ဘရာဇီးသမိုင်းတွင်အကြီးကျယ်ဆုံးကစားသမားအဖြစ် ပီလီကိုကျော်ပြီး ရော်နယ်ဒိုရွေးချယ်ခံရ

ဘရာဇီးဘောလုံးသမိုင်းတွင်အကြီးကျယ်ဆုံးဘောလုံးကစားသမားလေးဦးအဖြစ်ရော်နယ်ဒို၊ပီလီ၊ရော်နယ်ဒင်ဟိုနှင့် ရီဗယ်ဒိုတို့ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဘောလုံးမဂ္ဂဇင်း Four Four Two ဟာ ဘရာဇီးဘောလုံးသမိုင်းတွင်အကြီးကျယ်ဆုံးဘောလုံးကစားသမားကိုရွေး ချယ်ခဲ့တာဖြစ်ပြီးရော်နယ်ဒိုကပီလီကိုကျော်ဖြတ်ကာရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဘရာဇီးအတွက်၂၀၀၂ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့အပြင်၂၀၀၂ကမ္ဘာ့ဖလားရွှေ့ဖိနပ်ဆုရှင်ရော်နယ်ဒိုဟာပီလီကို၆၀-၄၀ဖြင့်အသာရရှိ ကာရွေးချယ်ခြင်းခံခဲ့ရတလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာလျှင်မြန်ခြင်း၊ဘောလုံးကျွမ်းကျင်ခြင်း၊ဂိုးသွင်းကောင်းခြင်းစတဲ့အရည်အချင်းများကြောင့်ပြိုင်ဘက် ကင်းကျောနံပါတ်၉ကစားသမားအဖြစ်သတ်မှတ်ခြင်းခံရသူဖြစ်ပြီးပီလီမှာလည်းဘရာဇီးအတွက်ကမ္ဘာ့ဖလားသုံး ကြိမ်ဆွတ်ခူးရယူပေးထားကာဘရာဇီးတွင်ဘောလုံးဘုရင်အဖြစ်သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။

ဘရာဇီးဘောလုံးသမိုင်းတွင်ပီလီပြီးရင်ဒုတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေတဲ့ပီအက်စ်ဂျီတိုက် စစ်မှူးနေမာဟာဘရာဇီးဘောလုံးသမိုင်းမှာအကောင်းဆုံးကစားသမား၁၀ဦးစာရင်းမှာတောင်မပါဝင်ဘဲအဆင့် ၁၁နေရာမှာဘဲရပ်တည်ထားနိုင်ပါတယ်။

ဘရာဇီးအတွက်ကမ္ဘာ့ဖလားသုံးကြိမ်ဆက်ကစားထားတဲ့ကာဖူးကအဆင့်၇နေရာမှာရပ်တည်နေပြီးရောဘတ်တို ကားလို့စ်ကအဆင့်၅နေရာမှာရပ်တည်နေပါတယ်။

ဘောလုံးသမိုင်းတွင်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံရတဲ့အပြင်ကမ္ဘာ့ဖလားနှစ် ကြိမ်ဆွတ်ခူးထားတဲ့ဂါရင်ချာမှာအဆင့်၁၀နေရာမှာသာရပ်တည်ထားနိုင်ပါတယ်။

ဘရာဇီးဘောလုံးသမိုင်းရဲ့အကောင်းဆုံးကစားသမားများစာရင်းကိုရော်နယ်ဒိုကဦးဆောင်ထားပြီးသူ့နောက်တွင် ပီလီ၊ရော်နယ်ဒင်ဟို၊ရီဗယ်ဒို၊ရောဘတ်တိုကားလို့စ်၊ဆိုကရေးတီး၊ကာဖူး၊ရိုမာရီယို၊ကာကာ၊ဂါရင်ချာ၊နေမာ၊ဂျာဇင်ဟို၊ဒါနီအဲလ်ဗက်စ်၊မာဆယ်လို၊ဇစ်ကို၊ဂီလ်ဘာတိုဆေးလ်ဗား၊ရာဗီလီနို၊ဖယ်ကာအို၊ဂျိုနင်ဟို၊ရောဘတ်တိုဖာမီနို၊ အက်ဒရီယာနို၊ဂါဆင်၊ကားလို့စ်အယ်ဘာတို၊လီယိုနီဒက်စ်၊လူစီယို၊ဒီဒါ၊ဒီနယ်ဆင်၊ဒွန်ဂါ၊ဒေးဗစ်လုဇ်၊ကက်စ်မီရို၊ ကော်တင်ဟိုတို့အသီးသီးရပ်တည်နေပါတယ်။

ZawGyi

ဘရာဇီးသမိုင္းတြင္အႀကီးက်ယ္ဆုံးကစားသမားအျဖစ္ ပီလီကိုေက်ာ္ၿပီး ေရာ္နယ္ဒိုေ႐ြးခ်ယ္ခံရ

