ဘရာဇီးဘောလုံးပွဲတစ်ပွဲတွင် ပရိသတ်များ ကွင်းထဲ အတင်း ဝင်ရောက်စဉ် ကစားသမားများရှိရာသို့ ဓားတစ်ချောင်း ပစ်ပို့မှု ဖြစ်ပွား

စနေနေ့တုန်းကကစားသမားခဲ့တဲ့ဘရာဇီးမှဘောလုံးပွဲတစ်ပွဲတွင် ပရိသတ်များ ကွင်းအတွင်းဝင်ရောက်မှုဖြစ်နေစဉ် ကွင်းအတွင်းသို့ ပွဲကြည့်စင်မှ ဓားတစ်ချောင်းပစ်ပို့မှုဖြစ်ပွားခဲ့ပါတယ်။

အထက်ပါဖြစ်ရပ်မှာ ဆာအိုပေါ်လိုနှင့်ပါးမီးရပ်စ်တို့ရင်ဆိုင်ကစားခဲ့ကြတဲ့ Copa Sao Paulo de Futebol Junior ပွဲမှာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆာအိုပေါ်လိုက၁-၀ုဂိးဖြင့်ရှုံးနိမ့်နေတဲ့ ပွဲပြီးခါနီးနာကျင်အချိန်ပိုတွင်ပရိသတ်အချို့ကွင်းအတွင်းသို့ဝင်ရောက်လာပြီး ပါးမီးရပ်စ်ကစားသမားများကိုရန်မူရန်ကြိုးပမ်းခဲ့ကြပါတယ်။

ဆာအိုပေါ်လိုကစားသမားများဟာသူတို့ရဲ့ပရိသတ်များကိုတားဆီးခဲ့ကြပြီးတစ်ဦးမှာပါးမီးရပ်စ်ကစားသမားများထံသို့ရောက်အောင်သွားနိုင်ခဲ့ပါတယ်။

ယင်းအချိန်တွင်ပွဲကြည့်စင်မှ ဓားတစ်ချောင်းကို ပင်နယ်တီဧရိယာအတွင်းသို့ပစ်ခဲ့တာတွေ့ရတာပြီးကစားသမားများကိုမထိခဲ့ပါဘူး။ယင်းကိုဒိုင်လူကြီးတွေ့ရှိကာကောက်ယူသိမ်းဆည်းနိုင်ခဲ့ပါတယ်။

အဆိုပါပွဲကို၆မိနစ်ကြာခန့်ရပ်ဆိုင်းခဲ့ရပြီးနောက်ပြန်လည်စတင်ကစားနိုင်ခဲ့ပြီးပါးမီးရပ်စ်ကပင်၁-၀ဂိုးဖြင့်အနိုင်ရရှိသွားပါတယ်။

ဒေသခံရဲတပ်ဖွဲ့ကအထက်ပါဓားမှာကွင်းလုံခြုံရေးဂိတ်ကိုမည်သို့ကျော်ဖြတ်ကာသယ်ဆောင်လာသလဲဆိုတာစစ်ဆေးမှုပြုလုပ်သွားမယ်လို့ကြေညာထားပါတယ်။ရဲတပ်ဖွဲ့ကယင်းဓားကို ထမင်းဗူးအတွင်းတွင်ထည့်သွင်းလာဟန်ရှိတယ်လို့ခန့်မှန်းထားပါတယ်။

ZawGyi

ဘရာဇီးေဘာလုံးပြဲတစ္ပြဲတြင္ ပရိသတ္မ်ား ကြင္းထဲ အတင္း ဝင္ေရာက္စဥ္ ကစားသမားမ်ားရွိရာသို႔ ဓားတစ္ေခ်ာင္း ပစ္ပို႔မႈ ျဖစ္ပြား

စေနေန႔တုန္းကကစားသမားခဲ့တဲ့ဘရာဇီးမွေဘာလုံးပြဲတစ္ပြဲတြင္ ပရိသတ္မ်ား ကြင္းအတြင္းဝင္ေရာက္မႈျဖစ္ေနစဥ္ ကြင္းအတြင္းသို႔ ပြဲၾကည့္စင္မွ ဓားတစ္ေခ်ာင္းပစ္ပို႔မႈျဖစ္ပြားခဲ့ပါတယ္။

အထက္ပါျဖစ္ရပ္မွာ ဆာအိုေပၚလိုႏွင့္ပါးမီးရပ္စ္တို႔ရင္ဆိုင္ကစားခဲ့ၾကတဲ့ Copa Sao Paulo de Futebol Junior ပြဲမွာျဖစ္ခဲ့တာျဖစ္ပါတယ္။

ဆာအိုေပၚလိုက၁-၀ုဂိးျဖင့္ရႈံးနိမ့္ေနတဲ့ ပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုတြင္ပရိသတ္အခ်ိဳ႕ကြင္းအတြင္းသို႔ဝင္ေရာက္လာၿပီး ပါးမီးရပ္စ္ကစားသမားမ်ားကိုရန္မူရန္ႀကိဳးပမ္းခဲ့ၾကပါတယ္။

ဆာအိုေပၚလိုကစားသမားမ်ားဟာသူတို႔ရဲ႕ပရိသတ္မ်ားကိုတားဆီးခဲ့ၾကၿပီးတစ္ဦးမွာပါးမီးရပ္စ္ကစားသမားမ်ားထံသို႔ေရာက္ေအာင္သြားႏိုင္ခဲ့ပါတယ္။

ယင္းအခ်ိန္တြင္ပြဲၾကည့္စင္မွ ဓားတစ္ေခ်ာင္းကို ပင္နယ္တီဧရိယာအတြင္းသို႔ပစ္ခဲ့တာေတြ႕ရတာၿပီးကစားသမားမ်ားကိုမထိခဲ့ပါဘူး။ယင္းကိုဒိုင္လူႀကီးေတြ႕ရွိကာေကာက္ယူသိမ္းဆည္းႏိုင္ခဲ့ပါတယ္။

အဆိုပါပြဲကို၆မိနစ္ၾကာခန႔္ရပ္ဆိုင္းခဲ့ရၿပီးေနာက္ျပန္လည္စတင္ကစားႏိုင္ခဲ့ၿပီးပါးမီးရပ္စ္ကပင္၁-၀ဂိုးျဖင့္အႏိုင္ရရွိသြားပါတယ္။

ေဒသခံရဲတပ္ဖြဲ႕ကအထက္ပါဓားမွာကြင္းလုံၿခဳံေရးဂိတ္ကိုမည္သို႔ေက်ာ္ျဖတ္ကာသယ္ေဆာင္လာသလဲဆိုတာစစ္ေဆးမႈျပဳလုပ္သြားမယ္လို႔ေၾကညာထားပါတယ္။ရဲတပ္ဖြဲ႕ကယင္းဓားကို ထမင္းဗူးအတြင္းတြင္ထည့္သြင္းလာဟန္ရွိတယ္လို႔ခန႔္မွန္းထားပါတယ္။