ဘရာဇီးနှင့်တောင်ကိုရီးယားပွဲတွင် ပရိသတ်တစ်ဦးကို တိုက်ခိုက်ခဲ့တဲ့ ဆင်မြူရယ်အီတိုး

ဘာစီလိုနာ၊အင်တာမီလန်နှင့်ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဆင်မြူရယ်အီတိုးဟာပရိသတ်တစ်ဦးရဲ့မျက်နှာကိုကန်ကျောက်ခဲ့ကြောင်းသိရပါတယ်။

အီတိုးဟာကင်မရွန်းအတွက်၁၁၈ပွဲကစားကာ၅၆ဂိုးသွင်းယူခဲ့သူဖြစ်ပြီးလက်ရှိအချိန်တွင်ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ်ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

သူဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကာတာသို့ရောက်ရှိနေတာဖြစ်ပြီးတနင်္လာနေ့တုန်းကဘရာဇီးကတောင်ကိုရီးယားကို၄-၁ဖြင့်အနိုင်ရရှိတဲ့ပွဲကို Stadium 974 သို့သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒါပေမဲ့ပွဲအပြီးတွင်ဆင်မြူရယ်အီတိုးဟာကွင်းမှထွက်ခွာလာရာလမ်းတွင်ပရိသတ်များအတွက်Selfie ရိုက်ကူးမှုပြုလုပ်ခဲ့ပါတယ်။

သူဟာပရိသတ်များနှင့် Selfie ရိုက်ကူးနေစဉ်ဒေါသထွက်လာပုံရပါတယ်။သူဟာသူ့ကိုဗီဒီယိုရိုက်ကူးမှုပြုလုပ်တဲ့ ကင်မရာကိုင်ထားတဲ့ပရိသတ်တစ်ဦးကိုအကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

ကင်မရာဂန္ထဝင်တိုက်စစ်မှူးဟာယင်းပရိသတ်ကိုရန်မူရန်ကြိုးပမ်းခဲ့ပြီးဘေးနားရှိလူများကဝင်ထိန်းခဲ့ကြပါတယ်။ဒါပေမဲ့ဆင်မြူရယ်အီတိုးဟာထိန်းချုပ်ထားတဲ့ပရိသတ်များလက်မှလွတ်မြောက်လာပြီးနောက်ဒူးထောက်နေတဲ့ပရိသတ်ရဲ့မျက်နှာကိုကန်ကျောက်ခဲ့ပါတယ်။

ယင်းနောက်အီတိုးဟာအခင်းဖြစ်ပွားရာမှထွက်ခွာသွားခဲ့ပါတယ်။ယင်းနောက်သတင်းထောက်များရောက်လာကာအဖြစ်အပျက်ကိုမေးမြန်းခဲ့ကြပါတယ်။

အီတိုးဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့သံတမန်များထဲမှတစ်ဦးဖြစ်ပြီးဘရာဇီးနှင့်တောင်ကိုရီးယားတို့ရဲ့ပွဲစဉ်ကိုNFL စတားဟောင်းချက်ဂျွန်ဆင်နှင့်အတူကြည့်ခဲ့ပါတယ်။

အီတိုးဟာအာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလေးကြိမ်ရရှိခဲ့သူဖြစ်ပြီး၂၀၁၉ခုနှစ်တုန်းကဒိုဟာအခြေစိုက်ကလပ် Qatar SC တွင်ကစားပြီးနောက်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီတုန်းကအီတိုးက၎င်းရဲ့ကင်မရွန်းအသင်းမှာကမ္ဘာ့ဖလားချန်ပီယံဖြစ်နိုင်ကြောင်းခန့်မှန်းခဲ့ဖူးပါတယ်။ဒါပေမဲ့ကင်မရွန်းဟာအုပ်စုအဆင့်မှပင်ထွက်ခဲ့ရပါတယ်။

ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆင်မြူရယ်အီတိုးဟာStadium 974 အပြင်ဘက်တွင်ပရိသတ်ကိုကန်ကျောက်ခဲ့တဲ့အဖြစ်အပျက်နှင့်ပတ်သက်ပြီးလူသိရှင်ကြားတောင်းပန်မှုပြုလုပ်ထားပါတယ်။

