ဘရန့်ဖို့ဒ်နှင့်ဝုဗ်ပွဲ ၁၉ မိနစ်ကြာ ရပ်ရအောင် လုပ်ခဲ့တဲ့ ဒရုန်းပိုင်ရှင်ကို မီထရိုပိုလီတန်ရဲတပ်ဖွဲ့အပူတပြင်းရှာဖွေနေ

စနေနေ့တုန်းကဘရန့်ဖို့ဒ်နှင့်ဝုဗ်တို့ပွဲစဉ်တွင်ကွင်းအပေါ်ဘက်တွင် ဒရုန်းတစ်စင်းပျံသန်းနေမှုကြောင့်ပွဲကိုအချိန်တန်ကြာရပ်ဆိုင်းခဲ့ရပါတယ်။

ယခုအခါမီထရိုပိုလီတန်ရဲတပ်ဖွဲ့ကဘရန်ဖို့ဒ်နှင့်ဝုဗ်ပွဲပထမပိုင်းတွင်ပွဲကို၁၉မိနစ်ကြာအထိရပ်ဆိုင်းရအောင်လုပ်ခဲ့တဲ့ဒရုန်းပိုင်ရှင်ကိုရှာဖွေနေကြောင်းအတည်ပြုလာပါတယ်။

ဘရန့်ဖို့ဒ်နှင့်ဝုဗ်ပွဲစဉ်ရဲ့ပထမပိုင်းတွင်ကွင်းကောင်းကင်ယံတွင်ဒရုန်းတစ်စသင်းပျံသန်းနေခဲ့ပါတယ်။

ပရီးမီးယားလိဂ်စည်းမျဉ်းအရ ခွင့်ပြုချက်မရှိတဲ့ဒရုန်းပျံသန်းနေပါက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာနိုင်တဲ့အနေအထားကြောင့်ပွဲကိုရပ်ပြီးကစားသမားများကိုဘေးကာရာသို့ပို့ဆောင်ရပါမယ်။ဒါ့အပြင်ရုပ်သံမူပိုင်ခွင့်နှင့်လည်းသက်ဆိုင်နေပါတယ်။အချို့ကဒရုန်းကိုအသုံးပြုပြီးပွဲကိုရိုက်ကူးကာထုတ်လွှင့်မှုပြုလုပ်နိုင်ပါတယ်။

ဒါကြောင့်လည်းဒိုင်လူကြီးပီတာဘန်ကီဟာဟာပွဲကိုရပ်ဆိုင်းခဲ့ပါတယ်။ဒရုန်းဟာ၁၅မိနစ်ဝန်းကျင်ခန့်ပျံသန်းနေပြီးနောက်ပျောက်ကွယ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ်တုန်းကနီဂယ်ဝီလ်ဆင်အမည်ရှိလူတစ်ဦးဟာပရီးမီးယားလိဂ်ကွင်းအပေါ်ဘက်တွင်ဒရုန်းပျံသန်းမှုအတွက်ပေါင်၁၈၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရဖူးပါတယ်။

ဘရန့်ဖို့ဒ်နှင့်ဝုဗ်ပွဲတွင်ဧည့်သည်ဝုဗ်က၂-၁ဂိုးဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။ယင်းပွဲတွင်ဒရုန်းမပျံသန်းမီ ဘရန့်ဖို့ဒ်ကစားသမားနှစ်ဦး ခေါင်းချင်းမတော်တဆဆောင့်မိမှုကြောင့်လည်းပွဲကိုအတန်ကြာရပ်ဆိုင်းခဲ့ရပါတယ်။

ZawGyi

ဘရန႔္ဖို႔ဒ္ႏွင့္ဝုဗ္ပြဲ ၁၉ မိနစ္ၾကာ ရပ္ရေအာင္ လုပ္ခဲ့တဲ့ ဒ႐ုန္းပိုင္ရွင္ကို မီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕အပူတျပင္းရွာေဖြေန

စေနေန႔တုန္းကဘရန႔္ဖို႔ဒ္ႏွင့္ဝုဗ္တို႔ပြဲစဥ္တြင္ကြင္းအေပၚဘက္တြင္ ဒ႐ုန္းတစ္စင္းပ်ံသန္းေနမႈေၾကာင့္ပြဲကိုအခ်ိန္တန္ၾကာရပ္ဆိုင္းခဲ့ရပါတယ္။

ယခုအခါမီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ကဘရန္ဖို႔ဒ္ႏွင့္ဝုဗ္ပြဲပထမပိုင္းတြင္ပြဲကို၁၉မိနစ္ၾကာအထိရပ္ဆိုင္းရေအာင္လုပ္ခဲ့တဲ့ဒ႐ုန္းပိုင္ရွင္ကိုရွာေဖြေနေၾကာင္းအတည္ျပဳလာပါတယ္။

ဘရန႔္ဖို႔ဒ္ႏွင့္ဝုဗ္ပြဲစဥ္ရဲ႕ပထမပိုင္းတြင္ကြင္းေကာင္းကင္ယံတြင္ဒ႐ုန္းတစ္စသင္းပ်ံသန္းေနခဲ့ပါတယ္။

ပရီးမီးယားလိဂ္စည္းမ်ဥ္းအရ ခြင့္ျပဳခ်က္မရွိတဲ့ဒ႐ုန္းပ်ံသန္းေနပါက အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္လာႏိုင္တဲ့အေနအထားေၾကာင့္ပြဲကိုရပ္ၿပီးကစားသမားမ်ားကိုေဘးကာရာသို႔ပို႔ေဆာင္ရပါမယ္။ဒါ့အျပင္႐ုပ္သံမူပိုင္ခြင့္ႏွင့္လည္းသက္ဆိုင္ေနပါတယ္။အခ်ိဳ႕ကဒ႐ုန္းကိုအသုံးျပဳၿပီးပြဲကို႐ိုက္ကူးကာထုတ္လႊင့္မႈျပဳလုပ္ႏိုင္ပါတယ္။

ဒါေၾကာင့္လည္းဒိုင္လူႀကီးပီတာဘန္ကီဟာဟာပြဲကိုရပ္ဆိုင္းခဲ့ပါတယ္။ဒ႐ုန္းဟာ၁၅မိနစ္ဝန္းက်င္ခန႔္ပ်ံသန္းေနၿပီးေနာက္ေပ်ာက္ကြယ္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့၂၀၁၅ခုႏွစ္တုန္းကနီဂယ္ဝီလ္ဆင္အမည္ရွိလူတစ္ဦးဟာပရီးမီးယားလိဂ္ကြင္းအေပၚဘက္တြင္ဒ႐ုန္းပ်ံသန္းမႈအတြက္ေပါင္၁၈၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရဖူးပါတယ္။

ဘရန႔္ဖို႔ဒ္ႏွင့္ဝုဗ္ပြဲတြင္ဧည့္သည္ဝုဗ္က၂-၁ဂိုးျဖင့္အႏိုင္ရရွိသြားခဲ့ပါတယ္။ယင္းပြဲတြင္ဒ႐ုန္းမပ်ံသန္းမီ ဘရန႔္ဖို႔ဒ္ကစားသမားႏွစ္ဦး ေခါင္းခ်င္းမေတာ္တဆေဆာင့္မိမႈေၾကာင့္လည္းပြဲကိုအတန္ၾကာရပ္ဆိုင္းခဲ့ရပါတယ္။