
ဘောလုံးသမိုင်းတွင်အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ဘရာဇီးဘောလုံးဂန္ထဝင်ပီလီဟာအသက်၈၂နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
ပီလီဟာကစားသမားဘဝ၂၁နှစ်တာကာလအတွင်းကလပ်ခြေစမ်းပွဲများအပါအဝင်ပွဲပေါင်း၁၃၆၃ကစားခဲ့ရာတွင်၁၂၈၁ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပြီး နိုင်ငံအတွက်၉၂ပွဲကစားခဲ့ရာတွင်သွင်းယူခဲ့ပါတယ်။
သူဟာ၁၉၅၈၊၁၉၆၂နှင့်၁၉၇၀ကမ္ဘာ့ဖလားတို့ဆွတ်ခူးခဲ့ကာဘောလုံးသမိုင်းတွင်ကမ္ဘာ့ဖလား၃ကြိမ်ဆွတ်ခူးထားတဲ့တစ်ဦးတည်းသောကစားသမားလည်းဖြစ်ပါတယ်။
သူဟာပြီးခဲ့တဲ့နှစ်များအတွင်းတွင်ကျောက်ကပ်နှင့်ဆီးကျိတ်ပြဿနာများကြုံလာခဲ့ရသူလည်းဖြစ်ပါတယ်။
သူဟာ၂၀၂၁ခုနှစ်၊စက်တင်ဘာလတုန်းကအူမကြီးကင်ဆာအကျိတ်ကိုဆာအိုပေါ်လိုရှိ Albert Einstein Hospital တွင်ခွဲစိတ်ဖယ်ရှားခဲ့ရသူဖြစ်ပါတယ်။သူဟာ၂၀၂၂ခုနှစ်၊နိုဝင်ဘာလတွင်ဆေးရုံပြန်တက်ခဲ့ရပါတယ်။
သမီးဖြစ်သူကယ်လီနက်စ်ခီမန်တိုကဆေးရုံတက်နေစဉ်အတွင်းပီလီရဲ့ကျန်းမာရေးအခြေအနေကိုပုံမှန်အသိပေးလာခဲ့ပါတယ်။
ပီလီရဲ့ကလပ်ဟောင်းဆန်းတို့စ်က ပီလီရဲ့ရုပ်အလောင်းကိုတနင်္လာနေ့တွင် ကလပ်ရဲ့Estadio Urbano Caldeira သို့ပြောင်းရွှေ့မှာဖြစ်ပြီးယင်းတွင်အများသူငါ လေးစားသမုပြုလုပ်နိုင်ရေးထားရှိသွားပါမယ်။
ယင်းနောက်အင်္ဂါနေ့တွင်ဆာအိုပေါ်လိုရှိဆန်းတို့စ်လမ်းမများပေါ်ဖြတ်သန်းကာသီးသန့်မိသားစုသင်္ချိုင်းတွင်မြှပ်နှံသွားပါမယ်။
ပီလီဟာအသက်၁၇နှစ်အရွယ်ဖြင့်ဆွီဒင်၁၉၅၈ကမ္ဘာ့ဖလားဆွတ်ခူးကာဂလိုဘယ်စူပါစတားဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။
သူဟာအသက်၁၅နှစ်အရွယ်တွင်ဆန်းတို့စ်အသင်းကြီးအတွက်ကစားခွင့်ရရှိခဲ့ပြီးယင်းတွင်၁၉နှစ်ကျော်ကြာကစားခဲ့ကာ၆၄၃ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
သူဟာအမေရိကန်မေဂျာလိဂ်ကလပ် New York Cosmos တွင်လည်းဂျာမန်ဂန္ထဝင်ဖရန့်ဘက်ကင်ဘောင်ဝါ၊၁၉၇၀ကမ္ဘာ့ဖလားချန်ပီယံကားလို့စ်အယ်ဘာတိုတို့နှင့်အတူကစားခဲ့ပါတယ်။
ပီလီကွယ်လွန်သွားပြီးနောက် ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးကဝမ်းနည်းခြင်းစာလွှာများရေးသားထုတ်ပြန်နေကြပါတယ်။
ZawGyi
