ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ဂယ်လာဂါ ဒဏ်ရာရရှိသွားမှုကြောင့် အင်္ဂလန်အတွက် နောက်ထပ်ခေါင်းကိုက်စရာတစ်ခုကြုံလာ

ကော်နာဂယ်လာဂါဟာမနေ့ညတုန်းကဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင်ပွဲအစတွင်ပင်ဒဏ်ရာရရှိသွားမှုနှင့်အတူချဲလ်ဆီးနှင့်အင်္ဂလန်တို့အတွက်နောက်ထပ်စိုးရိမ်တစ်ခုထပ်ပေါ်လာပါတယ်။

အလယ်တန်းကစားသမားဟာ Gtech Community Stadium ကွင်းပွဲစဉ်တွင် ချဲလ်ဆီးပွဲထွက်လူစာရင်းတွင်ပါဝင်ခဲ့ပေမဲ့လည်းပွဲအစ၁၅မိနစ်တွင်ပင်လူစားလဲခဲ့ရကာ မာတီယိုကိုဗာဆစ်နှင့်လူစားလဲခဲ့ရပါတယ်။

အသက်၂၂နှစ်ရှိကော်နာဂယ်လာဂါဟာယခုရာသီတွင်ချဲလ်ဆီးရဲ့အဓိကကကစားသမားအဖြစ်ကစားခွင့်ရရှိနေမှုနှင့်အတူ ဆောက်ဂိတ်ရဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်းလူစာရင်းတွင်ပါဝင်လာဖို့ရှိနေသူတစ်ဦးဖြစ်ပါတယ်။

သူဟာမကြာမီကြေညာလာတော့မယ့် ဆောက်ဂိတ်ရဲ့အင်္ဂလန်ပဏာမလူစာရင်း ၅၅ ဦးတွင်ပါဝင်လာဖို့ရှိနေပါတယ်။

ယခုကဲ့သို့ဂယ်လာဂါဒဏ်ရာရရှိလာမှုက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီတစ်လမျှသာလိုတော့တဲ့အချိန်တွင်ဆောက်ဂိတ်အတွက်စိုးရိမ်စရာဖြစ်နေပါတယ်။

ဂယ်လာဂါရဲ့ချဲလ်ဆီးကစားဖော်ရီစီဂျိမ်းစ်မှာဒူးဒဏ်ရာကြောင့်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ထားသလိုအန်ဂိုလိုကန်တီမှာလည်းပြင်သစ်အတွက်ကမ္ဘာ့ဖလားမှာကစားနိုင်တော့မှာမဟုတ်ပါဘူး။

ZawGyi

ဘရန႔္ဖို႔ဒ္ႏွင့္ပြဲတြင္ ဂယ္လာဂါ ဒဏ္ရာရရွိသြားမႈေၾကာင့္ အဂၤလန္အတြက္ ေနာက္ထပ္ေခါင္းကိုက္စရာတစ္ခုႀကဳံလာ

ေကာ္နာဂယ္လာဂါဟာမေန႔ညတုန္းကဘရန႔္ဖို႔ဒ္ႏွင့္ပြဲစဥ္တြင္ပြဲအစတြင္ပင္ဒဏ္ရာရရွိသြားမႈႏွင့္အတူခ်ဲလ္ဆီးႏွင့္အဂၤလန္တို႔အတြက္ေနာက္ထပ္စိုးရိမ္တစ္ခုထပ္ေပၚလာပါတယ္။

အလယ္တန္းကစားသမားဟာ Gtech Community Stadium ကြင္းပြဲစဥ္တြင္ ခ်ဲလ္ဆီးပြဲထြက္လူစာရင္းတြင္ပါဝင္ခဲ့ေပမဲ့လည္းပြဲအစ၁၅မိနစ္တြင္ပင္လူစားလဲခဲ့ရကာ မာတီယိုကိုဗာဆစ္ႏွင့္လူစားလဲခဲ့ရပါတယ္။

အသက္၂၂ႏွစ္ရွိေကာ္နာဂယ္လာဂါဟာယခုရာသီတြင္ခ်ဲလ္ဆီးရဲ႕အဓိကကကစားသမားအျဖစ္ကစားခြင့္ရရွိေနမႈႏွင့္အတူ ေဆာက္ဂိတ္ရဲ႕ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္အဂၤလန္အသင္းလူစာရင္းတြင္ပါဝင္လာဖို႔ရွိေနသူတစ္ဦးျဖစ္ပါတယ္။

သူဟာမၾကာမီေၾကညာလာေတာ့မယ့္ ေဆာက္ဂိတ္ရဲ႕အဂၤလန္ပဏာမလူစာရင္း ၅၅ ဦးတြင္ပါဝင္လာဖို႔ရွိေနပါတယ္။

ယခုကဲ့သို႔ဂယ္လာဂါဒဏ္ရာရရွိလာမႈက ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီတစ္လမွ်သာလိုေတာ့တဲ့အခ်ိန္တြင္ေဆာက္ဂိတ္အတြက္စိုးရိမ္စရာျဖစ္ေနပါတယ္။

ဂယ္လာဂါရဲ႕ခ်ဲလ္ဆီးကစားေဖာ္ရီစီဂ်ိမ္းစ္မွာဒူးဒဏ္ရာေၾကာင့္အဂၤလန္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ထားသလိုအန္ဂိုလိုကန္တီမွာလည္းျပင္သစ္အတြက္ကမာၻ႔ဖလားမွာကစားႏိုင္ေတာ့မွာမဟုတ္ပါဘူး။