ဘရန်ဒန်ရော်ဂျာကို အနာဂတ်အင်္ဂလန်နည်းပြရာထူအတွက် ရွိုင်းဟော့ဆန်ထောက်ခံ

ဝက်ဖို့ဒ်နည်းပြရွိုင်းဟော့ဆန်မှာလက်စတာနည်းပြဘရန်ဒန်ရော်ဂျာမှာအနာဂတ်အင်္ဂလန်အသင်းနည်းပြဖြစ်လာနိုင်သူဖြစ်ကြောင်းထောက်ခံပြောကြားလာပါတယ်။

ရော်ဂျာဦးဆောင်တဲ့လက်စတာဟာတနင်္ဂနွေနေ့တွင်Vicarage Roadသို့သွားရောက်ကာရွိုင်းဟော့ဆန်ရဲ့ဝက်ဖို့ဒ်နှင့်ရင်ဆိုင်ရပါမယ်။

ရွိုင်းဟော့ဆန်ဟာ King Power တွင်ဘရန်ဒန်ရော်ဂျာရဲ့စွမ်းဆောင်မှုများအပေါ်လေးစားနေသူလည်းဖြစ်ပါတယ်။ရော်ဂျာဟာဆဲလ်တစ်တွင်အောင်မြင်မှုများရယူနိုင်ခဲ့သလိုလက်စတာကိုလည်းထိပ်ဆုံးခြောက်သင်းအတွင်းနှစ်နှစ်ဆက်ဝင်အောင်စွမ်းဆောင်ထားနိုင်သလိုအက်ဖ်အေဖလားလည်းဆွတ်ခူးပေးထားပါတယ်။

လက်ရှိအင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာ၂၀၂၄ခုနှစ်အထိသာစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။အင်္ဂလန်နည်းပြဟောင်းဟော့ဆန်ကမြောက်အိုင်ယာလန်လူမျိုးနည်းပြမှာတစ်နေ့တွင်အင်္ဂလန်နည်းပြဖြစ်လာနိုင်သူအဖြစ်ပြောကြားလာပါတယ်။

အင်္ဂလန်ကို၂၀၁၂ခုနှစ်မှ၂၀၁၆ခုနှစ်အထိကိုင်တွယ်ဖူးတဲ့ဟော့ဆန်က “သူကအရမ်းကောင်းတဲ့နည်းပြဆိုတော့ဖြစ်နိုင်တယ်။ဘာလို့မဖြစ်နိုင်ရမှာလဲ။သူ့မှတ်တမ်းတွေကအရမ်းကောင်းတယ်။ကလပ်ကြီးတွေမှာလည်းလုပ်ခဲ့ဖူးတယ်။သူဟာလုပ်ရခက်ခဲတဲ့ကလပ်တွေမှာလည်းလုပ်ခဲ့တယ်။လီဗာပူး၊ဆဲလ်တစ်တို့ကိုကိုင်တွယ်ခဲ့တယ်။လက်စတာကိုသူဟာပြီးခဲ့တဲ့နှစ်တွေမှာထိပ်သီးအသင်းဖြစ်လာအောင်ပို့ဆောင်ပေးထားတယ်။ထိပ်တန်းအဆင့်မှာဆက်ရှိနိုင်အောင်လည်းလုပ်ဆောင်ထားတယ်။သူလုပ်ဆောင်ထားတာအရမ်းကောင်းတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘရန္ဒန္ေရာ္ဂ်ာကို အနာဂတ္အဂၤလန္နည္းျပရာထူအတြက္ ႐ြိဳင္းေဟာ့ဆန္ေထာက္ခံ

ဝက္ဖို႔ဒ္နည္းျပ႐ြိဳင္းေဟာ့ဆန္မွာလက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာမွာအနာဂတ္အဂၤလန္အသင္းနည္းျပျဖစ္လာႏိုင္သူျဖစ္ေၾကာင္းေထာက္ခံေျပာၾကားလာပါတယ္။

ေရာ္ဂ်ာဦးေဆာင္တဲ့လက္စတာဟာတနဂၤေႏြေန႔တြင္Vicarage Roadသို႔သြားေရာက္ကာ႐ြိဳင္းေဟာ့ဆန္ရဲ႕ဝက္ဖို႔ဒ္ႏွင့္ရင္ဆိုင္ရပါမယ္။

႐ြိဳင္းေဟာ့ဆန္ဟာ King Power တြင္ဘရန္ဒန္ေရာ္ဂ်ာရဲ႕စြမ္းေဆာင္မႈမ်ားအေပၚေလးစားေနသူလည္းျဖစ္ပါတယ္။ေရာ္ဂ်ာဟာဆဲလ္တစ္တြင္ေအာင္ျမင္မႈမ်ားရယူႏိုင္ခဲ့သလိုလက္စတာကိုလည္းထိပ္ဆုံးေျခာက္သင္းအတြင္းႏွစ္ႏွစ္ဆက္ဝင္ေအာင္စြမ္းေဆာင္ထားႏိုင္သလိုအက္ဖ္ေအဖလားလည္းဆြတ္ခူးေပးထားပါတယ္။

လက္ရွိအဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာ၂၀၂၄ခုႏွစ္အထိသာစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။အဂၤလန္နည္းျပေဟာင္းေဟာ့ဆန္ကေျမာက္အိုင္ယာလန္လူမ်ိဳးနည္းျပမွာတစ္ေန႔တြင္အဂၤလန္နည္းျပျဖစ္လာႏိုင္သူအျဖစ္ေျပာၾကားလာပါတယ္။

အဂၤလန္ကို၂၀၁၂ခုႏွစ္မွ၂၀၁၆ခုႏွစ္အထိကိုင္တြယ္ဖူးတဲ့ေဟာ့ဆန္က “သူကအရမ္းေကာင္းတဲ့နည္းျပဆိုေတာ့ျဖစ္ႏိုင္တယ္။ဘာလို႔မျဖစ္ႏိုင္ရမွာလဲ။သူ႔မွတ္တမ္းေတြကအရမ္းေကာင္းတယ္။ကလပ္ႀကီးေတြမွာလည္းလုပ္ခဲ့ဖူးတယ္။သူဟာလုပ္ရခက္ခဲတဲ့ကလပ္ေတြမွာလည္းလုပ္ခဲ့တယ္။လီဗာပူး၊ဆဲလ္တစ္တို႔ကိုကိုင္တြယ္ခဲ့တယ္။လက္စတာကိုသူဟာၿပီးခဲ့တဲ့ႏွစ္ေတြမွာထိပ္သီးအသင္းျဖစ္လာေအာင္ပို႔ေဆာင္ေပးထားတယ္။ထိပ္တန္းအဆင့္မွာဆက္ရွိႏိုင္ေအာင္လည္းလုပ္ေဆာင္ထားတယ္။သူလုပ္ေဆာင္ထားတာအရမ္းေကာင္းတယ္”လို႔ေျပာၾကားသြားပါတယ္။