ဘရာဇီးေဘာလုံးဂႏၴဝင္ပီလီ အသက္ ၈၂ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္
ေဘာလုံးသမိုင္းတြင္အေကာင္းဆုံးကစားသမားအျဖစ္သတ္မွတ္ျခင္းခံထားရတဲ့ဘရာဇီးေဘာလုံးဂႏၴဝင္ပီလီဟာအသက္၈၂ႏွစ္အ႐ြယ္တြင္ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။
ပီလီဟာကစားသမားဘဝ၂၁ႏွစ္တာကာလအတြင္းကလပ္ေျခစမ္းပြဲမ်ားအပါအဝင္ပြဲေပါင္း၁၃၆၃ကစားခဲ့ရာတြင္၁၂၈၁ဂိုးသြင္းယူခဲ့သူလည္းျဖစ္ၿပီး ႏိုင္ငံအတြက္၉၂ပြဲကစားခဲ့ရာတြင္သြင္းယူခဲ့ပါတယ္။
သူဟာ၁၉၅၈၊၁၉၆၂ႏွင့္၁၉၇၀ကမာၻ႔ဖလားတို႔ဆြတ္ခူးခဲ့ကာေဘာလုံးသမိုင္းတြင္ကမာၻ႔ဖလား၃ႀကိမ္ဆြတ္ခူးထားတဲ့တစ္ဦးတည္းေသာကစားသမားလည္းျဖစ္ပါတယ္။
သူဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္ေက်ာက္ကပ္ႏွင့္ဆီးက်ိတ္ျပႆနာမ်ားႀကဳံလာခဲ့ရသူလည္းျဖစ္ပါတယ္။
သူဟာ၂၀၂၁ခုႏွစ္၊စက္တင္ဘာလတုန္းကအူမႀကီးကင္ဆာအက်ိတ္ကိုဆာအိုေပၚလိုရွိ Albert Einstein Hospital တြင္ခြဲစိတ္ဖယ္ရွားခဲ့ရသူျဖစ္ပါတယ္။သူဟာ၂၀၂၂ခုႏွစ္၊ႏိုဝင္ဘာလတြင္ေဆး႐ုံျပန္တက္ခဲ့ရပါတယ္။
သမီးျဖစ္သူကယ္လီနက္စ္ခီမန္တိုကေဆး႐ုံတက္ေနစဥ္အတြင္းပီလီရဲ႕က်န္းမာေရးအေျခအေနကိုပုံမွန္အသိေပးလာခဲ့ပါတယ္။
ပီလီရဲ႕ကလပ္ေဟာင္းဆန္းတို႔စ္က ပီလီရဲ႕႐ုပ္အေလာင္းကိုတနလၤာေန႔တြင္ ကလပ္ရဲ႕Estadio Urbano Caldeira သို႔ေျပာင္းေ႐ႊ႕မွာျဖစ္ၿပီးယင္းတြင္အမ်ားသူငါ ေလးစားသမုျပဳလုပ္ႏိုင္ေရးထားရွိသြားပါမယ္။
ယင္းေနာက္အဂၤါေန႔တြင္ဆာအိုေပၚလိုရွိဆန္းတို႔စ္လမ္းမမ်ားေပၚျဖတ္သန္းကာသီးသန႔္မိသားစုသခ်ႋဳင္းတြင္ျမႇပ္ႏွံသြားပါမယ္။
ပီလီဟာအသက္၁၇ႏွစ္အ႐ြယ္ျဖင့္ဆြီဒင္၁၉၅၈ကမာၻ႔ဖလားဆြတ္ခူးကာဂလိုဘယ္စူပါစတားျဖစ္လာခဲ့သူလည္းျဖစ္ပါတယ္။
သူဟာအသက္၁၅ႏွစ္အ႐ြယ္တြင္ဆန္းတို႔စ္အသင္းႀကီးအတြက္ကစားခြင့္ရရွိခဲ့ၿပီးယင္းတြင္၁၉ႏွစ္ေက်ာ္ၾကာကစားခဲ့ကာ၆၄၃ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။
သူဟာအေမရိကန္ေမဂ်ာလိဂ္ကလပ္ New York Cosmos တြင္လည္းဂ်ာမန္ဂႏၴဝင္ဖရန႔္ဘက္ကင္ေဘာင္ဝါ၊၁၉၇၀ကမာၻ႔ဖလားခ်န္ပီယံကားလို႔စ္အယ္ဘာတိုတို႔ႏွင့္အတူကစားခဲ့ပါတယ္။
ပီလီကြယ္လြန္သြားၿပီးေနာက္ ကမာၻ႔ေဘာလုံးေလာကတစ္ခုလုံးကဝမ္းနည္းျခင္းစာလႊာမ်ားေရးသားထုတ္ျပန္ေနၾကပါတယ္။