ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ချေပဂိုးမပေးရအောင် မျက်နှာနဲ့ ကာကွယ်မှုပြုလုပ်ခဲ့တဲ့ မင်ဒီ

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကဂိုးသမားအက်ဒူယတ်မင်ဒီရဲ့သူရဲကောင်းဆန်ဆန် ကာကွယ်မှုကြောင့်ဘရန့်ဖို့ဒ်နဲ့ပွဲတွင်ကံကောင်းထောက်မစွာအမှတ်အပြည့်ရရှိခဲ့ခြင်းဖြစ်ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

မက်ဒီဟာဘရန့်ဖို့ဒ်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အပိုင်အခွင့်အရေးများစွာကာကွယ်ခဲ့ပါတယ်။မင်ဒီဟာမျက်နှာကိုအသုံးပြုကာလည်းတစ်ကြိမ်ကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြက “မိနစ်၇၀ကတော့ကျွန်တော်တို့တော်တော်ကောင်းခဲ့တယ်။မိနစ်၂၀ကတော့ကံတော်တော်ကောင်းခဲ့တယ်။အက်ဒူယတ်ကြောင့်ကျွန်တော်တို့သုံးမှတ်အပြည့်ရခဲ့တာပါ။ဖလားပွဲတစ်ပွဲလိုပါပဲ။သူတို့အရဲစွန့်ကစားကြတယ်။ပရိသတ်တွေကလည်းသူတို့ကသတ္တိတွေအများကြီးပေးတယ်။ပထမပိုင်းမှာသူစိုးရိမ်နေခဲ့တယ်။သူတို့ကအဝေးလက်ပစ်ဘောတွေ၊အလွတ်တည်ကန်ဘောတွေနဲ့ပြဿနာရှာနေခဲ့တယ်။အခွင့်အရေးကောင်းကြီးတွေလည်းဖန်တီးနိုင်ခဲ့ကြတယ်။ဂိုးမပေးရတာသူ့ကြောင့်ပါ”လို့ပြောကြားသွားပါတယ်။

ဆီနီဂေါစတားဟာပွဲနောက်ပိုင်းမှာဆေမန်ဂေါ့ဒို၊ပွန်တပ်စ်ဂျန်ဆင်၊ခရစ္စတီယန်နော်ဂတ်တို့ရဲ့အပိုင်ကန်ချက်များကိုအသုံးပြုကာကွယ်သွားခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာချဲလ်ဆီးအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုပထမပိုင်းပြီးခါနီးမှာဘင်ချဲလ်ဝဲလ်ကသွင်းယူပေးခဲ့ပါတယ်။

ZawGyi

ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ေခ်ပဂိုးမေပးရေအာင္ မ်က္ႏွာနဲ႔ ကာကြယ္မႈျပဳလုပ္ခဲ့တဲ့ မင္ဒီ

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကဂိုးသမားအက္ဒူယတ္မင္ဒီရဲ႕သူရဲေကာင္းဆန္ဆန္ ကာကြယ္မႈေၾကာင့္ဘရန႔္ဖို႔ဒ္နဲ႔ပြဲတြင္ကံေကာင္းေထာက္မစြာအမွတ္အျပည့္ရရွိခဲ့ျခင္းျဖစ္ေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

မက္ဒီဟာဘရန႔္ဖို႔ဒ္အား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္အပိုင္အခြင့္အေရးမ်ားစြာကာကြယ္ခဲ့ပါတယ္။မင္ဒီဟာမ်က္ႏွာကိုအသုံးျပဳကာလည္းတစ္ႀကိမ္ကာကြယ္မႈျပဳလုပ္ခဲ့ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပက “မိနစ္၇၀ကေတာ့ကြၽန္ေတာ္တို႔ေတာ္ေတာ္ေကာင္းခဲ့တယ္။မိနစ္၂၀ကေတာ့ကံေတာ္ေတာ္ေကာင္းခဲ့တယ္။အက္ဒူယတ္ေၾကာင့္ကြၽန္ေတာ္တို႔သုံးမွတ္အျပည့္ရခဲ့တာပါ။ဖလားပြဲတစ္ပြဲလိုပါပဲ။သူတို႔အရဲစြန႔္ကစားၾကတယ္။ပရိသတ္ေတြကလည္းသူတို႔ကသတၱိေတြအမ်ားႀကီးေပးတယ္။ပထမပိုင္းမွာသူစိုးရိမ္ေနခဲ့တယ္။သူတို႔ကအေဝးလက္ပစ္ေဘာေတြ၊အလြတ္တည္ကန္ေဘာေတြနဲ႔ျပႆနာရွာေနခဲ့တယ္။အခြင့္အေရးေကာင္းႀကီးေတြလည္းဖန္တီးႏိုင္ခဲ့ၾကတယ္။ဂိုးမေပးရတာသူ႔ေၾကာင့္ပါ”လို႔ေျပာၾကားသြားပါတယ္။

ဆီနီေဂါစတားဟာပြဲေနာက္ပိုင္းမွာေဆမန္ေဂါ့ဒို၊ပြန္တပ္စ္ဂ်န္ဆင္၊ခရစၥတီယန္ေနာ္ဂတ္တို႔ရဲ႕အပိုင္ကန္ခ်က္မ်ားကိုအသုံးျပဳကာကြယ္သြားခဲ့ပါတယ္။အဆိုပါပြဲစဥ္မွာခ်ဲလ္ဆီးအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုပထမပိုင္းၿပီးခါနီးမွာဘင္ခ်ဲလ္ဝဲလ္ကသြင္းယူေပးခဲ့ပါတယ္။