ဘရန့်ဖို့ဒ်(ခ)အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းလာတဲ့ ဒေးဗစ်ဘက်ဟမ်းရဲ့သားရိုမီယို

ဒေးဗစ်ဘက်ဟမ်းရဲ့သားရိုမီယိုဟာဘရန့်ဖို့ဒ်(ခ)အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနေကြောင်းသိရပါတယ်။

အသက်၂၀နှစ်ရှိကစားသမားဟာဖခင်ဖြစ်သူဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့အင်တာမီယာမီအသင်းရဲ့စာချုပ်လက်အောက်မှာရှိနေသေးပေမဲ့လည်း ဘရန့်ဖို့ဒ်(ခ)အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနေတာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ရိုမီယိုဟာဘရန့်ဖို့ဒ်အသင်းနှင့်အတူဘယ်လောက်လေ့ကျင့်ခန်းအတူဆင်းမလဲဆိုတာအတိအကျမသိရသေးပါဘူး။

ရိုမီယိုဟာဖခင်ဖြစ်သူ ဒေးဗစ်ဘက်ဟမ်း မန်ချက်စတာယူနိုက်တက်မှထွက်ခွာကာရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကာပရီးမီးယားလိဂ်ဘောလုံးလောကကိုစွန့်ခွာသွားပြီးနောက်၁၉နှစ်အကြာတွင်ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းနှင့်အတူလေ့ကျင့်ခန်းဆင်းလာတာလည်းဖြစ်ပါတယ်။

ရိုမီယိုဟာညီအစ်ကိုများဖြစ်ကြတဲ့ဘရွတ်ကလင်း၊ခရုဇ်တို့နှင့်အတူအာဆင်နယ်အကယ်ဒမီတွင်လေ့ကျင့်ခဲ့ကြပေမဲ့လည်း၂၀၁၄ခုနှစ်မှာထွက်ခွာခဲ့ရပါတယ်။

သူဟာအာဆင်နယ်အကယ်ဒမီမှထွက်ခွာခဲ့ရပြီးနောက်တင်းနစ်လောကသို့ဝင်ရောက်ရန်အတွက်အင်ဒီမာရေးနှင့်တောင်လေ့ကျင့်ခဲ့ပါသေးတယ်။

သူဟာငါးနှစ်အကြာမှာတော့ဖခင်ဖြစ်သူဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းရဲ့(ခ)အသင်းဖြစ်တဲ့ Fort Lauderdale CF နှင့်စာချုပ်ချုပ်ဆိုခွင့်ရခဲ့ပါတယ်။

သူဟာအင်တာမီယာမီနည်းပြဖီးလ်နဗီးလ်ရဲ့သားဟာဗေးနှင့်အတူ အသင်းအတွက်ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲတောင်ကစားခဲ့ပါသေးတယ်။

သူဟာဇူလိုင်လတုန်းကဘာစီလိုနာနှင့်ရာသီကြိုခြေစမ်းပွဲတွင်လည်းလူစားဝင်ရောက်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

သူဟာယခုနှစ်မှာအင်တာမီယာမီ(ခ)အသင်းအတွက်၂၆ပွဲကစားထားပြီး၂ဂိုးသွင်းထားပါတယ်။သူဟာဖခင်ဖြစ်သူကဲ့သို့ပင်ညာတောင်ပံတွင်ကစားသူဖြစ်ပါတယ်။

ZawGyi

ဘရန႔္ဖို႔ဒ္(ခ)အသင္းႏွင့္အတူ ေလ့က်င့္ခန္းဆင္းလာတဲ့ ေဒးဗစ္ဘက္ဟမ္းရဲ႕သား႐ိုမီယို

ေဒးဗစ္ဘက္ဟမ္းရဲ႕သား႐ိုမီယိုဟာဘရန႔္ဖို႔ဒ္(ခ)အသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းေနေၾကာင္းသိရပါတယ္။

အသက္၂၀ႏွစ္ရွိကစားသမားဟာဖခင္ျဖစ္သူေဒးဗစ္ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့အင္တာမီယာမီအသင္းရဲ႕စာခ်ဳပ္လက္ေအာက္မွာရွိေနေသးေပမဲ့လည္း ဘရန႔္ဖို႔ဒ္(ခ)အသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္႐ိုမီယိုဟာဘရန႔္ဖို႔ဒ္အသင္းႏွင့္အတူဘယ္ေလာက္ေလ့က်င့္ခန္းအတူဆင္းမလဲဆိုတာအတိအက်မသိရေသးပါဘူး။

႐ိုမီယိုဟာဖခင္ျဖစ္သူ ေဒးဗစ္ဘက္ဟမ္း မန္ခ်က္စတာယူႏိုက္တက္မွထြက္ခြာကာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ကာပရီးမီးယားလိဂ္ေဘာလုံးေလာကကိုစြန႔္ခြာသြားၿပီးေနာက္၁၉ႏွစ္အၾကာတြင္ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းႏွင့္အတူေလ့က်င့္ခန္းဆင္းလာတာလည္းျဖစ္ပါတယ္။

႐ိုမီယိုဟာညီအစ္ကိုမ်ားျဖစ္ၾကတဲ့ဘ႐ြတ္ကလင္း၊ခ႐ုဇ္တို႔ႏွင့္အတူအာဆင္နယ္အကယ္ဒမီတြင္ေလ့က်င့္ခဲ့ၾကေပမဲ့လည္း၂၀၁၄ခုႏွစ္မွာထြက္ခြာခဲ့ရပါတယ္။

သူဟာအာဆင္နယ္အကယ္ဒမီမွထြက္ခြာခဲ့ရၿပီးေနာက္တင္းနစ္ေလာကသို႔ဝင္ေရာက္ရန္အတြက္အင္ဒီမာေရးႏွင့္ေတာင္ေလ့က်င့္ခဲ့ပါေသးတယ္။

သူဟာငါးႏွစ္အၾကာမွာေတာ့ဖခင္ျဖစ္သူေဒးဗစ္ဘက္ဟမ္းပိုင္ဆိုင္တဲ့ အင္တာမီယာမီအသင္းရဲ႕(ခ)အသင္းျဖစ္တဲ့ Fort Lauderdale CF ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရခဲ့ပါတယ္။

သူဟာအင္တာမီယာမီနည္းျပဖီးလ္နဗီးလ္ရဲ႕သားဟာေဗးႏွင့္အတူ အသင္းအတြက္ပထမဆုံးပေရာ္ဖက္ရွင္နယ္ပြဲေတာင္ကစားခဲ့ပါေသးတယ္။

သူဟာဇူလိုင္လတုန္းကဘာစီလိုနာႏွင့္ရာသီႀကိဳေျခစမ္းပြဲတြင္လည္းလူစားဝင္ေရာက္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

သူဟာယခုႏွစ္မွာအင္တာမီယာမီ(ခ)အသင္းအတြက္၂၆ပြဲကစားထားၿပီး၂ဂိုးသြင္းထားပါတယ္။သူဟာဖခင္ျဖစ္သူကဲ့သို႔ပင္ညာေတာင္ပံတြင္ကစားသူျဖစ္ပါတယ္။