ဘရာဇီးေဘာလုံးသမိုင္းတြင္အႀကီးက်ယ္ဆုံးေဘာလုံးကစားသမားေလးဦးအျဖစ္ေရာ္နယ္ဒို၊ပီလီ၊ေရာ္နယ္ဒင္ဟိုႏွင့္ ရီဗယ္ဒိုတို႔ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ေဘာလုံးမဂၢဇင္း Four Four Two ဟာ ဘရာဇီးေဘာလုံးသမိုင္းတြင္အႀကီးက်ယ္ဆုံးေဘာလုံးကစားသမားကိုေ႐ြး ခ်ယ္ခဲ့တာျဖစ္ၿပီးေရာ္နယ္ဒိုကပီလီကိုေက်ာ္ျဖတ္ကာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ဘရာဇီးအတြက္၂၀၀၂ကမာၻ႔ဖလား ဆြတ္ခူးခဲ့တဲ့အျပင္၂၀၀၂ကမာၻ႔ဖလားေ႐ႊ႕ဖိနပ္ဆုရွင္ေရာ္နယ္ဒိုဟာပီလီကို၆၀-၄၀ျဖင့္အသာရရွိ ကာေ႐ြးခ်ယ္ျခင္းခံခဲ့ရတလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာလွ်င္ျမန္ျခင္း၊ေဘာလုံးကြၽမ္းက်င္ျခင္း၊ဂိုးသြင္းေကာင္းျခင္းစတဲ့အရည္အခ်င္းမ်ားေၾကာင့္ၿပိဳင္ဘက္ ကင္းေက်ာနံပါတ္၉ကစားသမားအျဖစ္သတ္မွတ္ျခင္းခံရသူျဖစ္ၿပီးပီလီမွာလည္းဘရာဇီးအတြက္ကမာၻ႔ဖလားသုံး ႀကိမ္ဆြတ္ခူးရယူေပးထားကာဘရာဇီးတြင္ေဘာလုံးဘုရင္အျဖစ္သတ္မွတ္ျခင္းခံထားရသူျဖစ္ပါတယ္။

ဘရာဇီးေဘာလုံးသမိုင္းတြင္ပီလီၿပီးရင္ဒုတိယဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနတဲ့ပီအက္စ္ဂ်ီတိုက္ စစ္မႉးေနမာဟာဘရာဇီးေဘာလုံးသမိုင္းမွာအေကာင္းဆုံးကစားသမား၁၀ဦးစာရင္းမွာေတာင္မပါဝင္ဘဲအဆင့္ ၁၁ေနရာမွာဘဲရပ္တည္ထားႏိုင္ပါတယ္။

ဘရာဇီးအတြက္ကမာၻ႔ဖလားသုံးႀကိမ္ဆက္ကစားထားတဲ့ကာဖူးကအဆင့္၇ေနရာမွာရပ္တည္ေနၿပီးေရာဘတ္တို ကားလို႔စ္ကအဆင့္၅ေနရာမွာရပ္တည္ေနပါတယ္။

ေဘာလုံးသမိုင္းတြင္အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံရတဲ့အျပင္ကမာၻ႔ဖလားႏွစ္ ႀကိမ္ဆြတ္ခူးထားတဲ့ဂါရင္ခ်ာမွာအဆင့္၁၀ေနရာမွာသာရပ္တည္ထားႏိုင္ပါတယ္။

ဘရာဇီးေဘာလုံးသမိုင္းရဲ႕အေကာင္းဆုံးကစားသမားမ်ားစာရင္းကိုေရာ္နယ္ဒိုကဦးေဆာင္ထားၿပီးသူ႔ေနာက္တြင္ ပီလီ၊ေရာ္နယ္ဒင္ဟို၊ရီဗယ္ဒို၊ေရာဘတ္တိုကားလို႔စ္၊ဆိုကေရးတီး၊ကာဖူး၊႐ိုမာရီယို၊ကာကာ၊ဂါရင္ခ်ာ၊ေနမာ၊ဂ်ာဇင္ဟို၊ဒါနီအဲလ္ဗက္စ္၊မာဆယ္လို၊ဇစ္ကို၊ဂီလ္ဘာတိုေဆးလ္ဗား၊ရာဗီလီႏို၊ဖယ္ကာအို၊ဂ်ိဳနင္ဟို၊ေရာဘတ္တိုဖာမီႏို၊ အက္ဒရီယာႏို၊ဂါဆင္၊ကားလို႔စ္အယ္ဘာတို၊လီယိုနီဒက္စ္၊လူစီယို၊ဒီဒါ၊ဒီနယ္ဆင္၊ဒြန္ဂါ၊ေဒးဗစ္လုဇ္၊ကက္စ္မီ႐ို၊ ေကာ္တင္ဟိုတို႔အသီးသီးရပ္တည္ေနပါတယ္။