ဘရာဇီးနှင့်ပွဲတွင် အာဆင်နယ်ကစားဖော်များဖြစ်ကြတဲ့ ဂျေဆူးနှင့်မာတီနယ်လီတို့ကို ဆော်ပြမည်ဟု ဆွစ်ဇာလန်အသင်းခေါင်းဆောင်ကြုံးဝါး

ဆွစ်ဇာလန်အသင်းခေါင်းဆောင်ဂရာနစ်ဇာခါကယနေ့ညဆွစ်ဇာလန်နှင့်ဘရာဇီးတို့ရင်ဆိုင်ကစားရမယ့်ပွဲစဉ်တွင်ဘရာဇီးမှအာဆင်နယ်ကစားဖော်များဖြစ်ကြတဲ့ဂျေဆူးနှင့်မာတီနယ်လီတို့အားဆော်ပြသွားမည်ဟုကတိပြုလာပါတယ်။

ယနေ့ညတွင်ဘရာဇီးနှင့်ဆွစ်ဇာလန်တို့ရင်ဆိုင်ရမှာဖြစ်ပြီးအနိုင်ရရှိတဲ့အသင်းမှာ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ပါမယ်။

ဇာခါက “ကမ္ဘာ့ဖလားကစားဖို့ဒီကိုမလာခင်ကတည်းကနောက်ကျပြောင်နေခဲ့ကြတယ်။ပြိုင်ဘက်အသင်းမှာကိုယ့်ကစားဖော်ပါတာကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားတွေပါ။မိနစ်၉၀အတွက်ပါပဲ။ဂါဘီမာတီနယ်လီနဲ့ဂါဘီဂျေဆူးတို့ကိုငါတို့ဂိုးသမားနဲ့တစ်ဦးချင်းတွေ့ရင်တော့မင်းတို့ကိုဆော်မယ်လို့ပြောထားတယ်။ကလပ်မှာတစ်သင်းတည်းကစားပါစေနိုင်ငံအသင်းမှာမဆိုင်ပါဘူး။ဒါကကမ္ဘာ့ဖလားပါ။ကိုယ့်အသင်း၊ကိုယ့်နိုင်ငံအတွက်ကစားတာပါ။ပြီးတော့လူတိုင်းအနိုင်လိုချင်ကြတယ်”လို့ပြောကြားသွားပါတယ်။

ဆွစ်ဇာလန်ဟာကမ္ဘာ့ဖလားအဖွင့်ပွဲတွင်ကင်မရွန်းကို၁-၀ဂိုးဖြင့်အနိုင်ရရှိထားပါတယ်။

ဆက်လက်ပြီးဇာခါကဆွစ်ဇာလန်ကစားဖော်များအနေဖြင့်ကမ္ဘာ့ဖလားငါးကြိမ်ချန်ပီယံဘရာဇီးနှင့်ပွဲတွင်အမှားတစ်ကြိမ်မျှပြုလုပ်မိလို့မရကြောင်းလည်းသတိပေးထားပါတယ်။

ZawGyi

ဘရာဇီးႏွင့္ပြဲတြင္ အာဆင္နယ္ကစားေဖာ္မ်ားျဖစ္ၾကတဲ့ ေဂ်ဆူးႏွင့္မာတီနယ္လီတို႔ကို ေဆာ္ျပမည္ဟု ဆြစ္ဇာလန္အသင္းေခါင္းေဆာင္ႀကဳံးဝါး

ဆြစ္ဇာလန္အသင္းေခါင္းေဆာင္ဂရာနစ္ဇာခါကယေန႔ညဆြစ္ဇာလန္ႏွင့္ဘရာဇီးတို႔ရင္ဆိုင္ကစားရမယ့္ပြဲစဥ္တြင္ဘရာဇီးမွအာဆင္နယ္ကစားေဖာ္မ်ားျဖစ္ၾကတဲ့ေဂ်ဆူးႏွင့္မာတီနယ္လီတို႔အားေဆာ္ျပသြားမည္ဟုကတိျပဳလာပါတယ္။

ယေန႔ညတြင္ဘရာဇီးႏွင့္ဆြစ္ဇာလန္တို႔ရင္ဆိုင္ရမွာျဖစ္ၿပီးအႏိုင္ရရွိတဲ့အသင္းမွာ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္ပါမယ္။

ဇာခါက “ကမာၻ႔ဖလားကစားဖို႔ဒီကိုမလာခင္ကတည္းကေနာက္က်ေျပာင္ေနခဲ့ၾကတယ္။ၿပိဳင္ဘက္အသင္းမွာကိုယ့္ကစားေဖာ္ပါတာေကာင္းပါတယ္။ဒါေပမဲ့ကြၽန္ေတာ္တို႔ကပေရာ္ဖက္ရွင္နယ္ေဘာလုံးကစားသမားေတြပါ။မိနစ္၉၀အတြက္ပါပဲ။ဂါဘီမာတီနယ္လီနဲ႔ဂါဘီေဂ်ဆူးတို႔ကိုငါတို႔ဂိုးသမားနဲ႔တစ္ဦးခ်င္းေတြ႕ရင္ေတာ့မင္းတို႔ကိုေဆာ္မယ္လို႔ေျပာထားတယ္။ကလပ္မွာတစ္သင္းတည္းကစားပါေစႏိုင္ငံအသင္းမွာမဆိုင္ပါဘူး။ဒါကကမာၻ႔ဖလားပါ။ကိုယ့္အသင္း၊ကိုယ့္ႏိုင္ငံအတြက္ကစားတာပါ။ၿပီးေတာ့လူတိုင္းအႏိုင္လိုခ်င္ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆြစ္ဇာလန္ဟာကမာၻ႔ဖလားအဖြင့္ပြဲတြင္ကင္မ႐ြန္းကို၁-၀ဂိုးျဖင့္အႏိုင္ရရွိထားပါတယ္။

ဆက္လက္ၿပီးဇာခါကဆြစ္ဇာလန္ကစားေဖာ္မ်ားအေနျဖင့္ကမာၻ႔ဖလားငါးႀကိမ္ခ်န္ပီယံဘရာဇီးႏွင့္ပြဲတြင္အမွားတစ္ႀကိမ္မွ်ျပဳလုပ္မိလို႔မရေၾကာင္းလည္းသတိေပးထားပါတယ္။