ပီလီကိုကျော်ဖြတ်ကာ ဘောလုံးသမိုင်းတွင် ဒုတိယဂိုးအများဆုံးသွင်းယူသူဖြစ်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ဂျူဗင်တပ်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာဘရာဇီးဂန္ထဝင်ပီလီကိုကျော်ဖြတ်ကာဘောလုံးသမိုင်းတွင် ဒုတိယဂိုးအများဆုံးသွင်းယူသူနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

အသက်၃၅နှစ်ရှိပေါ်တူဂီစူပါစတားဟာတနင်္ဂနွေနေ့ညတုန်းကဂျူဗင်တပ်ကအူဒီးနီးစ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်၂ဂိုးသွင်းယူနိုင်ပြီးနောက်ကစားသမားဘဝတစ်လျှောက်သွင်းဂိုး၇၅၈ဂိုးရှိသွားခဲ့ပြီ ဖြစ်ပြီး ပီလီထက်တစ်ဂိုးပိုမိုသွင်းယူကာသမိုင်းတစ်လျှောက်ဒုတိယဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ပီလီဟာ၁၉၅၆ခုနှစ်မှ၁၉၇၇ခုနှစ်အထိဆန်းတို့စ်၊နယူးယောက်ခ်ကော့စ်မို၊ဘရာဇီးတို့အတွက်၇၅၇ဂိုးသွင်းယူကာ ဘောလုံးသမိုင်းတွင်ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပြီးယခုအခါ ခရစ္စတီယာနိုရော်နယ်ဒိုကိုနေရာလွဲပြောင်းပေးလိုက်ရပြီဖြစ်ပါတယ်။

ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုဟာသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ဂျိုးဆက်ဖ်ဘီကန်ရဲ့၇၅၉ဂိုးစံချိန်ကိုလိုက်မီဖို့တစ်ဂိုးတည်းသာလိုပါတော့တယ်။

ဂျူဗင်တပ်ဟာယခုအပတ်မှာအေစီမီလန်၊ဆက်စ်ဆူလိုတို့နှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီးခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်ယင်းပွဲတို့မှာဘီကန်ရဲ့စံချိန်ကိုလိုက်မီခြင်း၊ စံချိန်သစ်ရေးထိုးခြင်းတို့ပြုလုပ်လာနိုင်ဖို့ရှိပါတယ်။

ZawGyi

ပီလီကိုေက်ာ္ျဖတ္ကာ ေဘာလုံးသမိုင္းတြင္ ဒုတိယဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ဂ်ဴဗင္တပ္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာဘရာဇီးဂႏၴဝင္ပီလီကိုေက်ာ္ျဖတ္ကာေဘာလုံးသမိုင္းတြင္ ဒုတိယဂိုးအမ်ားဆုံးသြင္းယူသူေနရာသို႔ တက္လွမ္းလာႏိုင္ခဲ့ပါတယ္။

အသက္၃၅ႏွစ္ရွိေပၚတူဂီစူပါစတားဟာတနဂၤေႏြေန႔ညတုန္းကဂ်ဴဗင္တပ္ကအူဒီးနီးစ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္၂ဂိုးသြင္းယူႏိုင္ၿပီးေနာက္ကစားသမားဘဝတစ္ေလွ်ာက္သြင္းဂိုး၇၅၈ဂိုးရွိသြားခဲ့ၿပီ ျဖစ္ၿပီး ပီလီထက္တစ္ဂိုးပိုမိုသြင္းယူကာသမိုင္းတစ္ေလွ်ာက္ဒုတိယဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

ပီလီဟာ၁၉၅၆ခုႏွစ္မွ၁၉၇၇ခုႏွစ္အထိဆန္းတို႔စ္၊နယူးေယာက္ခ္ေကာ့စ္မို၊ဘရာဇီးတို႔အတြက္၇၅၇ဂိုးသြင္းယူကာ ေဘာလုံးသမိုင္းတြင္ဒုတိယဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနခဲ့တာျဖစ္ၿပီးယခုအခါ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေနရာလြဲေျပာင္းေပးလိုက္ရၿပီျဖစ္ပါတယ္။

ယခုအခါခရစၥတီယာႏိုေရာ္နယ္ဒိုဟာသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ဂ်ိဳးဆက္ဖ္ဘီကန္ရဲ႕၇၅၉ဂိုးစံခ်ိန္ကိုလိုက္မီဖို႔တစ္ဂိုးတည္းသာလိုပါေတာ့တယ္။

ဂ်ဴဗင္တပ္ဟာယခုအပတ္မွာေအစီမီလန္၊ဆက္စ္ဆူလိုတို႔ႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္ယင္းပြဲတို႔မွာဘီကန္ရဲ႕စံခ်ိန္ကိုလိုက္မီျခင္း၊ စံခ်ိန္သစ္ေရးထိုးျခင္းတို႔ျပဳလုပ္လာႏိုင္ဖို႔ရွိပါတယ္။