ဘရန့်ဖို့ဒ်(ခ)အတွက် ပထမဆုံးကစားတဲ့ပွဲတွင် ဒိုင်လူကြီးရဲ့မျက်နှာကိုရိုက်ခံခဲ့ရတဲ့အပြင် ပြိုင်ဘက်နည်းပြရဲ့လှောင်ပြောင်ခံခဲ့ရတဲ့ ဘက်ဟမ်းရဲ့သား

ဒေးဗစ်ဘက်ဟမ်းရဲ့သားလတ်ရိုမီယိုဘက်ဟမ်းဟာဘရန့်ဖို့ဒ်(ခ)အသင်းအတွက်ပထမဆုံးကစားတဲ့ပွဲတွင်ဒိုင်လူကြီးရဲ့မျက်နှာကိုရိုက်ခြင်းခံခဲ့ရသလို ပြိုင်ဘက်နည်းပြရဲ့လှောင်ပြောင်ခြင်းလည်းခံခဲ့ရပါတယ်။

အသက်၂၀နှစ်ရှိရိုမီယိုဘက်ဟမ်းဟာအင်တာမီယာမီမှဘရန့်ဖို့ဒ်(ခ)အသင်းသို့ခြောက်လအငှားဖြင့်ပြောင်းရွှေ့ပြီးနောက်အင်္ဂါနေ့တုန်းက Park View Road တွင်နဝမတန်းလိဂ်အသင်း Erith and Belvedereနှင့်ပွဲမှာပထမဆုံးပွဲကစားခဲ့ပါတယ်။

ယင်းပွဲတွင်၃-၂ဂိုးဖြင့်အနိုင်ရခဲ့ပေမဲ့လည်းရိုမီယိုဘက်ဟမ်းအတွက်ကောင်းမွန်တဲ့ညနေခင်းမဖြစ်ခဲ့ပါဘူး။

The Athletic ကယင်းပွဲစဉ်တွင်ရိုမီယိုဘက်ဟမ်းဟာမထင်မှတ်ထားတဲ့အဖြစ်အပျက်အချို့ကြုံခဲ့ရကြောင်းသိရပါတယ်။

သူဟာကွင်းအတွင်းတွင် Erith and Belvedere နည်းပြဂရန့်ဒပ်ဖ်ရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရတဲ့အပြင်လက်ပစ်ဘောအားခုခံရန်လုပ်နေစဉ်ဒိုင်လူကြီးရဲ့မတော်တဆမျက်နှာကိုလက်ဖြင့်ရိုက်ခြင်းခံခဲ့ရပါတယ်။

အဆိုပါပွဲစဉ်ကိုဖခင်ဖြစ်သူဒေးဗစ်ဘက်ဟမ်းလည်းလာရောက်အားပေးကြည့်ရှုခဲ့ပါတယ်။

ဒါပေမဲ့ဒေးဗစ်ဘက်ဟမ်းဟာကွင်းအတွင်းစံချိန်တင်လာရောက်ကြည့်ရှုတဲ့ပရိသတ်များရဲ့ဓာတ်ပုံရိုက်ကူးရန်တောင်းဆိုမှုကိုမခံနိုင်တဲ့အဆုံး ကွင်းခြံစည်းရိုးကိုကျော်ချထွက်ပြေးခဲ့ရပါတယ်။ယင်းပွဲကိုပရိသတ်၅၅၄ဦးစံချိန်တင်လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ZawGyi

ဘရန႔္ဖို႔ဒ္(ခ)အတြက္ ပထမဆုံးကစားတဲ့ပြဲတြင္ ဒိုင္လူႀကီးရဲ႕မ်က္ႏွာကို႐ိုက္ခံခဲ့ရတဲ့အျပင္ ၿပိဳင္ဘက္နည္းျပရဲ႕ေလွာင္ေျပာင္ခံခဲ့ရတဲ့ ဘက္ဟမ္းရဲ႕သား

ေဒးဗစ္ဘက္ဟမ္းရဲ႕သားလတ္႐ိုမီယိုဘက္ဟမ္းဟာဘရန႔္ဖို႔ဒ္(ခ)အသင္းအတြက္ပထမဆုံးကစားတဲ့ပြဲတြင္ဒိုင္လူႀကီးရဲ႕မ်က္ႏွာကို႐ိုက္ျခင္းခံခဲ့ရသလို ၿပိဳင္ဘက္နည္းျပရဲ႕ေလွာင္ေျပာင္ျခင္းလည္းခံခဲ့ရပါတယ္။

အသက္၂၀ႏွစ္ရွိ႐ိုမီယိုဘက္ဟမ္းဟာအင္တာမီယာမီမွဘရန႔္ဖို႔ဒ္(ခ)အသင္းသို႔ေျခာက္လအငွားျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္အဂၤါေန႔တုန္းက Park View Road တြင္နဝမတန္းလိဂ္အသင္း Erith and Belvedereႏွင့္ပြဲမွာပထမဆုံးပြဲကစားခဲ့ပါတယ္။

ယင္းပြဲတြင္၃-၂ဂိုးျဖင့္အႏိုင္ရခဲ့ေပမဲ့လည္း႐ိုမီယိုဘက္ဟမ္းအတြက္ေကာင္းမြန္တဲ့ညေနခင္းမျဖစ္ခဲ့ပါဘူး။

The Athletic ကယင္းပြဲစဥ္တြင္႐ိုမီယိုဘက္ဟမ္းဟာမထင္မွတ္ထားတဲ့အျဖစ္အပ်က္အခ်ိဳ႕ႀကဳံခဲ့ရေၾကာင္းသိရပါတယ္။

သူဟာကြင္းအတြင္းတြင္ Erith and Belvedere နည္းျပဂရန႔္ဒပ္ဖ္ရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရတဲ့အျပင္လက္ပစ္ေဘာအားခုခံရန္လုပ္ေနစဥ္ဒိုင္လူႀကီးရဲ႕မေတာ္တဆမ်က္ႏွာကိုလက္ျဖင့္႐ိုက္ျခင္းခံခဲ့ရပါတယ္။

အဆိုပါပြဲစဥ္ကိုဖခင္ျဖစ္သူေဒးဗစ္ဘက္ဟမ္းလည္းလာေရာက္အားေပးၾကည့္ရႈခဲ့ပါတယ္။

ဒါေပမဲ့ေဒးဗစ္ဘက္ဟမ္းဟာကြင္းအတြင္းစံခ်ိန္တင္လာေရာက္ၾကည့္ရႈတဲ့ပရိသတ္မ်ားရဲ႕ဓာတ္ပုံ႐ိုက္ကူးရန္ေတာင္းဆိုမႈကိုမခံႏိုင္တဲ့အဆုံး ကြင္းၿခံစည္း႐ိုးကိုေက်ာ္ခ်ထြက္ေျပးခဲ့ရပါတယ္။ယင္းပြဲကိုပရိသတ္၅၅၄ဦးစံခ်ိန္တင္လာေရာက္ၾကည့္ရႈခဲ့ၾကပါတယ္။