
ရဲတပ်ဖွဲ့ဝင်များဟာအိုင်ဘီဇာကမ်းခြေအပန်းဖြေနေအိမ်တွင်ပီအက်စ်ဂျီစတားမာကိုဗာရက်တီနှင့်ဇနီးတို့ရဲ့ပေါင်၂.၅သန်းတန်ဖိုးရှိငွေနှင့်ပစ္စည်းများအခိုးခံခဲ့ရပြီးနောက်သူခိုးများကိုအပူတပြင်းရှာဖွေနေပါတယ်။
သူခိုးများဟာမာကိုဗာရက်တီနှင့်မိသားစုတို့အပြင်သို့ရောက်နေစဉ်တနင်္ဂနွေနေ့နံနက်ပိုင်းတုန်းကနေအိမ်ကိုဖောက်ထွင်းဝင်ရောက်ကာငွေများ၊ပစ္စည်းများရယူသွားခဲ့တာဖြစ်ပါတယ်။အဆိုပါနေအိမ်မှာဘရာဇီးဂန္ထဝင်ရော်နယ်ဒိုပိုင်တဲ့နေအိမ်ဖြစ်ပါတယ်။
သူခိုးများဟာနာရီများ၊လက်ဝတ်ရတနာများအပြင်ငွေများရယူသွားခဲ့ကြပါတယ်။
အထက်ပါဖောက်ထွင်းမှုကိုCivil Guard ကစစ်ဆေးစုံစမ်းမှုများပြုလုပ်နေပြီး ယင်းအမှုနဲ့ပတ်သက်ပြီးတစုံတရာမှတ်ချက်ပြုခြင်းမရှိသေးပါဘူး။
မာကိုဗာရက်တီငှားရမ်းနေထိုင်နေတဲ့အိမ်ကအိုင်ဘီဇာတောင်ပိုင်းရှိကာလာဂျွန်ဒယ်တွင်တည်ရှိတယ်လို့ယုံကြည်ရပြီးယင်းအပိုင်းတွင်မင်းသားဝီလျှံနှင့်ကိတ်တို့လည်းအပန်းဖြေအနားယူခဲ့ကြပါတယ်။
လက်ရှိအချိန်တွင်မာကိုဗာရက်တီကလည်းသူ့ပစ္စည်းများဖောက်ထွင်းခံရမှုနဲ့ပတ်သက်ပြီးတစုံတရာပြောကြားခြင်းမရှိသေးပါဘူး။
ဒါ့အပြင်ယင်းနေအိမ်ကိုပိုင်ဆိုင်တဲ့ လာလီဂါတန်းတက်ဗယ်လာဒိုးလစ်ဥက္ကဌရော်နယ်ဒိုကလည်းတစုံတရာပြောကြားခြင်းမရှိပါဘူး။
အိုင်ဘီဇာကမ်းခြေကနာမည်ကျော်ဘောလုံးသမားတို့နွေရာသီအားလပ်ရက်အပန်းဖြေလေ့ရှိရာနာမည်ကျော်ကမ်းခြေဖြစ်ပြီးခရစ္စတီယာနိုရော်နယ်ဒို၊လီယွန်နယ်မက်ဆီတို့လည်းလာရောက်အနားယူနေပါတယ်။
ZawGyi
ဘရာဇီးဂႏၴဝင္ေရာ္နယ္ဒိုပိုင္ အိုင္ဘီဇာကမ္းေျခအိမ္တြင္ ငွားရမ္းအပန္းေျဖစဥ္ ေပါင္ ၂.၅ သန္းဖိုးအခိုးခံခဲ့ရတဲ့ ဗာရက္တီႏွင့္ဇနီးသည္
ရဲတပ္ဖြဲ႕ဝင္မ်ားဟာအိုင္ဘီဇာကမ္းေျခအပန္းေျဖေနအိမ္တြင္ပီအက္စ္ဂ်ီစတားမာကိုဗာရက္တီႏွင့္ဇနီးတို႔ရဲ႕ေပါင္၂.၅သန္းတန္ဖိုးရွိေငြႏွင့္ပစၥည္းမ်ားအခိုးခံခဲ့ရၿပီးေနာက္သူခိုးမ်ားကိုအပူတျပင္းရွာေဖြေနပါတယ္။
သူခိုးမ်ားဟာမာကိုဗာရက္တီႏွင့္မိသားစုတို႔အျပင္သို႔ေရာက္ေနစဥ္တနဂၤေႏြေန႔နံနက္ပိုင္းတုန္းကေနအိမ္ကိုေဖာက္ထြင္းဝင္ေရာက္ကာေငြမ်ား၊ပစၥည္းမ်ားရယူသြားခဲ့တာျဖစ္ပါတယ္။အဆိုပါေနအိမ္မွာဘရာဇီးဂႏၴဝင္ေရာ္နယ္ဒိုပိုင္တဲ့ေနအိမ္ျဖစ္ပါတယ္။
သူခိုးမ်ားဟာနာရီမ်ား၊လက္ဝတ္ရတနာမ်ားအျပင္ေငြမ်ားရယူသြားခဲ့ၾကပါတယ္။
အထက္ပါေဖာက္ထြင္းမႈကိုCivil Guard ကစစ္ေဆးစုံစမ္းမႈမ်ားျပဳလုပ္ေနၿပီး ယင္းအမႈနဲ႔ပတ္သက္ၿပီးတစုံတရာမွတ္ခ်က္ျပဳျခင္းမရွိေသးပါဘူး။
မာကိုဗာရက္တီငွားရမ္းေနထိုင္ေနတဲ့အိမ္ကအိုင္ဘီဇာေတာင္ပိုင္းရွိကာလာဂြၽန္ဒယ္တြင္တည္ရွိတယ္လို႔ယုံၾကည္ရၿပီးယင္းအပိုင္းတြင္မင္းသားဝီလွ်ံႏွင့္ကိတ္တို႔လည္းအပန္းေျဖအနားယူခဲ့ၾကပါတယ္။
လက္ရွိအခ်ိန္တြင္မာကိုဗာရက္တီကလည္းသူ႔ပစၥည္းမ်ားေဖာက္ထြင္းခံရမႈနဲ႔ပတ္သက္ၿပီးတစုံတရာေျပာၾကားျခင္းမရွိေသးပါဘူး။
ဒါ့အျပင္ယင္းေနအိမ္ကိုပိုင္ဆိုင္တဲ့ လာလီဂါတန္းတက္ဗယ္လာဒိုးလစ္ဥကၠဌေရာ္နယ္ဒိုကလည္းတစုံတရာေျပာၾကားျခင္းမရွိပါဘူး။
အိုင္ဘီဇာကမ္းေျခကနာမည္ေက်ာ္ေဘာလုံးသမားတို႔ေႏြရာသီအားလပ္ရက္အပန္းေျဖေလ့ရွိရာနာမည္ေက်ာ္ကမ္းေျချဖစ္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒို၊လီယြန္နယ္မက္ဆီတို႔လည္းလာေရာက္အနားယူေနပါတယ္။