြားခဲ့ပါတယ်။

အစောပိုင်းတုန်းကဗြိတိန်ဘုရင်မကြီးအဲလစ်ဇဘတ်ဟာအာဆင်နယ်အသင်းပရိသတ်တစ်ဦးလို့ယူဆခဲ့ရပါတယ်။

ZawGyi

ဘယ္အသင္းကို အားေပးသလဲ ေျပာၾကားကာ ဘက္ကင္ဟန္နန္းေတာ္ဝန္ထမ္းကို တုန္လႈပ္သြားေစခဲ့တဲ့ ဘုရင္မႀကီး

ၿဗိတိန္ဘုရင္မႀကီးအဲလစ္ဇဘတ္ဟာသူမဘယ္အသင္းကိုအားေပးသလဲဆိုတာဖြင့္ဟေျပာၾကားၿပီးဘက္ကင္ဟန္နန္းေတာ္ဝန္ထမ္းကိုတုန္လႈပ္သြားေစခဲ့ဖူးပါတယ္။

အသက္၉၅ႏွစ္ရွိၿပီျဖစ္တဲ့ဘုရင္မႀကီးအဲလစ္ဇဘတ္ဟာသူမဘယ္အသင္းကိုအားေပးတယ္ဆိုတာနဲ႔ပတ္သက္ၿပီးလူသိရွင္ၾကားေျပာၾကားခဲ့ဖူးျခင္းမရွိပါဘူး။

မင္းသားဝီလီယမ္ကေတာ့အားလုံးသိတဲ့အတိုင္းအက္စတြန္ဗီလာအမာခံပရိသတ္တစ္ဦးျဖစ္ပါတယ္။မင္းသားဝီလီယမ္ဟာဗီလာအိမ္ကြင္းပြဲတိုင္းနီးပါးလိုလိုလာၾကည့္အားေပးတဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္တစ္ခ်ိန္မွာေတာ့ၿဗိတိန္ဘုရင္မႀကီးဟာဘက္ကင္ဟန္နန္းေတာ္ဝန္ထမ္းတစ္ဦးအားသူမဟာဝက္စ္ဟမ္းအသင္းပရိသတ္ျဖစ္ေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ၿဗိတိန္ဘုရင္မႀကီးဟာဝက္စ္ဟမ္းအသင္း အႀကီးအက်ယ္ေအာင္ျမင္ေနခဲ့တဲ့ကာလမ်ားတုန္းကဝက္စ္ဟမ္းပရိသတ္ျဖစ္လာသူလို႔ယူဆရၿပီးဝက္စ္ဟမ္းဂႏၴဝင္နည္းျပ႐ြန္ဂရင္းဝုဒ္ႏွင့္အႀကိမ္ႀကိမ္ဆုံေတြ႕ဖူးသလို၁၉၈၁ခုႏွစ္တုန္းက CBE ဘြဲ႕လည္းေပးအပ္ခဲ့ဖူးပါတယ္။

ဝင္ဆာရဲတိုက္ဝန္ထမ္းက “ဘုရင္မႀကီးကသူဘယ္အသင္းကိုအားေပးတယ္ဆိုတာဘယ္သူ႔ကိုမွမသိေစခ်င္ပါဘူး။ဒါေပမယ့္တစ္ခါမွာေတာ့သူမရဲ႕ဝန္ထမ္းတစ္ဦးကမီေဝါလ္ပရိသတ္ျဖစ္ေၾကာင္းေျပာၿပီးဝက္စ္ဟမ္းနဲ႔မီေဝါလ္အၾကားယွဥ္ၿပိဳင္မႈကိုေျပာလာခ်ိန္မွာေတာ့သူမရဲ႕လ်ိဳ႕ဝွက္ခ်က္ကိုဖြင့္ခ်လာခဲ့ပါတယ္။အားလုံးအံ့ဩသြားခဲ့ၾကတယ္။သူကဝက္စ္ဟမ္းပရိသတ္တစ္ဦးလို႔လုံးဝကိုမထင္ခဲ့ရပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

အေစာပိုင္းတုန္းကၿဗိတိန္ဘုရင္မႀကီးအဲလစ္ဇဘတ္ဟာအာဆင္နယ္အသင္းပရိသတ္တစ္ဦးလို႔ယူဆခဲ့ရပါတယ္။