ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုရဲ့ GOAT စာရင်းထဲတွင် ခရစ္စတီယာနိုရော်နယ်ဒို မပါဝင်

ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုဟာသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားများနှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်ရာမှာယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုချန်လှပ်ထားခဲ့တာတွေ့ရပါတယ်။

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားများပါဝင်တဲ့စပါယ်ရှယ်အုပ်စုနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပေမဲ့ Ballon d’Or ငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုကိုတော့ချန်လှပ်ထားခဲ့ပါတယ်။

လက်ရှိအချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာကြားရက်တုန်းစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်လူစားဝင်ရောက်ကစားရန်ငြင်းဆိုပြီးနောက်ယူနိုက်တက်ပထမအသင်းမှဖယ်ရှားခံရပြီးချဲလ်ဆီးနှင့်ပွဲတွင်ချန်လှပ်ခံရကာပြဿနာတက်နေပါတယ်။

ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုဟာသမိုင်းတစ်လျှောက်အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးဖြစ်တဲ့ရော်နယ်ဒိုရဲ့သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားများစာရင်းတွင်ပါဝင်လာခြင်းမရှိပြန်ပါဘူး။

ရော်နယ်ဒိုက “အရမ်းအရမ်းကိုစပါယ်ရှယ်အုပ်စုရှိတယ်။အဲဒီအုပ်စုမှာဒီယေဂို(မာရာဒိုနာ)၊မက်ဆီ၊ခရိုက်ဖ်၊ဘက်ကင်ဘောင်ဝါ၊ပီလီ၊ဗန်ဘက်စတန်၊ရော်နယ်ဒိုတို့ပါဝင်တယ်။ကျွန်တော်ကိုယ်ကျွန်တော်လည်းထည့်လို့ရတယ်။ပရိသတ်တွေဘာပြောမလဲကြည့်ကြတာပေါ့။သူတို့ကိုဘားမှာငြင်းကြပါစေ။ဒါပေမဲ့သူတို့ကိုသွားအဆင့်သတ်မှတ်လို့မရဘူး။မျိုးဆက်နှိုင်းယှဉ်လို့မရဘူး”လို့ပြောကြားသွားပါတယ်။

ရော်နယ်ဒိုကိုယ်တိုင်မှာလည်းအသက်၂၁နှစ်အရွယ်တွင်ပင်Ballon d’Or ဆွတ်ခူးကာသမိုင်းတစ်လျှောက်အသက်အငယ်ဆုံး Ballon d’Or ဆုရှင်အဖြစ်ရပ်တည်ခဲ့ကာ နှစ်ကြိမ်တိုင်တိုင်ဆွတ်ခူးထားပါတယ်။သူဟာဘရာဇီးနှင့်အတူကမ္ဘာ့ဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကစားသမားဘဝတစ်လျှောက်ဒူးဒဏ်ရာပြဿနာများနှင့်ရုန်းကန်ခဲ့ရပြီးဂိုးပေါင်းလေးရာကျော်သွင်းယူပြီးနောက်၂၀၁၁ခုနှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ရော်နယ်ဒိုဟာမကြာသေးမီတုန်းကသူ့ရဲ့မှတ်တမ်းရုပ်ရှင် The Phenomenon ကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

ZawGyi

ဘရာဇီးဂႏၴဝင္ေရာ္နယ္ဒိုရဲ႕ GOAT စာရင္းထဲတြင္ ခရစၥတီယာႏိုေရာ္နယ္ဒို မပါဝင္

ဘရာဇီးဂႏၴဝင္ေရာ္နယ္ဒိုဟာသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားမ်ားႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမ်ားျပဳလုပ္ရာမွာယူႏိုက္တက္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကိုခ်န္လွပ္ထားခဲ့တာေတြ႕ရပါတယ္။

ဘရာဇီးဂႏၴဝင္တိုက္စစ္မႉးဟာ ကမာၻ႔အေကာင္းဆုံးကစားသမားမ်ားပါဝင္တဲ့စပါယ္ရွယ္အုပ္စုႏွင့္ပတ္သက္ၿပီး ေဆြးေႏြးခဲ့ေပမဲ့ Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုကိုေတာ့ခ်န္လွပ္ထားခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၾကားရက္တုန္းစပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္လူစားဝင္ေရာက္ကစားရန္ျငင္းဆိုၿပီးေနာက္ယူႏိုက္တက္ပထမအသင္းမွဖယ္ရွားခံရၿပီးခ်ဲလ္ဆီးႏွင့္ပြဲတြင္ခ်န္လွပ္ခံရကာျပႆနာတက္ေနပါတယ္။

ယခုအခါခရစၥတီယာႏိုေရာ္နယ္ဒိုဟာသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးျဖစ္တဲ့ေရာ္နယ္ဒိုရဲ႕သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားမ်ားစာရင္းတြင္ပါဝင္လာျခင္းမရွိျပန္ပါဘူး။

ေရာ္နယ္ဒိုက “အရမ္းအရမ္းကိုစပါယ္ရွယ္အုပ္စုရွိတယ္။အဲဒီအုပ္စုမွာဒီေယဂို(မာရာဒိုနာ)၊မက္ဆီ၊ခ႐ိုက္ဖ္၊ဘက္ကင္ေဘာင္ဝါ၊ပီလီ၊ဗန္ဘက္စတန္၊ေရာ္နယ္ဒိုတို႔ပါဝင္တယ္။ကြၽန္ေတာ္ကိုယ္ကြၽန္ေတာ္လည္းထည့္လို႔ရတယ္။ပရိသတ္ေတြဘာေျပာမလဲၾကည့္ၾကတာေပါ့။သူတို႔ကိုဘားမွာျငင္းၾကပါေစ။ဒါေပမဲ့သူတို႔ကိုသြားအဆင့္သတ္မွတ္လို႔မရဘူး။မ်ိဳးဆက္ႏႈိင္းယွဥ္လို႔မရဘူး”လို႔ေျပာၾကားသြားပါတယ္။

ေရာ္နယ္ဒိုကိုယ္တိုင္မွာလည္းအသက္၂၁ႏွစ္အ႐ြယ္တြင္ပင္Ballon d’Or ဆြတ္ခူးကာသမိုင္းတစ္ေလွ်ာက္အသက္အငယ္ဆုံး Ballon d’Or ဆုရွင္အျဖစ္ရပ္တည္ခဲ့ကာ ႏွစ္ႀကိမ္တိုင္တိုင္ဆြတ္ခူးထားပါတယ္။သူဟာဘရာဇီးႏွင့္အတူကမာၻ႔ဖလားႏွစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာကစားသမားဘဝတစ္ေလွ်ာက္ဒူးဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ခဲ့ရၿပီးဂိုးေပါင္းေလးရာေက်ာ္သြင္းယူၿပီးေနာက္၂၀၁၁ခုႏွစ္တုန္းကကစားသမားဘဝမွအနားယူခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာမၾကာေသးမီတုန္းကသူ႔ရဲ႕မွတ္တမ္း႐ုပ္ရွင္ The Phenomenon ကို ထုတ္လႊင့္ျပသခဲ့ပါတယ္။