ZawGyi

ဘရာဇီးႏွင့္ေတာင္ကိုရီးယားပြဲတြင္ ပရိသတ္တစ္ဦးကို တိုက္ခိုက္ခဲ့တဲ့ ဆင္ျမဴရယ္အီတိုး

ဘာစီလိုနာ၊အင္တာမီလန္ႏွင့္ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဆင္ျမဴရယ္အီတိုးဟာပရိသတ္တစ္ဦးရဲ႕မ်က္ႏွာကိုကန္ေက်ာက္ခဲ့ေၾကာင္းသိရပါတယ္။

အီတိုးဟာကင္မ႐ြန္းအတြက္၁၁၈ပြဲကစားကာ၅၆ဂိုးသြင္းယူခဲ့သူျဖစ္ၿပီးလက္ရွိအခ်ိန္တြင္ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌအျဖစ္ေဆာင္႐ြက္ေနသူလည္းျဖစ္ပါတယ္။

သူဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ကာတာသို႔ေရာက္ရွိေနတာျဖစ္ၿပီးတနလၤာေန႔တုန္းကဘရာဇီးကေတာင္ကိုရီးယားကို၄-၁ျဖင့္အႏိုင္ရရွိတဲ့ပြဲကို Stadium 974 သို႔သြားေရာက္ၾကည့္ရႈခဲ့ပါတယ္။

ဒါေပမဲ့ပြဲအၿပီးတြင္ဆင္ျမဴရယ္အီတိုးဟာကြင္းမွထြက္ခြာလာရာလမ္းတြင္ပရိသတ္မ်ားအတြက္Selfie ႐ိုက္ကူးမႈျပဳလုပ္ခဲ့ပါတယ္။

သူဟာပရိသတ္မ်ားႏွင့္ Selfie ႐ိုက္ကူးေနစဥ္ေဒါသထြက္လာပုံရပါတယ္။သူဟာသူ႔ကိုဗီဒီယို႐ိုက္ကူးမႈျပဳလုပ္တဲ့ ကင္မရာကိုင္ထားတဲ့ပရိသတ္တစ္ဦးကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့ပါတယ္။

ကင္မရာဂႏၴဝင္တိုက္စစ္မႉးဟာယင္းပရိသတ္ကိုရန္မူရန္ႀကိဳးပမ္းခဲ့ၿပီးေဘးနားရွိလူမ်ားကဝင္ထိန္းခဲ့ၾကပါတယ္။ဒါေပမဲ့ဆင္ျမဴရယ္အီတိုးဟာထိန္းခ်ဳပ္ထားတဲ့ပရိသတ္မ်ားလက္မွလြတ္ေျမာက္လာၿပီးေနာက္ဒူးေထာက္ေနတဲ့ပရိသတ္ရဲ႕မ်က္ႏွာကိုကန္ေက်ာက္ခဲ့ပါတယ္။

ယင္းေနာက္အီတိုးဟာအခင္းျဖစ္ပြားရာမွထြက္ခြာသြားခဲ့ပါတယ္။ယင္းေနာက္သတင္းေထာက္မ်ားေရာက္လာကာအျဖစ္အပ်က္ကိုေမးျမန္းခဲ့ၾကပါတယ္။

အီတိုးဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕သံတမန္မ်ားထဲမွတစ္ဦးျဖစ္ၿပီးဘရာဇီးႏွင့္ေတာင္ကိုရီးယားတို႔ရဲ႕ပြဲစဥ္ကိုNFL စတားေဟာင္းခ်က္ဂြၽန္ဆင္ႏွင့္အတူၾကည့္ခဲ့ပါတယ္။

အီတိုးဟာအာဖရိကတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုေလးႀကိမ္ရရွိခဲ့သူျဖစ္ၿပီး၂၀၁၉ခုႏွစ္တုန္းကဒိုဟာအေျခစိုက္ကလပ္ Qatar SC တြင္ကစားၿပီးေနာက္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီတုန္းကအီတိုးက၎ရဲ႕ကင္မ႐ြန္းအသင္းမွာကမာၻ႔ဖလားခ်န္ပီယံျဖစ္ႏိုင္ေၾကာင္းခန႔္မွန္းခဲ့ဖူးပါတယ္။ဒါေပမဲ့ကင္မ႐ြန္းဟာအုပ္စုအဆင့္မွပင္ထြက္ခဲ့ရပါတယ္။

ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဆင္ျမဴရယ္အီတိုးဟာStadium 974 အျပင္ဘက္တြင္ပရိသတ္ကိုကန္ေက်ာက္ခဲ့တဲ့အျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီးလူသိရွင္ၾကားေတာင္းပန္မႈျပဳလုပ္ထားပါတယ္။